Part 49

8.6K 550 6
                                    

<Unicode>

"honey..."

"ဖရဲသီးလေး ပါးပါးပြောထားတယ်လေ သား ပါးပါးကို အဲလိုမခေါ်ရဘူး"

စစ်လျန်စကားကို babyကွမ်းကွမ်းက အသေအချာကို ငြင်းဆန်သည့် အနေနဲ့ honeyဟုပင် ထပ်မံခေါ်ဆိုလေသည်။

စစ်လျန်၏ သူ၏သားဖြစ်သူထံမှ ခေါ်သံကြောင့် ခေါင်းပင်ကိုက်လာသလို ခံစားနေရသည်။

ထိုအကြောင်းတွေကို တွေးရင်းသူဟာ တရားခံဖြစ်သူ Darlingအား တိတ်တဆိတ် မေတ္တာပို့လိုက််မိသည်။

ဒါတွေအားလုံးဟာ Darlingကြောင့်ပင်။

တနေ့တခြားကြီးပြင်းလာတဲ့ babyကွမ်းကွမ်းလေးဟာ ပတ်ဝန်းကျင်က စကားလုံးတွေကို သူ့ဘာသာနားထောင်ပြီး သင်ယူတက်နေပြီဖြစ်သည်။

အဲလိုသားက အတက်လွယ်နေတာကို Darlingကသားရှေ့လည်းမရှောင် honeyဟုပင် လိုက်လံခေါ်ဝေါ်နေတာကြောင့် အခု့လို သားက သူ့Daddyခေါ်တာကို နားထောင်ပြီး ထိုစကားကို မှတ်ထားကာ သူ့အား ပါးပါးဟု ခေါ်ရမည့်အစား honeyဟုပင် ခေါ်ဝေါ်နေလေပြီ။

"honey.....honey ဘယ်မှာလဲ..."

ကြည့် စစ်လျန်တွေးနေတာမပြီးခင်မှာတင် Darlingတစ်ယောက် ရောက်လာပြီ။

"honey....."

"ဖရဲသီးလေး ပါးပါးကို သားDaddyခေါ်သလို လိုက််မခေါ်ရဘူးလေ.."

"Daddyလည်း ခေါ်ဒယ်လေ..."

"သား Daddyက လူကြီးမို့လို့ ပါးပါးကို အဲလိုခေါ်လို့ရတာ သားကတော့ အဲလိုခေါ်လို့မရဘူးနော် ပါးပါးပြောတာ နားလည်ရဲ့လား.."

"ဟုတ်ကဲ့ ပါးပါး.."

"အင်း ပါးပါးရဲ့ ဖရဲသီးလေးက လိမ္မာလိုက်တာ ပါးပါးစကားနားထောင်တာပဲ ဒါ့ကြောင့် ပါးပါးက သားကိုအရမ်းချစ်တာ ကဲ့ဒါဆို ပါးပါးရဲ့ မင်းသားလေး အာ...ဟပါအုံး..."

စစ်လျန်က ထိုသို့သားကို ချော့မြှူရင်း ထမင်းကျွေး‌ေနစဥ် ရွမ်းယုတစ်ယောက် ဟာလည်း အလုပ်ကိစ္စစကားပြောပြီး စာကြည့်ခန်းထဲက ထွက်လာတော့ သူ၏omegaလေးကို မတွေ့တာကြောင့် စိတ်ရှုပ်ထွေးသွားရသည်။

Candy(U+Z)[Complete]Where stories live. Discover now