Chapter 17- GuHaiရဲ့ တကိုယ်တော်ပွဲ

2.3K 251 1
                                    

( YouQi, YouQi, YouQi, ........)
YouQiမှာ မိန်းကလေး ပရိတ်သတ်တွေ အများကြီးရှိတယ်ဆိုတာ သေချာသွားပါပြီ။ သူတို့လေးတွေရဲ့ ပြင်းထန်တဲ့ အားပေးသံများက တကျောင်းလုံး တုန်ဟီးသွားမတတ်ဖြစ်နေစေတယ်။ ဘေးမှာရပ်နေတဲ့ BaiLuoYin တောင် နားစည်ကွဲသွားမလားပဲ။ BaiLuoYin ဖာသာတစ်ယောက်တည်း လှောင်ပြုံးပြုံးမိတယ်။ * ဒီကောင် နှပ်ချပ်တွဲလောင်းကျလာတဲ့အထိ နင်တို့တွေ ကိုယ်ဖိရင်ဖိ အားပေးလိုက်ကြဦး*
YouQiဆိုတဲ့ကောင်လေးရဲ့ရုပ်ရည်က ချောတာတော့ တော်တော်ချောပါတယ်။ ဘားတန်းအောက်မှာ ရပ်နေရုံနဲ့တင် အဲ့ဒီဘားတန်းသံတိုင်တခုလုံး အရောင်အရှိန် တဖိန်ဖိန်တောက်ပနေပါတယ်။ မိန်းကလေးအုပ်စုတွေကတော့ ဒီကောင်လေးရဲ့ မျက်နှာချောချောလေးမှာ အပြုံးလေးတပွင့် ပွင့်လန်းလာမှာကို စောင့်စားရင်း အသည်းပုံမျက်လုံးလေးတွေနဲ့ YouQiကို ငေးမောနေကြလေရဲ့။ တကယ်တမ်းတော့၊ YouQi မရယ်နိုင်ပါဘူး၊ ဘာကြောင့်ဆို တခုခုတော့ အမှားမှား အယွင်းယွင်းဖြစ်တော့မယ်ဆိုတာ သူခံစားမိလို့ပါ။
ဘားတန်းရှေ့မှာ ရပ်လျက်၊ အားပေးသံတွေရပ်သွားအောင် YouQi အချက်ပလြိုက်တယ်။ ကျောင်းကစားကွင်း တကွင်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသလိုပဲ။ အချက်ပြနေတဲ့ သူ့ပုံကြီးက သိပ်ကို ပဲများလွန်းတယ်။
*မင်းကိုယ်မင်း ပြေးပေါက်လေးတော့ ချန်ထားဦးမှပေါ့ YouQiရယ် * လို့ BaiLuoYin ဖာသာတွေးမိတယ်။ သူ သေချာပေါက်ပြောနိုင်တာကတော့ YouQiတစ်ယောက် အများဆုံးဆွဲနိုင်လှ ဘားပြည့် ၃ခါပေါ့။
YouQi စခုန်ပြီး ဘားတန်းကို လှမ်းဆွဲလိုက်ပါပြီ။ ဘားတန်းကို လက်နှစ်ဖက်နဲ့ သေမတတ်ဆုပ်ကိုင်ထားပြီး ခန္ဓာကိုယ်ကို အပေါ်မြောက်လာအောင် ဆွဲတင်နေပါတယ်။ ဝန်းရံထားတဲ့ လူအုပ်ကြီးရဲ့အားပေးသံတွေကလည်း ညံသထက်ညံလာတယ်။ သူ့ခေါင်းကလည်း ဘားတန်းကို အကျော်... သူ့နှာခေါင်းကလည်း ဘားတန်းကို ကျော်တော့မယ့်ဆဲဆဲ.......။
YouQiတစ်ယောက် အားကုန်သွားခဲ့ပြီ။
သူ မြေကြီးပေါ်ကို ခွေးကျဝက်ကျ ကျသွားတယ်။ မျက်နှာရော လည်ပင်းမှာပါ နီရဲတွက်နေရော။
* တကယ်ကြီးလား....ငါ သူ့ကို ပိုတွက်မိတာပဲ * BaiLuoYin တွေးမိတယ်။
