Unicode
"စီ....စီနီယာက ဘယ်လိုလုပ်"
ကားကိုမှီရင်း ခြံရှေ့မှာ ရပ်စောင့်နေသော စီနီယာကို တွေ့သည်အခါ ရုံယုံ မျက်လုံးလေးများက အဝိုင်းသားဖြစ်သွားရသည်။
ထို့ပြင် သေချာပေါက်ကြည့်မည်ဆိုလျှင် ရုံယုံ၏ မျက်ဝန်းလေးတွေက အနည်းငယ်ညိုနေသည်ကိုတွေ့မြင်နိုင်သည်။
ရုံယုံက သူ့ကိုသာ ငေးကြည့်နေသော စီနီယာကြောင့် နှလုံးခုန်နှုန်းတွေမြန်ကာ ခြေဖျားလက်ဖျားတွေ အေးစက်လာရသည်။
သူမနေ့က အိမ်ပြန်ရောက်သည်အထိ လက်တွေ့လို့မခံစားခဲ့ရဘူး။
အိမ်မက််ကလေးလိုပဲ သူကိုစီနီယာက ချစ်တယ်လို့ ဝန်ခံခဲ့တယ်ဆိုတာ။
တစ်ညလုံး အတွေးတွေကြောင့် မူးဝေပြီး အိပ်မရနိုင်သည်အထိ သူရင်ခုန်ပြီးရင်းရင်ခုန်နေခဲ့တာ။
"ကိုယ့်ကို ဒီတိုင်းကြည့်ယုံပဲကြည့်နေတော့မှာလား"
"ဟို...."
လက်ပိုက်ကြည့်ကာ ပြောလာသည့် စီနီယာစကားမှာ ရုံယုံက မျက်နှာပူစွာခေါင်းငုံ့ချလိုက််သည်။
ရုံယုံအတွက် လက််ရှိအခြေအနေတွေက တကယ်ကိုစိတ်ကူးယဥ်အိမ်မက််လိုပင်။
တကယ့်ကို မယုံကြည်ရဲလောက်အောင် ခဏလေးအတွင်းမှာ ပျောက်ကွယ်သွားမှာစိုးရသည်အထိ။

ČTEŠ
Candy(U+Z)[Complete]
Nezařaditelnéလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021