Part 36

11.7K 752 19
                                    

<Unicode>

လိုင်းပေါ်မှာ ပျံ့နှံနေတဲ့ သတင်းတွေကြောင့်ပဲ စစ်လျန်တို့ ဆေးရုံက ပြန်ရောက်လာချိန်မှာ အိမ်မှာ မားတို့က အဆင်သင့် စောင့်ဆိုင်းနေခြင်းကို တွေ့လိုက်ရသည်။

"မား!!.."

"honey မပြေးရဘူးလေ ကလေးနဲ့ကို..."

စစ်လျန် ဘေးကနေ ပိုလွန်းတဲ့ လူကြီးအား မျက်စောင်းထိုးလိုက်ကာ မိမိအနား လာနေတဲ့ မားကို ဖက်တွယ်မိလေသည်။

ရွမ်းယု မိမိအား မျက်စောင်းထိုးပြီး စိတ်ဆိုးဟန်ပြသော်လည်း လျန်အာက ပြေးမသွားတော့ပဲ ဖြေးဖြေးချင်း လျှောက်သွားတာကြောင့် ပြုံးမိလေသည်။

သူ့ အချစ်ကလေးက ဆိုးဟန်ပြုသော်လည်း တစ်ကယ့်တစ်ကယ့်တော့ စကားနားထောင်တဲ့ ကလေးလေးပင်။

"တစ်ကယ် ကလေးရှိနေတာလား မားရဲ့ ပေါင်ပေ့လေး"

စစ်လျန် မားရဲ့ အမေးကြောင့် ရှက်ရွံစွာ နှုတ်ခမ်းကိုက်ရင်း ပြန်ဖြေမိလေသည်။

"ဟုတ် မား၊ ကလေးက ၃ပတ်လောက်ရှိပြီတဲ့.."

"အိုး ဒါက မားတို့အတွက် ဂုဏ်ယူစရာပဲ ၊ ဘာလို့ရှက်နေတာလည် လျန်အာရဲ့.."

စစ်လျန် ဘယ်လို လုပ်မရှက်ပဲနေရပါ့မလည်း။

ကလေးက ၃ပတ်လောက်ရှိနေပြီဆိုတော့ အခု သူတို့ လက်ထပ်ထားတာပဲ ၁လပြည့်ပြီလေ ဒီတော့ ကလေးက လက်ထက်ပြီးပြီးချင်း နောက်အပတ် ရတယ်လို့ ဆိုလိုနေတာပဲ မဟုတ်လား။

ဒါ့ကိုတောင် သူက မားကို ကလေးယူဖို့က စောသေးတယ်လို့ ပြောခဲ့မိသေးတယ်။

"မားကလည်း.."

"ကဲ့ပါ မားပြောမယ် အခု ကိုယ်ဝန်က လနုသေးတော့ လျန်အာ အထူးဂရုစိုက်ရမယ်နော် "

"ဟုတ်ကဲ့.."

ထိုချိန် စစ်လျန်တို့ စကားဝိုင်းထဲ ဝင်လာတဲ့ ကောအသံ...

"ဒါဆို ရွမ်းယုကရော ဘာဖြစ်တာတဲ့လည်း"

သိချင်စိတ်အပြည့်နှင့် မေးတဲ့ ကောရဲ့ မေးခွန်းကို မိမိယောကျာ်းက ကြွားဝါမှု့ အပြည့်နှင့် ပြန်ဖြေလေသည်။

Candy(U+Z)[Complete]Where stories live. Discover now