ကျောင်းသားအုပ်စုရဲ့ booဆိုတဲ့ သရော်သံတွေထွက်လာတယ်။ သူတို့တတွေက YouQiကို သိက္ခာချဖို့ ချောင်းနေခဲ့ကတြာ။ ကျောင်းသူလေးတွေကတော့ အဲ့လိုမတွေးကဘြူး။ အထူးသဖြင့် YouQiရဲ့ နှုတ်ခမ်းနီမလေးတွေက သူတို့အိုင်ဒေါလေး ဘားတန်းမဆွဲနိုင်တာ ဘယ်လိုတောင် ချစ်ဖို့ကောင်းလိုက်သလဲလို့ ကာကွယ်ပြောဆိုကတြယ်။
BaiLuoYinက YouQiရဲ့ရင်ဘတ်ကို အသာပုတ်ပြီး ( ရင်အုပ်ကြွက်သားမောက်တဲ့ လေ့ကျင့်ခန်းတွေကို မင်း လဝက်လောက် လုုပ်ခဲ့ရတာ အလကားဖြစ်သွားပြီ။ နောက်နေ့ကျ အင်္ကျ ီကြယ်သီးကို အပြည့်သာတပ်ထားပေတော့!)
YouQiကလည်း မခံဘူး။ ( မင်းလည်း ငါနဲ့ သိပ်မကွာပါဘူး )
BaiLuoYin ဘားတန်းအထိ ဆက်လျှောက်သွားတယ်။
ကာယဆရာရဲ့မျက်နှာက တင်းထောင်နေတယ်။ BaiLuoYinအလှည့်ရောက်တော့ ဆရာဖြစ်သူ စိတ်တွေလှုပ်ရှားလာတာ အသိသာကြီးပဲ။ သူ မျှော်လင့်တာက BaiLuoYin တစ်ယောက် ဘားပြည့် ၁၀ခေါက်တောင် မဆွဲနိုင်စေဖို့ ။ ဒီလိုသာဆို အတန်းသားအားလုံးပေါင်းရဲ့ အခေါက်ရေနှုန်းထက်ကျော်အောင် လုပ်ပနြိုင်ဖို့ ကာယဆရာအတွက် လုံးဝအခက်အခဲမရှိတော့ဘူး။
( ၁, ၂, ၃ .........)
တခေါက်ရသွားတိုင်း၊ ကာယဆရာရဲ့မျက်နှာကြီးက ပိုပိုပျက်လာတယ်။ ဒီအတန်းမှာ ဗလတောင့်တဲ့သူ နောက်ထပ်တစ်ယောက်ရှိဦးမယ်လို့ သူ ထင်မထားခဲ့ဘူး။ အခု အခေါက်ရေ ၃၀နားနီးသွားတော့၊ ကာယဆရာကြီး ဇောချွေးတွေပျံလာပြီ။
YouQiက ဘေးမှာရပ်လျက်၊ ကျွေးခဲ့ရတဲ့ ထမင်းဟင်းတွေ အလဟသ မဖြစ်ဘူးပဲ ဆိုပြီး အံသမြှင်သက်နေတယ်။
အခေါက်ရေ ၃၀ပြည့်တော့ BaiLuoYin လက်ပန်းကျလာတယ်။ ဒါပေမယ့် သူ ၁၀ခါလောက်ထပ်ရအောင် ကြိုးစားကြည့်ချင်သေးတယ်။ ခဏလေး တွေဝေသွားပြီးမှ BaiLuoYin ဘားတန်းပေါ်က ခုန်ဆင်းခဲ့လိုက်တယ်။ သူ့မှာ အိမ်ကို ခေကြျင်လျှောက်ပြန်ဖို့ အားချန်ထားရဦးမယ်လေ။
( တော်လိုက်တာကွာ) ဆိုတဲ့ အားပေးသံတွေ ဟိန်းထွက်လာတယ်။ BaiLuoYinပြန်ဆင်းလာတဲ့အခါ မျက်နှာက နီစပ်စပ်လည်းမဖြစ် မောဟိုက်ခြင်းလည်းမရှိ။ သက်လုံလည်းကောင်းသလို အားအင်ကုန်ခမ်းနေတဲ့ပုံလည်း မပေါ်။ ဒါ့ကြောင့် ကျောင်းသားအများစု အားကျနေကတြယ်။
GuHaiအလှည့်သာ ကျန်ပါတော့တယ်။
( မင်းအလှည့်ပဲ၊ အပေါ်တက်)
ကာယဆရာက GuHaiကို အထင်မကြီးတဲ့ ပုံမျိုးနဲ့ ရင်ကော့ခေါင်းမော့ထားတယ်။
ပရိသတ်တွေထဲက တစ်ယောက်ကလှမ်းအော်တယ်။ ( GuHaiက ဒိုက်အခါ ၁၀၀တောင်ထိုးထားတာ ဆရာ။ သူ အားသိပ်ကျန်တော့မှာ မဟုတ်ဘူး။ ဒါတောင် သူ့ကိုု ဘားဆွဲခိုင်းဦးမယ်ဆိုတော့ တရားသလား ဆရာ?)
