<Unicode>
"လူကြီး လွီလွီလေးကို ခဏထိန်းပေးပါအုံး ကျွန်တော် ဗီဒိုထဲမှာ အဝတ်အစားတွေ သွားထုတ်ေပးချင်လို့"
ပိုင်လန်က ရေချိုးခန်းထဲမှ ထွက်လာသည့် စစ်ချင်ကိုတွေ့သည်နှင့် လေးဘက်ထောက်လျက်သား လက်တစ်ဖက်က အရုပ်ကလေးတွေကို ပစ်ပေါက်နေသည့် ၃နှစ်အရွယ် သူ၏သားလွီလွီလေးအား ထိန်းကာ ပြောလိုက်သည်။
သားကဒီအရွယ်ရောက်နေပြီဆိုပေမဲ့ အေးဆေးသည့် သူဟာတော်ယုံစကားသိပ်မပြောပဲ သူဘာသာသူတစ်ယောက်တည်းလည်း ဆော့နေတက်သည်။
အွန်း ပြောပြီးဆိုရင်လည်း ကြက်တူရွေးလေးတစ်ကောင်လို ပိုင်လန်အား အသည်းတစ်ယားယားဖြစ်အောင် ပြုစားတက်သည်။
စစ်ချင်က ပိုင်လန်၏စကားအား နားထောင်ကာ ကုတင်အနားကိုရောက်လာပြီး ထသွားတော့မည့် ပိုင်လန်၏နဖူးလေးအားနမ်းရင်း သူ၏သားလေးအား ပွေ့ချီလိုက်သည်။
ရှင်းစစ်ချင် အသေးစားလေးဖြစ်သည့်
ရှင်းလွီဟန်လေးက သူ၏အဖေအားတွေ့သည်နှင့် လက်ထဲကအရုပ်ကိုပစ်ချပြီး ဖားပျံလေးလို တွယ်ကပ်လာပြီး စကားတတွတ်တွတ်ပြောလေတော့သည်။ပိုင်လန်ကတော့ ထိုမြင်ကွင်းကို ခေါင်းယမ်း၍ ရယ်မောယုံသာတက်နိုင်လိုက်ပြီး သူဟာစစ်ချင်ဝတ်ဆင်ရန် အဆင်ပြေသည့် အဝတ်အစားများသာ ထုတ်ပေးနေလေသည်။
ကွမ်းကွမ်းလေးက စစ်လျန်ကိုမျက်စိရှေ့ကအပျောက််မခံပဲ တွယ်ကပ်တယ်ဆို၊ သူ၏သား လွီလွီလေးကတော့ လူကြီးအား မျက်စိရှေ့ကအပျောက််မခံပဲ တွယ်ကပ်တက်တဲ့ ကလေးလေးလို့ပြောရမည်။
ပိုင်လန်က အဝတ်အစားထုတ်ပေးပြီးတာနဲ့ အနားသု့ိပြန်ရောက်လာကာ....
"ကဲ့ Daddy အဝတ်အစားဝတ်ရအောင် သားက ပါးပါးဆီလာနော်......ပြီးတော့ လူကြီးလည်း အဝတ်အစားမြန်မြန်လဲဝတ်တော့နော် အအေးပတ်နေအုံးမယ်"
စစ်ချင်က အစိုးရိမ်လွန်နေသည့် ကလေး၏စကားကြောင့် ရယ်လိုက်သည့် အဝတ်အစားကိုအမြန်လဲလည်လိုက်သည်။
ထို့နောက်သူဟာ သားအားပွေ့ဖက်ထားသည့် ပိုင်လန်အား အနောက််မှသိုင်းဖက်ကာ....
YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021