<Unicode>
"လျန်အာ....."
စစ်လျန် ထိုလူကြီးအိမ်မှာ ညစာစားသောက်ပြီးချိန် ၈နာရီထိုးနေပြီဖြစ်တာကြောင့် အိမ်ပြန်ပို့ပေးရန် ပြောတော့ ဟိုလူကြီးက စစ်လျန်ခါးအား အတင်းဖက်တွယ်ကာ ကလေးလို ပူဆာနေလေသည်...
"လွှတ်ပါဦး ကျွန်တော် အိမ်ပြန်ရတော့မယ်လေ.."
"ကိုယ် လျန်အာနဲ့ မခွဲချင်သေးဘူး.."
"နောက်နေ့လည်း တွေ့ရဦးမှာပဲကို.."
"နောက်နေ့က နောက်နေ့လေကွာ.."
"အဟင်း အရမ်းတွေချွဲနေတာပဲ ခမ်ဗျားဘာလိုချင်လို့လည်း.."
"ကိုယ်လိုချင်တာကို ပြောရင် လျန်အာက ဖြည့်ဆည်းပေးမှာလား.."
"ဒါပေါ့ ကျွန်တော်က Sugar Babyပဲလေ.."
၁၆နှစ်အရွယ်ကောင်လေးရဲ့ sugar babyဆိုတဲ့စကားကို ၂၆နှစ်အရွယ်လူကြီးက ရီလေသတဲ့
ပြုံးစိစိနဲ့ပြောသော မိမိစကားအား ထိုလူကြီးက ပြုံးလျက် မော့ကြည့်လာကာ မျက်ခုံးပင့်လျက်.....
"ဟောဒီက sugar babyလေးကို အမြဲအပိုင်လိုချင်တယ်ဆိုရင်ရော ကိုယ်ဆုတောင်းပြည့်ပါမလား.."
"အင်း ဒါဆို ကျွန်တော် တစ်ယောက်ထဲကို တစ်သက်လုံးချစ်မှရမယ် ကျွန်တော်တစ်ယောက်ထဲကိုပဲ၊ဘယ်လိုလဲ......"
ဘဝ တစ်ခုလုံးတောင်ရင်းပြီး ချစ်ခဲ့သေးတာပဲ တစ်သက်လုံးကတော့ စဥ်းစားနေစရာတောင် မလိုဘူး လျန်အာ..
"ဒါဆို ကိုယ်အနားမှာအမြဲတမ်းနေဖို့သာ အဆင်သင့်ပြင်ထားတော့ honey.."
စစ်လျန် ထိုလူကြီးစကားကြောင့် ပြုံးရယ်မိရင်း...
"honeyကဘယ်သူလည်း ကျွန်တော်က honeyမဟုတ်ပါဘူး.."
"ဟုတ်ပါတယ် ဒါလေးက ကိုယ့်ရဲ့ honeyပါ၊ပြီးတော့ ကိုယ့်ကို ခမ်ဗျားလို့ မခေါ်ပါနဲ့လား"
"ဘာလို့လည်း မကြိုက်လို့လား.."
"မကြိုက်တာ မဟုတ်ပါဘူး လျန်အာပေးတဲ့ နာမည်မှန်သမျှ အကုန်ကြိုက်တယ် ဒါပေမဲ့ လျန်အာ၊ ခမ်ဗျားလို့ တစ်ခါခေါ်လိုက်တာနဲ့ ကိုယ့်ရင်ဘတ်ထဲက ဆောင့်တက်လာသလိုပဲ အရမ်းနာတယ်.."

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021