<Unicode>
"ငါ..ငါလည်း သေချာနားမလည်ဘူး အဲ့လို အချစ်အကြောင်းတွေ.."
"စစ်လျန်...."
"ငါတစ်ကယ် နားမလည် ဒါ့ကြောင့် မင်းကိုမေးရတာ.."
"ငါလည်း အခုအခြေအနေမှာ ငါ့စိတ်ကို ငါ မသဲကွဲသေးဘူး ဒါ့ကြောင့် ငါလည်း မင်းကိုမေးရတာ စစ်လျန် မင်းသိမယ်ထင်လို့..."
"ဒါနဲ့ ပိုင်လန် မင်းက ဘာလို့ အချစ်အကြောင်း မေးရတာလည်း မင်းချစ်ရမဲ့သူ တွေ့နေပြီလား.."
စစ်လျန် ပိုင်လန် အချစ်အကြောင်း မေးတာနဲ့ အရင်ဆုံးစဥ်းစားမိတာက ကောပေ ဒါဆို အခု ပိုင်လန်က အချစ်အကြောင်း မေးနေပြီဆို သူကောကို ချစ်နေပြီလား...
"ဟို...ဟို ဒီလိုပါပဲ သိချင်လို့..ဒါနဲ့ ဒါဆို မင်းကရော စစ်လျန် မင်းကရော ဘာလို့ အဲ့လို အကြောင်းမေးရတာလည်း.."
စစ်လျန် သူများကို မေးကာမှ မိမိပြန်တိုင်ပတ်သလို ဖြစ်သွားတဲ့ အခြေအနေကြောင့်..
"ဟို ငါလည်း သိချင်လို့ပါ ဒီတိုင်း သိချင်ယုံပဲ.."
"အော်..."
စစ်လျန် ပိုင်လန် ဆက်မပေးတော့မှ သက်ပျင်းချကာ စိတ်အေးရလေသည်...
ေနာက်ဆုံးေတာ့နှစ်ယောက်လုံး လိုချင်တဲ့ အဖြေကို မသိတော့ သက်ပျင်းချယုံကလွဲရင် ဘာမှမရှိပေ...
"ဟင်းးး."
"ဟင်းးး
ဒီလိုနဲ့ပဲ စစ်လျန်နဲ့ ပိုင်လန်တို့ ညနေကျောင်းဆင်းချိန် ရောက်တော့ ခါတိုင်း လာကြိုနေကျ အိမ်က Driver နေရာမှာ ကော ကားက အစားထိုးနေလေသည်...
စစ်လျန်ကတော့ ကောကို တွေ့တာနဲ့ စိတ်ညစ်နေတာတွေ ပြေသွားပြီ ကော ရှိရာကို အမြန် ပြေးသွားကာ ပိုင်လန်ကတော့ စစ်လျန်ရဲ့ ကောကို တွေတာနဲ့ ရှက်ကာ နှုတ်ခမ်းကို ဖိကိုက်မိလေသည်...
"ကော..ကောက ဒီလို ဘယ်လိုလုပ် ရောက်လာတာလည်း.."
"အင်း ဒီနေ့ company ကအပြန် လမ်းကြုံလို့လေ အဲ့တာ လျန်အာတို့ကို လာကြိုတာ.."

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021