( အဖေ၊ အမေ ယောက်ျားယူတော့မယ်တဲ့)
( ဒါဆို မင်းအမေအတွက် ဝမ်းသာရမှာပေါ့ကွ!)
BaiLouYin ဝရုန်းသုန်းကားနဲ့ အိပ်ယာနိုးလာတယ်။ နားနောက်နဲ့ သူ့လည်ပင်းတွေမှာလည်း ချွေးတွေက ရွှဲလို့။ နွေရာသီကလည်း မကုန်သေးတော့ သူ့ခင်မျာ နေ့တိုင်းပဲ ပူပူအိုက်အိုက်နဲ့ အိပ်ယာနိုးရရှာတယ်။ ပါးပြင်ကို လက်နဲ့သပ်လိုက်တော့ သူ့လက်ဝါးပြင်မှာ ချွေးတွေ ကပ်ပါလာတယ်။ အခုမှ မနက်မိုးလင်းကာစ၊ သူ့မှာတော့့ မီးမြိုက်ထားသလို ပူစပ်ပူလောင်ဖြစ်နေပြီ။ညှပ်ဖိနပ်ကို ရှက်တိုက်စီးပြီး BaiLouYin တစ်ယောက် ရေဘုံဘိုင်ရှိတဲ့နေရာဆီ လေးလေးကန်ကန်နဲ့ သွားပြီး ဘုံဘိုင်အောက် ခေါင်းထိုးလိုက်တယ်။ ကြည်လင်တဲ့ ရေအေးအေးလေး သူ့လည်ပင်းနဲ့ခေါင်းပေါ်က ဖြတ်စီးသွားမှ နည်းနည်းလေး နေသာထိုင်သာရှိသွားတော့တယ်။
BaiLouYinရဲ့ဖခင် BaiHanQiက အိမ်ရှေ့ကွက်လပ်မှာ တံမြက်စည်းလှည်းနေတာ။ အရွယ်ရောက်ပြီးသား ယောက်ျားသားမို့ အိမ်မှာနေရင်း နေ့တိုင်း လုပ်ရမယ့်အလုပ်ကတော့ အိမ်မှုကိစ္စတွေပါပဲ။ တကယ်လို့ သူသာ အိမ်မှုကိစ္စ နိုင်နင်းရင်တော့ ကောင်းတာပေါ့၊ အခုတော့ သူလုပ်သမျှ အရှင်းထက် အရှုပ်က ပိုနေပါတယ်။
ဒါကြောင့်မို့လည်း BaiLuoYinတစ်ယောက် သူ့အဖေနဲ့ မတည့်တာ ဖြစ်လိမ့်မယ်။
BaiLuoYinက ရေခွက်ထဲက ရေကို တဝကြီးငုံပြီးမှ၊ ထွွေးထုတ်ပစ်လိုက်တယ်။ ရေပိုက်ခေါင်းကို လှည့်ဖွင့်ပြီး သွားတိုက်ဆေးအမြှပ်တွေ ကုန်သွားတာကို သူ စောင့်နေလည်း ရေတွေသာ များများလာတယ်။ ရေမြောင်းတော့ ပိတ်နေပြန်ပြီနဲ့ တူပါတယ်။
တအောင့်ကြာတော့ ပိတ်ခဲနေတဲ့ အစအနတွေကို တုတ်တစ်ချောင်းနဲ့ သူ ဆယ်ထုတ်လိုက်မှပဲ ရေတွေက လျှောလျှောရှူရှူ ဆင်းသွားတော့တယ်။
( အဖေ ကျွန်တော့်ဘောင်းဘီကို မြောင်းထဲကျအောင် လုပ်လိုက်ပြန်ပြီဗျာ)
ဒီစကားကြားတော့ တံမြက်စည်းလှည်းလျက်တန်းလန်းဖြစ်နေတဲ့ BaiHanQi တစ်ယောက် တုန့်ခနဲ ရပ်သွားတယ်။ တံမြက်စည်းကို လွှတ်ချပြီး၊ အဝတ်လှန်းတဲ့ ကြိုးတန်းပေါ် မော့ကြည့်လိုက်တော့၊ တစ်ထည်...နှစ်ထည်...သုံးထည်...။ ဘယ်နှယ်ခေါက်ပဲ သူရေတွက်ရေတွက် ဘောင်းဘီတစ်ထည်ကတော့ ပျောက်နေတာပါပဲ။ ရှင်းပြနေဖို့မလိုတော့ဘူးရယ်၊ သူ အဝတ်လျှော်ပြီး လှန်းလိုက်တဲ့အချိန်၊ ဆပ်ပြာမပြောင်တဲ့ ဘောင်းဘီက ရေနဲ့လျှောပြီး မြောင်းထဲ ပြုတ်ကျသွားတာပဲ ဖြစ်မှာပါ။
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...