Extra (1)

9.1K 529 15
                                    

<Unicode>
"ကွမ်းကွမ်းလေး စိတ်အေးအေးထားနော် သား ပထမ မရလည်း ဘာမှမဖြစ်ဘူး
ပါးပါးတို့စိတ်ထဲမှာ သားကအမြဲပထမပဲ"

မကြာခင်မှာကျင်းပတော့မဲ့ Aမြို့တော်၏ နာမည်ကြီး ကျောင်းပေါင်းစုံရေကူးပြိုင်ပွဲမှာ ချန်ပီယံအဖြစ်ဝင်ပြိုင်တော့မည့်သားဖြစ်သူ ကွမ်းကွမ်းလေးကို စစ်လျန်က အားပေးနေတာဖြစ်သည်။

အချိန်တွေကျော်လွန်လာလိုက်တာ အခု့ဆို ကွမ်းကွမ်လေးက အသက်၁၆နှစ်အရွယ် ချောမောခန့်ငြားတဲ့ လူငယ်လေးအဖြစ်သို့ ကူးပြောင်းလာပြီဖြစ်သည်။

အသက်၁၆နှစ်ပြည့်တဲ့နေ့မှာတင် စစ်ဆေးချက်အရ ကွမ်းကွမ်းလေးဟာ Darlingနည်းတူ Dominant Alpha ဖြစ်မှန်းသူတို့အကုန်သိရှိခဲ့ပြီးဖြစ်သည်။

ထိုပြင် စစ်လျန်၏အသက်ဟာလည်း ယခုဆို ၃၀စွန်းလာပြီးဖြစ်သလို ၊ သူ၏ခင်ပွန်းဖြစ်သူ ရွမ်းယု၏အသက်ဟာလည်း ၄၀စွန်းနေပြီဖြစ်သည်။

သို့သော် ကျန်းမာရေးလိုက်စားသော ရွမ်းယုက အသက်၄၀ကျော်ဟုမထင်ရလောက်အောင် ခန့်ငြားနေသလို နဂိုထဲမှနုနယ်သော စစ်လျန်ဟာလည်း ကလေး၃ယောက်၏
ပါးပါးဟုမထင်ရလောက်အောင် ချောမောလှပနေစမြဲပင်။

ယခုလည်း အသက်အရွယ်ကြီးနေပြီဖြစ်သော သားဖြစ်သူကို စစ်လျန်က ငယ်ငယ်တုန်းက ပေါက်စလေးသဖွယ်မှတ်ထင်ကာ စိတ်အေးအေးထားစေရန် တဖွဖွပြောနေတာဖြစ်သည်။

ကွမ်းကွမ်းလေးကလည်း သူ့ပါးပါးပြောသည့်စကားတိုင်းကို ခေါင်းညိတ်ကာပြုံးရင်း ငြိမ်သက်စွာနားထောင်နေလေသည်။

ရွမ်းယုက ၁၆နှစ်အရွယ်သားကို အခု့ထိ ကလေးပေါက်စလိုသဘောထားပြီး ဝမ်းမနည်းစေရန်မှာနေသည့် honeyကိုကြည့်ရင်း ပြုံးနေမိသည်။

သားသမီးတွေကိုချစ်လွန်းသည့် honeyက အခု့ထိ ကလေးတွေ၏ ဝေယျာဝစ္စမှန်သမျှကို တစ်ခုမှမလစ်ဟင်းစေပဲ မောင်နှမတွေကိုလည်း ရန်မဖြစ်စေရန် အမြဲတမ်းဆုံးမလေ့ရှိသည်။

သားသမီးသုံးယောက််ဖြစ်တာကြောင့် တစ်ယောက်ကို ဂရုစိုက်လျှင် ကျန်နှစ်ယောက်က ဝမ်းနည်းသွားမည်ကိုစိုးရိမ်၍ honeyက ကလေးသုံးယောက်လုံးကို အထူးဂရုစိုက်လေသည်။

Candy(U+Z)[Complete]Where stories live. Discover now