<Unicode>~Ring...Ring....Ring.....~
ကြီးမားကျယ်ပြောလှသည့် အခန်းကျယ်ကြီးအတွင်းရှိ ကုတင်ကျယ်ကြီးထက်တွင် အိပ်မောကျနေသော ပုံရိပ်လေး၃ခု။
လက်ဖဝါးလေးဆုပ်ကာ အိပ်ပျော်နေသော ကလေးငယ်လေးနှင့် နံဘေးရှိ ကျောပြင်ကျယ်ကြီးထဲနစ်ဝင်နေသည့် ပုံပန်းသဏ္ဌာန်နှစ်ခုဟာ ထူးဆန်းစွာနဲ့ပင် လိုက်ဖက်ညီနေလေသည်။
ထိုချိန်မှာပဲ တဒီဒီမြည်နေသည့် phအသံက တိတ်ဆိတ်နေသည့် အခန်းကျယ်ကြီးထဲသို့ ကျယ်လောင်စွာ ထွက်ပေါ်လာတာကြောင့် ကုတင်ပေါ်မှ အိပ်ပျော်နေသော ပုံရိပ်လေး၃ဦးထဲမှ တစ်ဦး၏ မျက်ခုံးတွေတွန့်ကျိုးကာ နိုးထလာလေတော့သည်။
ရွမ်းယု တိတ်ဆိတ်နေသည့်အချိန် မြည်တမ်းလာသော phသံကြောင့် အလိုမကျစွာ မျက််မှောင်ကြုတ်မိရင်း မိမိရင်ခွင်ထဲက ချစ်ရတဲ့ခင်ပွန်းလေးမနိုးအောင် ဖြေးဖြေးချင်းထကာ ထိုphကို ကိုင်လိုက်လေသည်။
📞"Hello"
".........."
ထိုသို့phပြောနေစဥ် တစ်ဖက်လူမှ ပြောလိုက်သည့် စကားကြောင့် ရွမ်းယုက မိမိရင်ခွင်ထဲမှာ အခုထိ အိပ်မောကျနေသေးသည့် သူခင်ပွန်းလေး၏ နဖူးထက်သို့အနမ်းတစ်ချို့ပေးရင်း ပြုံးရယ်လျက် စကားဆိုလေသည်။
"အင်း honeyက အိပ်နေတုန်းပဲ..."
".........."
"ကောင်းပြီ ဒီအကြောင်းကို honeyကိုပြောပြလိုက်ပါမယ် ဒါနဲ့ ကိုယ်ဝန်ကိစ္စကို ဂုဏ်ပြုပါတယ်.."
"........."
"ကောင်းပြီ .."📞
phခေါ်ဆိုမှု့ ပြတ်တောက်သွားပြီဆိုတာနဲ့ ရွမ်းယုက ချစ်စရာကောင်းလွန်းသည့် မိမိအသည်းချာလေး နှစ်ယောက်ထံသို့ ရွန်းလဲသည့်အကြည့်တွေဖြင့် ငေးကြည့်လာလေသည်။
အတန်ကြာအောင် ငေးမောပြီးအဆုံးမှာတော့ မိမိ၏ ရင်နှစ်သည်းချာလေးနှစ်ဦးထံ နူးညံ့သည့်အနမ်းလေးတစ်ချို့ပေးကာ ရေချိုးခန်းထဲသို့ ဝင်ရောက်သွားလေတော့သည်။

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021