<Unicode>
Pheromoneတွေနဲ့ တိုက်ခိုက်ခံထားရတာကြောင့် heatဝင်ပြီး ပင်ပန်းကာ အိပ်ပျော်နေတဲ့ လျန်အာကို ကြည့်ပြီး ရွမ်းယု မျက်ဝန်းအိမ်မှာ အရည်ကြည်များစို့နစ်နေခဲ့လေသည်...
အမှန်တိုင်းပြောရရင် သန့်စင်ခန်းထဲမှာ ပျံ့နှံ့နေတဲ့ pheromoneတွေကြောင့် သူအတွေးထဲ ဝင်ရောက်မိသည်က ဒီဘဝလည်း လျန်အာကို ကျန်းရန်ဝေ့ကသာ ရယူသွားလိမ့်မည်လို....
ဒါပေမဲ့ လျန်အာက အဲ့ကောင်ကို တားဆီးခဲ့တဲ့အပြင် သူ့ခန္တာကိုယ်ကိုတောင် မထိတွေအောင် ကာကွယ်ခဲ့တယ်တဲ့လေ....
ရွမ်းယု တွေးရင်း pajamas အပြာရောင်လေးနဲ့ အိပ်ပျော်နေတဲ့ လျန်အာရဲ့ လက်ဖဝါးထက်က ထိခိုက်ရာတွေကို တွေ့ပြီးနောက်မှာတော့ မျက်နှာချက်ချင်းတင်းမာသွားပြီး...
"ကျန်းရန်ဝေ့ မင်းကငါ့အပိုင်ကိုထိရဲ့မှတော့ နောက်ဆက်တွဲ အကျိုးဆက်ကိုလည်း လက်ခံနိုင်ရမှာပေါ့..."
ရွမ်းယု လျန်အာရဲ့ နဖူးလေးကို ဖွဖွလေးနမ်းကာ ရင်ဘတ်နားအထိ စောင်လေးသေချာပြန်ခြုံပေးပြီး အခန်းအပြင်ကို ထွက်လာခဲ့လေသည်...
သူထွက်လာပြီဆိုတာနဲ့ အခန်းရှေ့မှာ အဆင်သင့်ရပ်စောင့်နေတဲ့ လျန်အာမိသားစုတွေ.....
ဧည့်သည်တွေအကုန်ရှင်းလင်းနေတဲ့ ဧည့်ခန်းထဲမှာ တိတ်ဆိတ်နေတဲ့ လူ၅ယောက်...
ထိုလူ၅ယောက်စီနှာ မတူညီတဲ့အတွေးတွေ..
စစ်ချင် မိမိလျန်အာ အားpheromoneနဲ့တိုက်ခိုက်ခံရတဲ့အကြောင်းအား ပြန်စဥ်းစားတိုင်း ဒေါသထွက်စရာပင်...
ပိုဆိုတာက အဲ့လူက သူတို့မိသားစုနဲ့ ရင်းနှီးတဲ့ ဦးလေးကျန်းရဲ့သားတဲ့လေ...
မိမိတို့အိမ်မှာပဲ မိမိညီလေးတိုက်ခိုက်ခံရတဲ့အဖြစ်ကြောင့် ဘယ်လောက်ပဲ ရင်းနှီးတဲ့လူရဲ့သား ဖြစ်ပါစေ စစ်ချင်ခွင့်မလွှတ်နိုင်...
အဲ့လိုကောင်က ထောင်ချရမှာထက် တစ်ခါထဲ သတ်ပစ်ဖို့သာကောင်းလေသည်...
ပိုင်လန်ဟာလည်း စစ်ချင်ဘေးနားမှာ ထိုင်နေရင်းပင် ကျန်းရန်ဝေ့အား အမှုန့်ကြိတ်ချင်နေလေသည်...

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021