Part 41⚠️

13.7K 691 6
                                    

<Unicode>

"မိသားစုတွေ သေချာဂရုစိုက်ပြန်ကြနော်"

"ဟုတ်ကဲ့ပါ မားရဲ့..."

"အင်း မားက စိတ်ပူလိုပါ"

"လျန်အာသိပါပြီ "

စစ်လျန် မားကိုပြောရင်း မိမိရင်ခွင်ထဲက ဖရဲသီးလေးရဲ့ လက်ဖဝါးသေးသေးလေးကို အုပ်မိုးကိုင်ရင်း တာတာပြဟန်ဖြင့်...

"ဒါဆို ကွမ်းကွမ်းတို့ပြန်တော့မယ်လို့ နိုင်နိုင်းကိ နှုတ်ဆက်လိုက်ပါဦး ကွမ်းကွမ်းလေး"

သွားမပေါက်သေးတာကြောင့် သွားဖုံးလေးပေါ်အောင် ချစ်စရာကောင်းစွာ ရယ်ပြလာတဲ့ ဖရဲသီးလေးရဲ့ ပါးပြင်အိအိကို မားက နှစ်ဝင်အောင်နမ်းရင်း...

"ကောင်းပါပြီရှင့် နိုင်နိုင်းရဲ့ကွမ်းကွမ်းလေး"

"မားဒါဆို လျန်အာတို့ သွားတော့မယ်"

"အင်းပါကွယ်"

မားကို နှုတ်ဆက်ပြီးတာနဲ့ စစ်လျန်တို့ လိုက်ပါစီးနင်းလာတဲ့ ကားလေးဟာ ရှင်းအိမ်တော်ထဲမှ ထွက်ခွာလာလေသည်။

စစ်လျန် ကားထဲရောက်တာနဲ့ မိမိအား ဆွဲဖက်ကာ ရင်ခွင်ထဲမှီစေတဲ့ Darlingအလိုကျ ရင်ခွင်ကျယ်ကြီးထဲ ခေါင်းမှီနေရင်း မိမိရင်ခွင်ထဲမှ ဖရဲသီးလေးအား ပြုံးကာ ငုံ့မိုးကြည့်နေမိသည်။

နူးညံတဲ့အသားလေးက ထိရက်စရာတောင်မရှိလောက်အောင် နူးညံ့လွန်းတာကြောင့် လက်ဖဝါးသေးသေးလေးကို ဖွဖွလေးထိတွေ့တော့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ဖရဲသီးလေးက စစ်လျန်အား ပြန်လည်ငေးမောလာလေသည်။

"ပင်ပန်းနေပြီလား honey"

"ဟင့်အင်း သိပ်မပင်ပန်းပါဘူး၊ ဒါနဲ့ တော်သေးတာပေါ့ ဖရဲသီးလေးက ဒီနေ့ သိပ်ဂျီမကျလို့"

"honeyသားက သူ့သိတက်တယ်လေ သူ့ပါးပါး ပင်ပန်းမှာ စိုးလိုဒီနေ့ မဆိုးတာနေမှာပေါ့.......ဟုတ်တယ်မှလား Daddy ဖရဲသီး"

စစ်လျန် မိမိအား ပြောရင်း ဖရဲသီးလေးရဲ့ ပါးအား ဖျစ်ညစ်ရင်း စနောက်နေတဲ့ Darlingကြောင့် ရယ်ယုံသာတက်နိုင်လေသည်။

Candy(U+Z)[Complete]Where stories live. Discover now