<Unicode>
ခန္တာကိုယ်က ပူစပ်ပူလောင်နဲ့ စိတ်မသက်မသာဖြစ်ကာ မွန်းကြပ်နေသလိုကြီးခံစားနေရတာကြောင့် ပိုင်လန် အိပ်စက်နေရာမှ စောင်ပုံထဲပိုတိုးဝင်လိုက်လေသည်။
လူကြီး company သွားပြီး အတော်ကြာတဲ့အထိ သူမားနဲ့အတူ ကွမ်းကွမ်းလေးကို ထိန်းပေးနေတာဆိုပေမဲ့ ရုတ်တရတ် ပင်ပန်းနွမ်းနယ်လာပြီး လူကမလှုပ်ချင်မကိုင်ချင်သလို ဖြစ်လာတာကြောင့် မားကိုခွင့်တောင်းပြီး အနားယူရန် အိပ်ခန်းရှိရာကို ပြန်လည်တက်လာခဲ့တာဖြစ်သည်။
အခန်းထဲရောက်တာနဲ့ ဘာမှလည်းလုပ်စရာမရှိတာကြောင့် တရေးတမောအိပ်နေလိုက်တာဖြစ်သည်။
ထိုချိန်မှာပဲ ခြုံစောင်၏အတွင်းဘက်ရှိ သူ၏ခါးအား ပွေ့ဖက်ထားတဲ့ လက်တစ်စုံ၏အထိအတွေ့ကို သူခံစားလိုက်ရလေသည်။
အေးချမ်းတဲ့အထိအတွေ့နဲ့ ရင်းနှီးနေတဲ့ ကိုယ်သင်းရနံ့ကြောင့် ပိုင်လန်က သူခါးအားပွေ့ဖက်ထားတဲ့ လက််မောင်းအားပြန်လည်အုပ်မိုးကိုင်ရင်း အနောက်ကိုလှည့်ကြည့်လိုက််မိသည်။
တကယ်လည်းသူထင်သည့်အတိုင်း လူကြီးက သူ့အားဖက်ကာ အိပ်စက်နေခြင်းပင်။
ဒါပေမဲ့ မနက်ကပဲလူကြီးက companyသွားတာမဟုတ်ဘူးလား အခု့ချိန်ကြီး ဘယ်လိုလုပ် ပြန်ရောက်လာတာပါလိမ့်။
ထိုအတွေးနဲ့အတူ ပိုင်လန်က ကုတင်ဘေးရှိအံဆွဲပေါ်က နာရီကိုလှမ်းကြည်မိလိုက်သည်။
အချိန်အားဖြင့် နေ့လည်ပင်စောင်းနေပြီ။
ထိုသို့ ပိုင်လန်တွေးနေစဥ်မှာပင် သူ၏လည်တိုင်ကြားထဲ တိုးဝင်လာတဲ့ လူကြီး၏ မျက်နှာချောချောကြောင့်
ပိုင်လန်
သဘောတကျပြုံးရယ်ရင်း လူကြီးအား ပြန်လည်ပွေ့ဖက်လိုက်သည်။စစ်ချင်က ဝိုင်းစက်တဲ့မျက်ဝန်းလေးတွေနဲ့ ချစ်စဖွယ်သူ၏ ခင်ပွန်းလေးအား ငုံု့မိုးကြည့်နေလိုက်သည်။
မနက်က သူcompanyမှာ အစည်းအဝေး လုပ်နေစဥ် သိသိသာသာ ခံစားမိနေတဲ့ သူ၏ခန္တာကိုယ်ထံမှ ခံစားချက်ကြောင့် အိမ်ကိုဖုန်းဆက်ကြည့်တော့ ကလေးက ပင်ပန်းနေလို့ဆိုပြီး အပေါ်ထပ်တက်သွားကြောင်း သိလိုက်ရလေသည်။
ESTÁS LEYENDO
Candy(U+Z)[Complete]
De Todoလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021