ကာယဆရာက GuHaiအပေါ် သက်ညှာချင်ယောင်ဆောင်တယ်။ ( နောက်အချိန်မှ ဆက်လုပ်မယ်ဆိုရင်ကော ဘယ်နှယ့်လဲ?)
( ဆရာ အရင်လုပ်ပါ)
ကာယဆရာ ကြောင်သွားတယ်။
GuHaiက ဂါရဝတရားရှိတဲ့လေသံကို ထိန်းပြီး (ဆရာ အရင်လုပ်လိုက်ပါဗျ။ ဆရာ ပြီးတာနဲ့ ကျောင်းသားအားလုံးရဲ့ အခေါက်ရေအတိုင်း ကျွန်တော်ဆွဲပါ့မယ်)
ကာယဆရာရဲ့မျက်နှာ ညိုမှောင်သွားပြီး ( မင်းက သိပ်ကိုစွမ်းနေတယ်ပေါ့လေ၊ ဟတ်လား?)
လူအုပ်ကြီးက ဝိုင်းအော်နေပြီ။ ( အတူတူလုပ်! အတူတူလုပ်!)
ကာယဆရာ မယုံနိုင်ဘူးဖြစ်နေတယ်။
* ဒီကောင်က ပါမွှားလေးပါ! သူက စစ်သားမဟုတ် ဘာမဟုတ်နဲ့။ ဘာစစ်သင်တန်းမှ တက်ထားတာလည်းမဟုတ်ဘဲနဲ့။ ဒါတောင် အထူးလေ့ကျင့်ရေးတပ်သားနဲ့ ထိပ်တိုက်တွေ့နိုင်မယ် ထင်နေသေးတယ်။ အိပ်မက်မက်မနေနဲ့ကွ! ငါကြောက်အောင် ဖြဲခြောက်နေတာများ!*
ကာယဆရာဟာ ဘားတန်းဆီရောက်နေတဲ့အချိန် အတွေးတွေနဲ့ နစ်မြောနေတုန်းရှိသေးတယ်။ GuHaiလည်း အခြားတဖက်က ဘားတန်းဆီကို စိတ်ပါလက်ပါနဲ့လျှောက်သွားတယ်။ သူ.. ကာယဆရာနဲ့ အတူတူပြိုင်ပြီး လုပ်ရဲပါတယ်။ အကြောင်းကတော့ နောက်ဆုံး ကျန်ခဲ့မယ့်သူက သေချာပေါက် သူဖြစ်မှာမို့လို့။
( ငါ့ဂျာကင်ကို ယူထားပေး)
GuHai ဂျာကင်ချွတ်ပြီး ယောက်ျားလေးအုပ်စုထဲ ပစ်ပေးလိုက်တယ်။
အခြားတစ်ယောက်ဆီ ဂျာကင်ရောက်သွားတော့၊ BaiLuoYinက ( အဲ့ဒါ ငါ့ပေးထား၊ ဒီဂျာကင်ကို ငါသိမ်းထားပေးမယ် )ဆိုပြီး ထိုကောင်လေးဆီကနေ ယူသွားတယ်။
စိတ်အာရုံဟာ ဘားတန်းမှာပဲ ရောက်နေတော့၊ ထိုကောင်လေးလည်း သူကိုယ်တိုင်တောင်မသိလိုက်ဘဲ GuHaiဂျာကင်ကို BaiLuoYinလက်ထဲ ချက်ချင်း ထည့်ပေးလိုက်တယ်။
( ၁, ၂, ၃, ၄, .....)
