<Unicode>
ထူးဆန်းတဲ့ ပတ်ဝန်းကျင်နဲ့ တစ်ခါမှမမြင်ဖူးတဲ့ လူတွေ.......
ဘယ်အရာကိုမှ ဆုပ်ကိုင်ခြင်းမပြုနိုင်တဲ့ လက်အနေအထားတွေကြောင့် သူ ဘယ်နေရာကို ရောက်ရှိနေလည်း ဆိုတာ နားလည်သွားရသည်.....
အိမ်မက််.......
မရေရာတဲ့ သူစိတ်အခြေအနေတွေနဲ့ ထူးဆန်းတဲ့ အိမ်မက်တစ်ခုစီကို စစ်လျန် ရောက်လာခဲ့ရပြန်ပြီ......
အင်း ပတ်ဝန်းကျင်ကို သေချာကြည့်မိတော့ အရှေ့နှစ်ခေါက်တုန်းကနဲ့ မတူတဲ့နေရာ....
ရှင်းလင်းနေတဲ့ ပန်းခြံကြီးတစ်ခုနဲ့ လှုပ်ရှားနေတဲ့ အရိပ်နှစ်ခု.....
ထိုအရိပ်တွေနား ပိုပိုနိုးကပ်လာလေ စစ်လျန်ရဲ့ နားထဲ တိုးဝင်လာတဲ့ အသံတွေ......
"တော်ပါတော့ ကျွန်တော့်ကို တစ်ယောက်ထဲ လွှတ်ထားပေးလို့ ရနိုင်မလား..."
"ဘာအတွက်လည်း သူကမင်းကိုမှ ပြန်မချစ်တာ မဟုတ်ဘူး မင်းသူ့အပေါ် ဘယ်လိုခံစားနေရလဲ ဆိုတာ သိနေတာတောင် သူဘက်ကအဖက်တောင်မလုပ်ဘူးလေ......."
ဘာတွေလည်း ဘယ်သူကဘယ်သူကို ချစ်နေတာလည်း ပြီးတော့ ဒီလူနှစ်ယောက်ကရော ဘယ်သူတွေလည်း....
မျက်နှာကို မမြင်ရသေးတဲ့ အနေထားကြောင့် အရှေ့ကို ပိုတိုးမိတော့...
"ဟန်ရွမ်းယု ခမ်ဗျား တော်လိုက်တော့..."
ဟန်ရွမ်းယု...ဟန်ရွမ်းယု စစ်လျန် ထိုနာမည်ကို ရင်းရင်းနှီးနှီး သိရှိနေသည် သို့သော် ဘယ်နေရာမှာမှန်းမသိ.....
"ကိုယ်မတော်နိုင်ဘူး ....."
"ခမ်ဗျား ပါးစပ်ကို ပိတ်ထားလိုက်တော့ အမြဲတမ်းလည်း ပြောခဲ့ဖူးတဲ့ စကားဆိုပေမဲ့ နောက်တစ်ခါ သိအောင်ထပ်ပြောလိုက်မယ် ခမ်ဗျားကို ကျွန်တော်က ဘယ်တုန်းကမှ ချစ်လာမှာ မဟုတ်သလို ခမ်ဗျား အပိုင်လည်း ဘယ်တော့မှ ဖြစ်လာမှ မဟုတ်ဘူး...."
"ကိုယ် တခြားဘာမှမတောင်းဆိုပါဘူးကွာ ဒီတိုင်း မင်းသူကို အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သလိုမျိုး......
YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021