Part 19

11.5K 898 18
                                    

<Unicode>

အေးခြမ်းတဲ့ အရိပ်အငွေ့တွေနဲ့ Coffee ဆိုင်လေး။

ထို coffeeဆိုင်လေးထဲမှာ ငြိမ်သက်နေကြတဲ့ လူနှစ်ယောက်....

"ကိုယ်မင်းကိုချစ်တယ်.."

"ဒီအပ်ကြောင်းထပ်အောင် ပြောနေရတဲ့ အကြောင်းတွေ ကြာတော့ ကျွန်တော် စိတ်ကုန်လာပြီ၊ခမ်ဗျားကို ပြောပေါင်းများနေပြီ ကျွန်တော်မှာ ချစ်ရတဲ့သူရှိတယ်၊ပြီးတော့ အဲ့လူကိုလည်း ခမ်ဗျားသိရဲ့သားနဲ့"

"ဒါပေမဲ့ သူကမင်းကို မချစ်ဘူးလေ၊သူက လေလို မင်းအချစ်တွေကို မသိချင်ယောင်ဆောင်နေတဲ့အချိန်၊ကိုယ်ကတော့ အရိပ်တကြည့်ကြည့်နဲ့ မင်းအချစ်ကို စောင့်မျှော်နေခဲ့ရတာကရော.."

"ကျွန်တော် ခမ်ဗျားကိုပြောဖူးလား၊ကျွန်တော်ကို ချစ်ပါလို့"

"စစ်လျန်.."

"ကျွန်တော့်ဘက်က တစ်ခါမှ ခမ်ဗျားကို ကြိုးရှည်ရှည်နဲ့ လှန်းထားတာမျိုးမရှိခဲ့သလို၊ခမ်ဗျားကို ဘာမျှော်လင့်ချက်မှာလည်း မပေးခဲ့ဖူးဘူးဆိုတာ၊ခမ်ဗျားအသိဆုံးပါ ဟန်ရွမ်းယု..."

"ဘာလို့ ကိုယ်မဟုတ်ရတာလည်း.."

"......."

"ဒီလောက်နှစ်တွေ ကြာတာတောင် မင်းရင်ထဲမှာ နေရာယူထားတဲ့လူက ဘာကြောင့် ကိုယ်မဟုတ်ပဲ ကျန်းရန်‌ေဝ့ဆိုတဲ့ အကောင်ဖြစ်နေရတာလည်း..."

"အစကထဲက ကျွန်တော်နှလုံးသားက ခမ်ဗျားအတွက် ရှင်သန်နေခဲ့တာမဟုတ်ဘူး၊ကျွန်တော်နှလုံးသားက သူအတွက်ပဲ၊ သူတစ်ယောက်ထဲအတွက်ပဲ ရှင်သန်နေခဲ့တာ.."

"ဒါဆို မင်းရဲ့နှလုံးသား ကိုယ့်အတွက်ရှင်သန်လာဖို့ ကိုယ်သေပေးရင် ရမလား.."

"ခမ်ဗျားရူးနေလား.."

"တစ်ကယ်လည်း ကိုယ်ရူးနေတာပဲလေ၊မင်းက ကိုယ့်ကို ပြန်မချစ်နိုင်မှတော့ သေသွားလည်း ကောင်းတာပဲမဟုတ်လား.."

"အဲ့အတွက် ကျွန်တော်မှာ အဖြေမရှိဘူး၊ခမ်ဗျား အဲ့လိုအကြပ်ကိုင်နေလည်း အဟင်း ရှင်းရှင်း ပြောရရင် ခမ်ဗျား သေသွားတောင် ကျွန်တော်ကတော့ ချစ်လာနိုင်မှာမဟုတ်ဘူး..."

Candy(U+Z)[Complete]Where stories live. Discover now