<Unicode>
စစ်လျန်ရဲ့ heatကာလဟာ ခါတိုင်းလို ၃ရက်ထက် ၇ရက်ကြာမြင့်ခဲ့လေသည်။
အခန်းထဲအား ထမင်းလာပို့ချိန်နှင့် အိပ်ခန်းသန့်ရှင်းရေး လုပ်ပေးရချိန်မှ လွဲရင် မည်သူတစ်ဦး တစ်ယောက်ကိုမှ အခန်းထဲ မလာခိုင်းသလို အိမ်ကြီးရှင် သခင်ကိုယ်တိုင်ကလည်း အခန်းထဲမှ မထွက်ပေ။
ထိုနည်းတူ သခင်လေးမိဘတွေ လာတွေတောင် ထွက်မတွေ့နိုင်တဲ့ အနေအထားမို့ အိမ်တော်ထိန်းကြီးက အဆင်ပြေသလို ဖြစ်ကြောင်းဖြစ်စဥ် ရှင်းပြရတော့လေသည်။
ညီဖြစ်သူအား နှမြောလွန်းတဲ့ စစ်ချင်ဟာ အိမ်တော်ထိန်းကြီး ပြောတာကို နားထောင်ပြီး ၂ရက်လောက် ထမင်းစားမဝင်နိုင်ခဲ့ပေ။
ရှင်းသခင်ကြီးနဲ့ သခင်မကတော့ ဖြစ်ပြီးနေပြီဖြစ်တဲ့ ကိစ္စတွေကြောင့် သခင်လေး heatကာလ ပြီးတာနဲ့ လက်ထပ်ပွဲ ကျင်းပပေးရန်သာ ဆုံးဖြတ်ထားကြလေသည်။
ထိုသို့ဖြင့် အပြင်မှာ ရှင်းမိသားစုနဲ့ အိမ်တော်ထိန်းကြီးတို့ ယောက်ယက်ခတ်နေပေမဲ့ အဓိက ဇာတ်ဆောင်တွေဖြစ်တဲ့ စစ်လျန်နဲ့ ရွမ်းယုကတော့ ရှေ့၇ရက်လုံး ပင်ပန်းခဲ့ရခြင်းကို အိပ်စက်ချင်းနှင့် အတိုးချကာ အနားယူနေလေသည်။
သေးသွယ်တဲ့ ခန္တာကိုယ်လေးထက် ကြီးမားတဲ့ shirt အင်္ကျီကြီးနှင့် ရွမ်းယု ရင်ခွင်ထဲအား ကလေးလေးလို တိုးဝင်အိပ်စက်နေတဲ့ စစ်လျန်ရဲ့ ခန္တာကိုယ်တစ်ခုလုံးမှာ ရှေ့ရက်တွေက ဟန်ရွမ်းယု ကိုက်ခဲထားတဲ့ ညိုမဲတဲ့ကိုက်ရာတွေနဲ့ တစ်ချို့ကိုက်ရာတွေဆို လောလောလတ်လတ် ပင်ရှိနေသေးသည်။
နေရောင်ခြည် ကောင်းစွာရတဲ့ အခန်းဖြစ်တာမို့ ရွမ်းယုရင်ခွင်ထဲ ကွေးကွေးလေး အိပ်နေတဲ့ စစ်လျန်ရဲ့ ခန္တာကိုယ်လေးဟာ ပန်းရောင်သန်းနေပြီး ချစ်စရာကောင်းတဲ့ မက််မွန်သီးလေးနှင့်ပင် သဏ္ဌာန်တူလေသည်။
ထိုချိန် ရုတ်တရတ် မျက်လုံးပွင့်ဟလာတဲ့ နက်မှောင်ကာ စူးရှတဲ့အကြည့်တွေနဲ့ ဟန်ရွမ်းယု
ရွမ်းယု မိမိရင်ခွင်ထဲက ချစ်စရာကောင်းလွန်းတဲ့ omegaလေးကို ကြည့်ရင်း အသဲတယားယားပင်။

YOU ARE READING
Candy(U+Z)[Complete]
Randomလူတစ်ယောက်ထဲကို အရူးအမူး ချစ်မိခဲ့တဲ့ ကောင်လေးတစ်ယောက် ရုတ်တရတ် သေဆုံးသွားတဲ့အခါ သူနေတဲ့ကမ္ဘာဟာ အစစ်အမှန်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီးနောက်........ August-9-2021