<Unicode>
စစ်ချင် လျန်အာနဲ့အတူ အပေါ်ထပ်ကနေ ဆင်းလာတဲ့ ရွမ်းယုကြောင့် အံြသသွား
ရလေသည်.....စစ်ချင်နည်းတူ ပါးကလည်း အံြသနေပုံ ထိုသိုသူတို့သာ အံြသနေပေမဲ့ မားကတော့ အေးအေးဆေးဆေးပေ.....
သာမာန်ဆိုမိသားစုတွေ ညစာစားချိန် စနောက်နေကြပေမဲ့ အခုရွမ်းယု ထမင်းစားပွဲမှာထိုင်နေတော့ သာမာန် မေးထူးခေါ်ပြော လောက်သာ ပြောဆိုကြလေသည်..
တိတ်ဆိတ်နေတဲ့ ဧည့်ခန်းနှင့် တစ်ယောက်ကိုတစ်ယောက် တစ်ချက်တစ်ချက် အကြည့်ချင်းဆုံနေကြတဲ့ လူနှစ်ယောက်..
ထိုလူနှစ်ယောက်ကို မသိမသာ အကဲခတ်နေကြတဲ့ လူသုံးယောက်...
"ဥက္ကဋ္ဌဟန်က ဦးတို့အိမ်ကို ဘာကိစ္စနဲ့များ.."
ရွမ်းယု သူအားသိချင်သည့်အကြောင်အရင်အား မေးမြန်းနေသည် လျန်အာအဖေကြောင့် မျက်နှာချင်းဆိုင်က လျန်အာလှမ်းကြည့်တော့....
လျန်အာဟာ သူကိုပြုံးလျှက်ပင် သူမထင်ထားတဲ့ ကိစ္စတစ်ခုကို ပြုလုပ်လေသည်...
"သားနဲ့ဟန်ကောနဲ့ ချစ်သူတွေဖြစ်နေကြပါတယ် ပါး..."
မိဘတွေအရှေ့မှာမို့ တရိုတသေ ခေါ်ဝေါ်တဲ့ နာမည်...
"လျန်အာ..!!"
စစ်ချင် ပွင့်လင်းလွန်းတဲ့ မိမိရဲ့ညီငယ်လေးကြောင့် အံြသရလေသည်...
ပါးအား ပြုံးလျှက်ပြောရဲတဲ့ လျန်အာရဲ့ သတ္တိဟာ မခေပေ...
စစ်ချင် ပါးကိုအလန့်တကြား ကြည့်မိတော့ ပါးက လက်ဖက်ရည်ကြမ်းကို ဖြေးဖြေးချင်းမှုတ်နေပြီး ဘာတစ်ခုပြန်မတုံပြန်ပေ..
မားကိုကြည့်တော့လည်း သိပြီးသား ကိစ္စတစ်ခုလို ပါးအတွက် လက်ဖက်ရည်ကြမ်းကိုသာ ငဲ့ပေးနေလေသည်....
ဒီတော့ ပါးကရိပ်မိနေပြီး မားကသိနေပြီးသားကို မသိသေးတာ သူတစ်ယောက်ပဲရှိသေးတယ်လို့ ဆိုလိုတာလား...
ထိုချိန် ဘာစကားမှမပြောပဲ ငြိမ်နေတဲ့ ပါးထံမှ.....
"လျန်အာ ကိုယ်တိုင်ရွေးချယ်ပြီးပြီဆိုမှတော့ ပါးတို့က လျန်အာရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပေးရမှာပေါ့...."

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021