<Unicode>
"ဒီတော့ နှစ်ယောက်က အချင်းချင်း သိနေကြတာပေါ့.."
"မဟုတ်ဘူး.....ဟုတ်တယ်..."
"ဒါဆို ကောနဲ့ ပိုင်လန်က အချင်းချင်း မသိကြဘူးပေါ့..."
"ဟုတ်တယ်.....မဟုတ်ဘူး..."
စစ်လျန် ဒီနှစ်ယောက်ကို မေးရင်း ခေါင်းမူးလာသလိုပင်...
ဘာလည်း တစ်ယောက်က ဟုတ်တယ်လို့ ပြောရင် နောက်တစ်ယောက်က မဟုတ်ဘူးလို့ ငြင်းတယ် ဒီနှစ်ယောက်ကြားမှာ စစ်လျန်ရူးတော့မလိုပဲ ခံစားနေရတယ်....
"ပိစိ ဘာလို့ ကိုယ့်ကို မသိဘူးလို့ ပြောရတာလည်း..."
"ကျွန်တော်တို့က သိလို့လား..."
"ပိစိ..."
"ဘာလည်းလို့..!!"
စစ်လျန် ကောကို အံြသလွန်းလို့ မိသားစုကလွဲရင် တခြားသူဆို မျက်နှာတည်တည်နဲ့ နေတက်တဲ့ ကောက အခု ပိုင်လန်နဲ့ ကလေးလို့ ငြင်းခုံနေကြတယ်တဲ့လေ...
အဲ့ငြင်းခုံရတဲ့ အကြောင်းအရင်းကလည်း ပိုင်လန်က သူ့ကို မသိချင်ယောင် ဆောင်လို့တဲ့လား
အံြသဘ အစကတော့ ရေခဲတုန်း ကောနဲ့ ကြောက်တက်တဲ့ ပိုင်လန်နဲ့ အောင်သွယ်ပေးဖို့ ခက်ခဲမယ်ထင်ခဲ့တာ အခုတော့ ရေခဲတုန်း ကောက စစ်လျန်တောင် ဘာမှမလုပ်ရသေးဘူး သူအလိုလို အရည်ပျော်ကျနေပြီ...
အဲ့လိုဆိုပြီး ကြောက်တက်တဲ့ ပိုင်လန်ကြတော့လည်း အခုကောကို ကြောက်ဖို့နေနေသာသာ ပြန်တောင် ရန်တွေ့နေသေးတယ်....
ဟင်း ကြည့်ရတာ ငါကဘာမှလုပ်စရာမလိုဘူးထင်တယ် အနှေးနှင့်အမြန် သူတို့ ဘာသာ သူတို့ နီးစပ်သွားလိမ့်မယ်....
ကိုယ်ကသာတွေးနေတာ ရှေ့က နှစ်ယောက်က အခုထိ ငြင်းခုံလို့ ကောင်းနေကြတုန်း...
~ဒုန်း..~(ခုံကို ထုသံ.)
"တော်ကြပါတော့ ..!.."
"လျန်အာ.."
"စစ်လျန်..."
"ကောတို့ နှစ်ယောက် တော်ကြပါတော့ ပြီးတော့ ကော ... ကျွန်တော်တို့ နှစ်ယောက်က စာလုပ်မလို အခန်းထဲ ဝင်လာတာ ကောက ဘာဝင်လုပ်တာလည်း..."

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021