Extra (2)

6.6K 401 8
                                    

<Unicode>

"ညနေကြရင်တော့ ကလေးတွေကို ကျွန်တော်ပဲ သွားကြိုလိုက််တော့မယ်နော်"

နက်ကတိုင်ချည်နှောင်ပေးနေရင်းပြောသည့် honey၏ စကားကို ရွမ်းယုက နားလည်သည့်ဟန် ခေါင်းညိတ်၍ သွယ်လျှသောခါးလေးအား ဖက်တွယ်ကာ လည်တိုင်ကျော့ကျော့ထံ ခေါင်းအပ်လေသည်။

စစ်လျန်က Darling၏ အပြုအမူကြောင့် မတတ်သာဟန် ရယ်မောလိုက်ရင်း ရွမ်းယု၏ကျောပြင်အား ပြန်လည်ဖက််တွယ်လိုက််သည်။

ရွမ်းယုက honey၏ တခစ်ခစ်ရယ်မောနေသော မျက်နှာလေးကို နူးညံ့စွာငေးကြည့်ရင်း........

"ချစ်တယ်"

စစ်လျန်က Darling၏ စကားကြောင့် ရုတ်တရတ် အထူးအဆန်းဖြစ်သွားပေမဲ့ ခင်ပွန်းသည်၏ အကြောင်းကို သိနေပြီဖြစ်တာမို့....

"ကျွန်တော်လည်း ချစ်တယ်နော် "

ရွမ်းယုက honey၏ စကားကြောင့် လည်တိုင်ကျော့ကျော့လေးမှ ဆွဲယူရင်း နမ်းရှိုက််မည်အပြု ဂျောက်ခနဲ တံခါးဖွင့်သံနှင့်အတူ........

"arrr ယွီယွီ ဘာမှမမြင်ဘူးနော် ...နော် ကောကော"

"ဟုတ်တယ် ဟုတ်တယ်"

ဟုသော အမြွှာနှစ်ယောက်၏ ချစ်စဖွယ် အသံဆာဆာလေးကို ကြားလိုက်ရသည်။

စစ်လျန်က အခန်းတံခါးဝမှာ မျက်နှာအား လက်ဖဝါးသေးသေးလေးဖြင့် ကာလျက် အတိုင်အဖောက်ညီနေတဲ့ ကလေးနှစ်ယောက်၏ ပါးပြင်လေးများအား နှာခေါင်းနစ်ဝင်မတတ်နမ်းရှိုက််လိုက်သည်။

Darlingက သားကိုပွေ့ချီလိုက်ရင်း....

"တစ်ယောက်ယောက် အခန်းကို မဝင်ခင်မှာ တံခါးခေါက်ရမယ်လို့ Daddyပြောထားတယ်လေ သစ်တော်သီးလေးတွေ"

Darlingကပြောရင်း ယုထျန်းလေးအား ယားအောင် ကလိထိုးရင်း စနောက််နေတာမို့ အနေတည်သည့် ယုထျန်းလေးက တခစ်ခစ်ရယ်မောနေလေသည်။

စစ်လျန်က သားဖြစ်သူနှင့် ခင်ပွန်းသည်၏ စနောက််နေမှု့ကြောင့် စိတ်သက််သာရာ ရသွားခဲ့သည်။

ဘယ်လောက်ပဲ အနေတည်ပါစေ ကလေးက ကလေးပင်မဟုတ်ပါလား။

ဒါကြောင့် ငယ်ရွယ်စဥ်မှာ ဖခင်ရဲ့ ချစ်ခင်မြတ်နိုးမှု့နှင့် လက်ပွန်းတတီး နေချင်ကြမှာပဲလေ။

Candy(U+Z)[Complete]Where stories live. Discover now