GuHaiတစ်ယောက် ဘားတန်းပေါ်မှာ မြဲမြဲမြံမြံ လှုပ်ရှားနေချိန်၊ BaiLuoYin တစ်ယောက်ကတော့ မြက်ခင်းပေါ်မှာ သက်တောင့်သက်သာလေးထိုင်ပြီး တစ်ယောက်တည်း အလုပ်ရှုပ်နေလေရဲ့။ သူ့အတွေးမှာတော့ ( ဘော်ဒါ! အကောင်းဆုံးသာ လုပ်လိုက်စမ်းပါ! မင်း အခေါက်၁၀၀ကျော်မှ ဖြစ်မှာနော်! ဒါမှ ငါလည်း အချိန်ပိုရမှာ!)
အစပိုင်းမှာတော့၊ ယှဉ်ပြိုင်သူ နှစ်ဦးစလုံးဟာ လက်ရည်တူပဲ။ နှစ်ယောက်စလုံး အရှိန်ရတယ်။ ကျောင်းသားကျောင်းသူ အားလုံးလည်း အားရပါးရအားပေးနေကတြာ။ ဒီလိုပွဲမျိုးဆိုတာ ကြည့်ရခဲတာကိုး။
တဖြည်းဖြည်းနဲ့၊ ကာယဆရာရဲ့ မြန်နှုန်းဟာ လျော့သထက်လျော့လာတော့ နှစ်ယောက်သား အခေါက်ရေ ကွာလာခဲ့တယ်။ သူ့ဘေးက GuHaiကတော့ ပင်ပန်းရိပ်တောင်မပြ။
( ဆရာ၊ GuHaiက အခေါက်၁၀၀ရှိသွားပြီ။ ဆရာက ၇၀မှာတင် တစ်နေတာဗျ!)
ဒီစကားကြောင့် ကာယဆရာ ပြိုလဲကျသွားတယ်။ သူ ဘားတန်းပေါ်ကခုန်ဆင်းပြီး လုံးလုံးလျားလျား အရံှုးပေးသွားပြီ။ ကျန်တာကတော့ GuHaiရဲ့ တကိုယ်တော်ရှိုးပွဲပါပဲ။
BaiLuoYin လက်ထဲက အနက်ရောင် အပ်ချည်လည်း အစောပိုင်းကတင် ကုန်သွားပါပြီ။ ဒါပေမယ့် သူလှမ်းကြည့်လိုက်ချိန် GuHaiကတော့ ဘားတန်းဆွဲနေဆဲ။ GuHaiတစ်ယောက် ချွေးတဒီးဒီးနဲ့ လက်မောင်းတွေလည်း နီရဲနေပြီး၊ အသက်ရှူသံတွေလည်း မြန်နေပါတယ်။ ဒါတောင် သူဟာ ဇွဲကောင်းကောင်းနဲ့ ရှေ့ဆက်နေတုန်းပဲ။ အရှုံးသမား ကာယဆရာဟာ အားပေးနေတဲ့ လူအုပ်ကြီးရဲ့ဘေးမှာ ရပ်နေတယ်။ အပြတ်အသတ်ရံှုးခဲ့ပြီမို့၊ သူ စကားတခွန်းမှ မပြောဘဲ ငြိမ်နေပါတယ်။
BaiLuoYinတစ်ယောက် GuHaiကို ကြည့်ရင်း လူမသိသူမသိ အံသြနေမိတယ်။ GuHaiနိုင်မယ်ဆိုတာ သူသိပြီးသားပါ။ ဒါပေမယ့် ဟောဒီလောက် အပြတ်အသတ် နိုင်လိမ့်မယ်လို့တော့ သူ ထင်မထားဘူး။ GuHai ရဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှုဟာ သာမာန်လူတွေ လိုက်မမှီလောက်တဲ့ အဆင့်ကို ရောက်နေပါပြီ။ GuHaiရဲ့စရိုက်ကို အပထား။ ကြံ့ခိုုုင်မှုအပိုင်းနဲ့ ပတ်သတ်ရင်တော့ BaiLuoYin.. သူ့ကို လက်သင့်ခံပြီး အသိအမှတ်ပြုမိပါတယ်။
