Part 9

12.3K 1K 11
                                    

<Unicode>

"စစ်လျန် တစ်ကယ် အဆင်ပြေရဲ့လား..."

"ရတယ် ငါအဆင်ပြေတယ်...."

စစ်လျန် မနေ့ညက ဟိုလူနဲ့ phပြောပြီး နောက်ပိုင်း ပေါက်ကရတွေ ဇွတ်တွေးနေတဲ့ သူစိတ်တွေကြောင့် အိပ်လို့လည်း မရတော့တာနဲ့ တစ်ညလုံး သင်ထားတဲ့ စာတွေအကုန် အစကနေ ပြန်ကြည့်နေလိုက်တာ
မနက် မား သူကိုခါတိုင်း လာနိုးနေကျအချိန်အထိပဲ.....

အခု အဲ့လို တစ်ညလုံး မအိပ်ထားတဲ့ အကျိုးဆက်က စစ်လျန် မျက်စိတွေ ဝေဝါးကာ ခေါင်းကို တူနဲ့ ထုထားသလို ကိုက်ခဲကာ မူး‌ေဝနေခြင်းပင်....

ခါတိုင်း စကားများနေတဲ့ ပိုင်လန်တောင် ဒီနေ့ ဘာစကားတစ်ခွန်းမှ မပြောပဲ သူ့ဘေးမှာ ငြိမ်ငြိမ်လေး ပါးစပ်ပိတ်ကာ သူကို ကြည့်နေခြင်းပင်....

"ငါ ခေါင်းမူးနေတယ် နောက်တစ်ဘာသာ မတက်နိုင်တော့ဘူး..."

စစ်လျန်ပြောပြီး အခန်းထဲက ထွက်လာတော့ ပိုင်လန်က သူ့ဘေးကနေ ပြေးလိုက်လာကာ...

"စစ်လျန် ခေါင်းအရမ်းမူးနေရင် ငါတို့ ကျောင်းဆေးခန်း သွားရအောင် အဲ့မှာဆို မင်းအဆင်ပြေလောက်မယ်ထင်တယ်..."

"မလိုဘူး ရတယ်..."

ဘေးက ပြောမရတော့ သူကိုအရိပ်တကြည့်ကြည့် ကြည့်နေတဲ့ ပိုင်လန်စေတနာကို သိပေမဲ့လည်း စစ်လျန် ကျောင်းဆေးခန်း မသွားချင်ပါ ကျောင်းဆေးခန်းသွားမဲ့အစား အခုချိန် သူလိုနေတာက အေးအေးဆေးဆေး အနားယူလို့ ရမဲ့တစ်နေရာ သို့သော် ထိုသို့တွေးနေရင်း
တဖြေးဖြေးနဲ့ သူခေါင်းက ပိုမူးလာတော့ လမ်းသွားနေရင်းနဲ့ပင် ယိုင်ကျလာရသည်...

ပိုင်လန် ရုတ်တရတ် ယိုက်ကျလာတဲ့ စစ်လျန်ကို ထိန်းရင်း ....

"စစ်လျန် ငါအထင် ငါတို့ ကျောင်းဆေးခန်းသွားမှ ဖြစ်မယ်တယ် ....."

ပြောလည်းပြော ပိုင်လန်ဟာ စစ်လျန်ကို ကျောင်းဆေးခန်း ရှိရာကို ခေါ်သွားနေပြီ ဖြစ်သည်

စစ်လျန် ပိုင်လန်ကို တားချင်ပေမဲ့လည်း သူအခြေအနေက တစ်ကယ်လည်း အဆင်မပြေတော့တာကြောင့် ပိုင်လန် ပြောတာကိုသာ လက်ခံရတော့သည်....

Candy(U+Z)[Complete]Where stories live. Discover now