Chapter 119- သန်းခေါင်ယံ ရန်ပွဲ
အိမ်ပြန်ရောက််တော့ ရေချိုးခန်းမှာ ရေဝင်ချိုးနေတဲ့ BaiLuoYinနဲ့ ဧည့်ခန်းဆိုဖာမှာ ထိုင်နေတဲ့ GuHaiကြား စည်းခြားနေသည်။ GuHaiဟာ သူ့စိတ်သူ တည်ငြိမ်အောင် ကြိုးစားရင်း သူ့ရှေ့တည့်တည့်က သစ်သီးလင်ပန်းကို စိုက်ကြည့်နေသည်။ သစ်သီးဗန်းထဲမှာ ရှိတာက တခုနဲ့တခုလိမ်ယှက်နေကတြဲ့ စပျစ်သီးခိုင်တွေ။
BaiLuoYin ရေချိုးခန်းကထွက်လာတော့ တုတ်တုတ်မှမလှုပ်ဘဲ ငုတ်တုတ်ထိုင်နေတဲ့ GuHaiကို တွေ့ရတယ်။ လက်ထဲမှာ သစ်သီးဗန်းကို ကိုင်ထားပြီး စပျစ်သီးတွေကို တဗျုတ်ဗျုတ်နဲ့ တစ်လုံးချင်း ဖြုတ်စားနေတဲ့ GuHai။ ခရမ်းရင့်နီရောင် စပျစ်ရည်တို့က ဗန်းထဲမှာ အိုင်ထွန်းနေသည်။
BaiLuoYinရေ ဘုရားသာ တထားပေတော့!
စက္ကန့်ပိုင်းအတွင်း BaiLuoYinတစ်ယောက် GuHaiရဲ့အတွေးရထားကို ဦးတည်ချက်ပြောင်းအောင် လုပ်လိုက်နို်င်တယ်။ အိပ်ခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်မသွားခင် သက်သက်မဲ့ ပြဿနာရှာဖို့ ချောင်းနေတဲ့ GuHaiကို မနေနို်င်မထိုင်နိုင် ကျိတ်ဆဲမိတယ်။ ဒါပေမယ့် အိပ်ခန်းထဲ ဝင်မယ့်ဆဲဆဲ အေးစက်စက် ပြောလာတဲ့ GuHaiရဲ့အသံကြောင့် သူခေလြှမ်းတို့ တုံ့ခနဲရပ်သွားကတြယ်။
( ပြန်လာခဲ့စမ်း!) လို့ GuHai အော်ပြောရင်း သူ့ရှေ့က စားပွဲကို ဖျန်းကနဲ ရိုက်လိုက်သည်။ သူ့မျက်လုံးများကလည်း ဒေါသမီးကြောင့် ဝင်းဝင်းတောက်နေသည်။
BailuoYin အခန်းတံခါးရှေ့မှာ တောင့်တောင့်ကြီးရပ်လျက် GuHaiဘက် လှမ်းကြည့်ရင်း စကားကိုဆောင့်ပြောလိုက်တာက ( ဘာတုန်း?)
( ငါ့ကို ရှင်းချက်ထုတ်)
GuHaiကြီး သောကတွေ များနေတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေသည်။ BaiLuoYinက ShiHuiကို ကုန်းပိုးဖူးတဲ့ အကြောင်းတွေကို တွေးလိုက်မိတိုင်း သူ့လက်ထဲက စပျစ်ခိုင်ကို ခပ်ကြမ်းကြမ်း သူဆွဲဖြုတ်မိသည်။
( ဘာရှင်းချက်ထုတ်စရာ ရှိလဲ? ငါနဲ့သူနဲ့က အရင်က တွဲခဲ့ကဖြူးတယ်။ ဒါလည်း ပုံမှန်ဖြစ်တတ်တဲ့ သဘောပဲ။ နေစမ်းပါဦး၊ မင်းက ဘာလုပ်ပိုင်ခွင့်နဲ့ ငါ့ကို စစ်လားဆေးလား လုပ်နေရတာလဲ? မင်းလည်း ဂျင်လုလုနဲ့ အိပ်ခဲ့တာပဲ! ဒီလိုကြေးဆိုရင် မင်းရဲ့ဟိုဝှာတောင် ငါက ဖြတ်ပစ်သင့်တာ မဟုတ်ဘူးလား?!)
DU LIEST GERADE
Are you addicted?Book-1 (Myanmar Translation )
Romantikထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...