Part 7

12.9K 1.1K 87
                                    

<Unicode>


ဟိုလိမ့်ဒီလိမ့်နဲ့ တစ်ညလုံး စစ်လျန် လုံးဝကို အိပ်မပျော်ပေ...

ပွဲက အလောတကြီးပြန်လာပြီး ကောတို့က တစ်ကယ်ခေါင်းမူးနေတယ်ထင်ပြီး အကျိုးအကြောင်း မေးတာကြောင့် အဆင်ပြေတယ်ဟုသာ ကြည့်ကောင်းသလို ပြောလိုက်ရသော်လည်း စိတ်ထဲမှာတော့ ပွဲက အဖြစ်အပျက်ကို တွေးတိုင်း တနုံ့နုံ့နဲ့ပင်..

အဲ့ရဲတင်းလွန်းတဲ့ လူအကြောင်းတွေးတိုင်း ဒေါသထွက်ရသည်

ဒီတိုင်းဆို အဲ့လူ စစ်လျန်ကို အဲ့လိုနမ်းဖို့ နေနေသာသာ အနားတောင်ကပ်နိုင်မှာ မဟုတ်ဘူး အခုတော့ အဲ့Pheromoneကြောင့်....

Pheromone ကိုသုံးပြီး စစ်လျန်ကို ဖိအားပေးခဲ့လို ဒီလိုမျိုးတွေ ဖြစ်ကုန်တာ ကျစ် တစ်ခြား Alpha Pheromone တွေကို ခံနိုင်ရည် ရှိတဲ့ စစ်လျန်က အဲ့လူရဲ့ Pheromone ကျမှ မရုန်းနိုင်ရတာ အားး တွေးတိုင်း ဒေါသထွက်လိုက်တာ....

---------------

"စစ်လျန် အဆင်ပြေရဲ့လား..."

ကျောင်းရောက်တာတောင် စစ်လျန် ထိုအကြောင်းကို ပြန်တွေးတိုင်း ဒေါသထွက်နေတုန်း ဘေးနားက ပိုင်လန်ထံမှ စကားသံ...

"ဘာကိုလည်း..."

"မင်းကြည့်ရတာ တစ်ခုခုကို ဒေါသထွက်နေသလိုပဲ.."

"ဒီလိုပါပဲ စိတ်တိုစရာတစ်ခု တွေးမိလိုက်လို့..."

"အင်းပါ ဒါနဲ့ မင်းဒီနေ့ နေလည် အားကစားကွင်းကို သွားမှာလား.."

အာ ဟုတ်သားပဲ သူတို့ ဒုတိယနှစ်တွေ အားကစား ပြိုင်ပွဲတွေ လုပ်နေပြီပဲ...

"မသွားဘူး မင်းရော.."

"ငါလည်း မသွားဘူး အိမ်ကိုပဲ ပြန်တော့မယ် စာတွေ လုပ်စရာရှိသေးတယ် ပြီး‌ေတာ ့လပတ်စာမေးပွဲက နီးလာပြီ..."

စစ်လျန်နဲ့ ပိုင်လန်ဟာ စရိုက်သာမတူတာ ကျန်တာတော်တော်များများတူကြသည် စစ်လျန်ဟာ လူများတဲ့ ပွဲတွေ သွားရတာ မကြိုက်သလို ပိုင်လန်ကလည်း စာပဲသိ‌ေတာ ့ထိုသို ပွဲတွေ စိတ်မဝင်စားတက်ပေ...

Candy(U+Z)[Complete]Donde viven las historias. Descúbrelo ahora