အတန်းဆင်းခေါင်းလောင်းသံ မြည်လာမှ၊ GuHai ဘားတန်းပေါ်က ခုန်ဆင်းတော့တယ်။ လူတွေ ဘားပြည့်အခေါက်ရေတောင် မရေတွက်နိုင်တော့။ GuHai အခေါက်ရေ ဘယ်လောက်ဆွဲခဲ့တယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ကြ။ ဒါပေမယ့် ဒါတွေက အရေးမကြီးပါဘူး။ အကြောင်းကတော့ ဒီနေ့အတွက် GuHaiရဲ့ဖျော်ဖေပြွဲက အားလုံးမျှော်လင့်ထားတာထက် သာလွန်နေလို့ပါပဲ။
( သူငယ်ချင်းရေ ရေရေလည်လည် မိုက်တယ်ကွာ!) အတန်းဖော် ကျောင်းသားတစ်ယောက်က GuHaiပုခုံးကို ပုတ်ပြောတယ်။
ချီးကျူးစကားကို လက်ခံပြီးတဲ့နောက်၊ အတန်းဖော်လက်ထဲက သူ့ဂျာကင်အကျၤ ီကို GuHaiပြန်ယူပြီး ပုခုံပေါ်တင်လျက် အတန်းထဲပြန်လာခဲ့တယ်။
BaiLuoYinလည်း လူအုပ်ကြီးနောက်ကနေ ဇိမ်ပေနြပေနြဲ့ လိုက်ပြန်ခဲ့တယ်။ သူ့ဘေးမှာ YouQiပါလာပြီး၊ သူ့နောက်က မိန်းကလေးအုပ်စုကတော့ GuHaiအကြောင်း ပြောနေကတြယ်။
( ရူးပြီဟယ်။ သူက သိပ်မိုက်တာပဲ။ ငါတော့ ကြိုက်သွားပြီ)
( သူ့လိုဟာကြီးဆို ညည်းနိုင်မှာမဟုတ်ဘူး။ သူက ဒီလောက်သန်တာ)
( အရင်က ဒီလောက်ရှယ်တဲ့လူကို ဘာလို့များ မမြင်မိတာပါလိမ့်နော်?)
( .........)
YouQiကတော့ ဂိုက်ပေးကြမ်းတုန်းပါပဲ။ ဒါပေမယ့် ဒီနေ့ သူရှုံးခဲ့တာကြောင့် နဲနဲတော့ ရှက်ကိုးရှက်ကန်းဖြစ်နေတယ်။ ပြီးတော့ အခုလို မိန်းကလေးတွေက GuHai အကြောင်း ပြောဆိုနေတာကို ကြားလိုက်ရတော့ YouQiတစ်ယောက် အားပြတ်သွားသလိုပဲ။
BaiLuoYinက ဘာမှမကြားသလိုမျိုး လမ်းသာဆက်လျှောက်နေတယ်။
YouQiက BaiLuoYinရဲ့ မျက်စိရှေ့ လက်ဝှေ့ယမ်းပလြျက်( မင်း ဘာတွေတွေးနေတာလဲ?)
BaiLuoYin ခပ်ပြုံးပြုံးလေး ဖေလြိုက်တာက ( ဘာမှမဟုတ်ပါဘူး)

End of Chapter 17

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now