Part 25

11.4K 857 15
                                    

<Unicode>

စစ်လျန် သုံးလေးရက်လောက် pheromoneတွေ မတည်ငြိမ်တာက သက်သာသွားတာနဲ့ နေ့တိုင်းသူကို လာကြည့်ပေးနေတဲ့ ပိုင်လန်အားခေါ်ကာ သူအိမ်ထဲမှာနေတဲ့ ရက်အတောအတွင်း သူ့အားဒုက္ခပေးခဲ့တဲ့ တစ်စုံတစ်ယောက် အကြောင်းမေးရလေသည်..,

"ကျန်းရန်ဝေ့ ဘာဖြစ်သွားလဲ ပိုင်လန်.."

"အာ...စစ်လျန် အဲ့တာကလေ.."

"ငါကိုလိမ်ဖို့ မစဥ်းစားနဲ့ပိုင်လန်.."

"ငါ...ငါလည်းသေချာတော့ မသိဘူး၊မင်းချစ်သူနဲ့လူကြီးပြောနေတာကတော့ သေတာထက်ဆိုးအောင်လုပ်မယ်တဲ့ အဲ့လိုနဲ့မင်းမေ့နေတုန်းမှ သူတို့နှစ်ယောက် အိမ်ကထွက်သွားတာပဲ ....."

"ငါစိတ်ထင် အဲ့လောက်နဲ့ မပြီးလောက်ဘူး၊
ကျန်သေးတယ်မဟုတ်လား.....ဘာလည်း"

"ဟို ‌ေနာက်‌ေန့ကျတော့ မြို့ထဲမှာပျံ့နေတဲ့သတင်းတွေက ကျန်းရန်ဝေ့ အရိုးတွေကျိုးကြေအောင်ရိုက်ခံလိုက်ရပြီး လမ်းမလျှောက်နိုင်တော့လို နိုင်ငံခြားမှာဆေးသွားကုဖို့ ကျန်းသခင်ကြီးတို့နဲ့အတူ နိုင်ငံခြားကိုထွက်သွားပြီတဲ့၊သေချာတာက ပြန်လာဖို့မသေချာဘူးတဲ့"

စစ်လျန် ထင်တော့ထင်မိသား အခုထိ အိမ်ကလူတွေ တရားဆွဲဖို့အကြောင်းမပြောသေးတော့ တစ်ခုခုတော့ ဖြစ်နေပြီလို ထင်တော့ထင်မိသားပဲ

အဟင်း ဒီတော့ ကျန်းရန်ဝေ့က ဒီနိုင်ငံမှာမရှိတော့ဘူးလို့ ဆိုလိုတာပေါ့....

ကျန်းရန်ဝေ့...အဟက် စစ်လျန်ရဲ့ ၁၀နှစ်ကြာ အသက်နဲ့ရင်းပြီတောင် ချစ်ခဲ့ရတဲ့ အချစ်ဦး.....

၁၀နှစ်ကြာ သူတစ်ယောက်ထဲကို အရူးလိုချစ်ခဲ့ရတာတောင် ကားတိုက်ခံရမဲ့ သူ့ကိုအသက်နဲ့လဲ ကာကွယ်ပေးခဲ့တာတောင် တစ်ချက်လေးတောင် ပြန်ငဲ့မကြည့်ခဲ့တဲ့သူ

သူအားလုံးကို ပြန်မှတ်မိလာခဲ့ပြီ၊အရာအားလုံးကိုပေါ့.....

သူသေဆုံးရခြင်းအကြောင်းတွေ၊သေဆုံးပြီးနောက် အမျိုးသမီးတစ်ယောက်ကြောင့် အရာအားလုံးကို ပြန်ပြင်ဆင်ခွင့် ရရှိခဲ့သလို  ၁၀နှစ်ကြာ သူခံစားရတဲ့ ခံစားချက်တွေက တစ်ကယ်အစစ်အမှန် မဟုတ်ဘူးဆိုတာ.,,

Candy(U+Z)[Complete]Where stories live. Discover now