Part 23

11.5K 838 22
                                    

<Unicode>

"ဟုတ်တယ် honeyပြောသလို ဒီတစ်ခေါက်တော့ စစ်ချင်မှားတယ်.."

"ဟုတ်တယ်မှလား ခမ်ဗျားလည်းကျွန်တော့်လိုပဲ ထင်တယ်မဟုတ်လား.."

ပိုင်လန်နဲ့ကောတို့တော့ ပြန်တည့်လားမတည့်လားတော့မသိဘူး။

စစ်လျန်နဲ့ထိုလူကြီးကတော့ တစ်လမ်းလုံးဆွေးနွေးလာတာ အခု ထမင်းစားခန်းမှာ အဲ့ကြီးနဲ့ကြက်ကင် စားနေတဲ့အထိပင်...

စစ်လျန် ထိုလူကြီခွံကျွေးတဲ့ ကြက်သားဖတ်ကို ဝါးနေရင်း သူအပြောကို ထောက်ခံတဲ့ လူကြီကြောင့် ခေါင်းတဆတ်ဆတ်ညိတ်ကာ နားထောင်နေမိသည်..

"စစ်ချင် နေရာမှာ ကိုယ်သာဆို လျန်အာ စက်ဘီးစီချင်တယ်ဆို စီးခိုင်းလိုက်မှာပဲ.."

"ဒါပေမဲ့ ကောက ပိုင်လန်ကို စိတ်ပူလို့အဲ့လိုပြောတာလေ..အကယ်၍ အဲ့နေရာမှာ ခမ်ဗျားသာဆိုရင်ရော ကျွန်တော်က ကျောင်းကို အဲ့လို စက်ဘီနဲ့သွားမယ်ဆို ဘယ်လိုလုပ်မလဲ ဒီတိုင်းခွင့်ပြုလိုက်မှာလား.."

"ဒါ့ပေါ့ လျန်အာသာ အဲ့လိုလုပ်ချင်ရင် ကိုယ်က ခွင့်မပြုနိုင်စရာ ဘာအကြောင်းရှိလည်း.."

စစ်လျန် ထိုလူကြီးစကားကြောင့် မျက်မှောင်ကုတ်မိသွားသည်..

ဒီတော့ ငါသာအဲ့လိုဖြစ်ချင်တယ်ဆို ငါကိုဒီတိုင်းလွှတ်ပေးမယ်ပေါ့ စိတ်တောင်မပူဘူးလား...

"ကျွန်တော်က တစ်ယောက်ထဲသွားရမှာလေ စိတ်တောင်မပူဘူးလား."

"ဘာပူစရာလိုလည်း လျန်အာစက်ဘီးစီးရင် ဘေးက ကိုယ်ပါ စက်ဘီးလိုက်စီးပြီး လျန်အာနဲ့တူတူ သွားမှာပေါ့ ကိုယ်တစ်ယောက်လုံးရှိနေတာ ကိုယ်ကလျန်အာကို တစ်ယောက်ထဲ လွှတ်ထားစရာလား......အာဟပါဦး.."

"အွန်း...."

စစ်လျန် ထိုလူကြီးခွံ့ကျွေးတာကို စားရင်း...

"ဟုတ်သားပဲနော် ကောကစိတ်မချရင် ပိုင်လန်နဲ့ တူတူသွားလို့ရတာပဲကို.."

"အင်း....အအေးသောက်ဦးမလားလျန်အာ.."

"ဟုတ် ဒါနဲ့နည်းနည်းအီလာသလိုပဲ..."

Candy(U+Z)[Complete]Where stories live. Discover now