Part 2

25.8K 1.7K 43
                                    

<Unicode>

~ဒေါက်...ဒေါက်~

"လျန်အာ....‌ေကာရဲ့ ပေါင်ပေ့လေး ‌နိုးပြီလား..."

(A/N နာမည်တွေ နောက်မှာ အာ ထည့်ခေါ်တာက ချစ်စနိုးအနေနဲ့ ငါ့ရဲ့ လျန်လေး လို့ပြောချင်တာပါ....
ပေါင်ပေ့ ဆိုတာတော့ သိတယ်မှလား..)

စစ်လျန် ကြောင်တောင်တောင် အိမ်မက်အကြောင်းကို ထပ်မစဥ်းစားတော့ပဲ ထလိုက်ချိန် မကြာပါဘူး အခန်းရှေ့မှ ‌ေကာရဲ့ ခေါ်သံ......

ကြည့်ရတာ မားမအားလို့ထင်တယ် ကော လာနိုးတာထင်တယ်......

"လျန်အာ...."

"ကျွန်တော် နိုးပြီး ကော ဝင်ခဲ့လို့ရတယ်..."

သူပြောလိုက်တာနဲ့ ပြုံးကာ အခန်းထဲ ဝင်လာတဲ့ ကောက တစ်ကယ်ချောလွန်းသည်
ရုပ်ရည်က ချောတဲ့အပြင် ပါးတို့ အလုပ်ကို ဆက်ခံနေတဲ့ Alpha တစ်ယောက်ဖြစ်တဲ့ ကော အား လိုချင်သူတွေနဲ့ သမက်တော်ချင်သူတွေ အများအပြားပင်.....

ဒါပေမဲ့ ကော ဟာထိုကိစ္စတွေကို ဘာမှမစဥ်းစားပဲ company အလုပ်နှင့် မိသားစုမှာသာ အချိန်ကုန်နေလေသည်....

ဘာမှမပြောပဲ ငေးနေတဲ စစ်လျန်ကို ကောက ဆံပင်ကိုဖြေးဖြေးချင်းဖွကာ မေးလေသည်......

"ကော ညီလေး ဘာတွေတွေးနေတာပါလိမ့်.....ဘာလဲ ကော ချောတဲ့အကြောင်းလား..."

အင်း နောက်တစ်ချက်ကတော့ လူတိုင်းကို ရုပ်တည်ကြီးနဲ့ ဆက်ဆံတက်တဲ့ ကောဟာ မိသားစုနဲ့ဆို အခုလို မျက်နှာပြောင်တက်သေးသည်....

ဒါဟာ သူတို့မိသားစုရဲ့ ထုံးစံပါပဲ ပါးဆိုလည်း အဲ့လိုပဲ အပြင်မှာသာ မျက်နှာထား တင်းတင်းထားတာ မားရှေ့ရောက်ရင်တော့ အမြဲတမ်း ပြုံးဖြီးနေတာပဲ........

"ဟုတ်တယ် ကျွန်တော် စဥ်းစားနေတာ ကောက ဒီလောက်ချောတာ ဘာလို့ အခုထိ ရည်းစားမရသေးတာလဲလို့...."

"လျန်အာ..."

ရည်းစားကိစ္စ ပြောလိုက်တာနဲ့ သူကိုတမင်စနေမှန်း သိသွားတဲ့ ကောဟာ စစ်လျန်ကို မျက်မှောင်ကြုတ်ကြည့်လာပြီဖြစ်သည်....

Candy(U+Z)[Complete]Where stories live. Discover now