<Unicode>
ထာဝရအမှတ်အသားနဲ့ ချုပ်နှောင်ခံထားတယ်ဆိုတဲ့ အကြောင်းအရင်းနှင့်အတူ စစ်လျန်ဟာ အထက်တန်း စာမေးပွဲကြီးဖြေပြီးပြီးချင်းမှာပဲ ကောထက်အရင် လက်ထပ်ပွဲ ကျင်းပလိုက်ရတယ်။
ကြီးကျယ်ခမ်းနားလှတဲ့ စစ်လျန်တို့ လက်ထပ်ပွဲဟာ သတင်းစာခေါင်းစီးပိုင်းနှင့် လူအများရဲ့ ပါးစပ်ဖျားမှာ ထင်ဟပ်နေကြပြီး။
ပွဲပြီးသွားတာတောင် ၂ပတ်လောက်ကြာတာတောင် ယခုထိ weiboပေါ်မှာ ပလူပျံနေဆဲပင်။
မင်္ဂလာပွဲ မကျင်းပခင်အချိန်လေး မိမိ မျက်ရည်တွေနှင့် နှမြောတသ ကြည့်နေတဲ့ ကောကြောင့် ညီအစ်ကိုနှစ်ယောက် ဝမ်းနည်းတကြီး ငိုကြွေးမိကြသေးသည်။
ထိုနောက်မှာတော့ သူကောကို ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်ကြောင့် ကတိအထပ်ထပ်ပေးပြီး ညီအစ်ကိုနှစ်ယောက် ဖက်ကာ နှစ်သိမ့်ကြရသေးသည်။
သေချာတာပေါ့ စစ်လျန်ပစ်လိုက်တဲ့ မင်္ဂလာပန်းစီးကို ပိုင်လန်ဖမ်းမိသွားတာနဲ့ ကောက လူပုံအလည်မှာ ပိုင်လန်ကို ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းသည့် ကြည်နူးဖွယ် အဖြစ်အပျက်ကိုလည်း မေ့ထားခဲ့လို ဘယ်ရမလဲ။
ထိုသို့ ပျံနှံနေတဲ့ သတင်းတွေထဲကမှ စစ်လျန်တို့မင်္ဂလာပွဲဟာ စီးပွားရေးအရ ဟူသော စကားတွေလည်း ထွက်လာခဲ့ကြသေးသည်။
ဘာတဲ့ ထိပ်တန်း Groupနှစ်ခုရဲ့ စီးပွားရေးဆန်ဆန် လက်ထပ်ပွဲတဲ့၊မကြာပါဘူး ထိုသတင်းကို စစ်လျန်တွေ့ပြီးတာနဲ့ နောက်နေ့ အဲ့သတင်းကို weiboပေါ်မှာ အစရှာမရအောင် အကုန်ပျောက်ရှသွားအောင် လုပ်လိုက်တာကတော့ စစ်လျန်ရဲ့ အသစ်စက်စက် အမျိုးသားပင်။
ထိုလူကြီးက စစ်လျန် အဲ့လို သတင်းတွေ တွေ့ပြီး စိတ်ထိခိုက််မည်ကို လျောက်စိုးရိမ်နေတာ စစ်လျန်ကတော့ အဲ့လိုဘေးလူအမြင်တွေ စိတ်မဝင်စားပေ။
နဂိုကထဲက ရှင်းစစ်လျန်ဆိုတဲ့သူက မိသားစုကိုပဲ စိတ်ဝင်စားခဲ့တာ၊အင်း အခုတော့ သူခင်ပွန်းပါ ပါပြီပေါ့။
"honey..."
"ကိုယ့်ရဲ့ honey"
"ဟန်ကတော်ဗျာ့.."

ESTÁS LEYENDO
Candy(U+Z)[Complete]
De Todoလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021