Chapter39- ကျပ်မပြည့်ရှာဘူး!
( သားရေ၊ သူငယ်ချင်းကို လိုက်ပို့လိုက်ပါဦး)
BaiLuoYinဟာ GuHaiနောက်ကနေလိုက်လာပြီး ခြံတံခါးဝထိ ရောက်လာတယ်။ GuHaiက သူ့စက်ဘီးသူ တွန်းလျက် BaiLuoYinကို တာ့တာလုပ်ရင်း ( ဒီလောက်ဆို ရပြီ။ မင်း အိမ်ထဲပြန်ဝင်တော့)
BaiLuoYin တုတ်တုတ်မှ မလှုပ်။ ( မင်းအိမ်က ဘယ်နားမှာလဲ၊ ဒီအနီးအနားမှာပဲလား?)
GuHai စိတ်ပူလာတယ်။ ( ဘာလို့တုန်း? ငါ့အိမ်ကို လိုက်လည်ချင်လို့လား?)
( ဟင့်အင်၊ မင်းကို အိမ်ပြန်ပို့ပေးမလို့)
ဒီစကားတွေဟာ နွေးထွေးတဲ့စကားလုံးတွေဖြစ်ပေမယ့်လို့ GuHaiတစ်ယောက် စိတ်ထဲ နေသာထိုင်သာမရှိ။
( ငါက ယောက်ျားပါကွ။ တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်းစရာလား? သွား သွား မင်းအိမ်ထဲပြန်ဝင်တော့။ အပြင်မှာ အေးရအေးနဲ့။ ငါ စက်ဘီးနဲ့ဆို ၁၀မိနစ်အတွင်း အိမ်ရောက်သွားမှာ)
BaiLuoYinက ခြံတံခါး အပြင်တောင်ရောက်နေပြီ။ လမ်းမီးတိုင်အောက်မှာ GuHaiကို လက်ဝှေ့ရမ်းပရြင်း ( လာစမ်းပါကွာ!) လို့ တခွန်းပဲ ပြောလိုက်တယ်။
အဲ့ဒီစကားတခွန်းမှာ မမြင်နိုင်တဲ့ တွန်းအားတခုရှိနေသလိုမျိုး အမိန့်တော်အတိုင်း GuHaiတစ်ယောက် BaiLuoYin နောက် ကုပ်ကုပ်လေး လိုက်သွားတော့တယ်။
နှစ်ယောက်သား ပေတစ်ရာလမ်းမကြီးပေါ် လမ်းလျှောက်နေကတြယ်။ လမ်းဘေး ဝဲယာမှာတော့ မိုးမခပင်တွေရဲ့ အရွက်တွေက ကုလားကာလေးလို ဖြာကျနေတယ်။ သစ်ကိုင်း သစ်ခတ်တို့က လေယူရာ ယိမ်းထိုးနေကတြယ်။ လေတဝှေ့မှာ အဝါရောင် သစ်ရွက်လေးတွေ မြေပြင်ပေါ် ကြွေကျသွားပြန်ရော။ မသိလိုက် မသိဖာသာနဲ့ ဆောင်းဦးက ဝင်လာပါပေါ့တကား။ ဘေဂျင်းရဲ့ဆောင်းဦးက အလွန့်အလွန်ကို နေသာထိုင်သာရှိပါတယ်။ နွေရာသီရဲ့အပူလှိုင်းတွေ အပြီးမှာတော့ ဆောင်းဦးရဲ့ လေနုအေးက ရောက်ချလာခဲ့ပါပြီ။ ညင်သာတဲ့ လေပြေလေးတွေ သူတို့နှစ်ယောက်ဘေးက ဖြတ်တိုက်သွားတာဟာ နွေဦးလေပေနြဲ့မတူဘဲ လေတချက် ဖြတ်တိုက်သွားတိုင်း ချမ်းစိမ့်စိမ့်ဖြစ် ဖြစ်သွားတယ်။
( ဒီနေ့ မင်း ထမင်းစားကောင်းရဲ့လား?)
BaiLuoYinတစ်ယောက် အခုလို နုနုညံ့ညံ့ပြောတာ ရှားပါတယ်။ တိတ်ဆိတ်တဲ့ ဆောင်းညလယ်က သူ့စိတ်ကို နုညံ့သွားစေတာများလား။ ဒါမှမဟုတ် သူတို့အိမ်ကို လာလည်ပြီး ပထမဆုံးအကြိမ်စားတဲ့ ညစာစားပွဲမှာ စိတ်မချမ်းမြေ့စရာ မြင်ကွင်းနဲ့ GuHai ကြုံတွေ့လိုက်ရလို့ BaiLuoYin တစ်ယောက် စိတ်မကောင်းဖြစ်နေတာလည်း ဖြစ်နိုင်တာပါပဲ။
( စားလို့အရမ်းကောင်းတယ်)
အခုလို တိတ်ဆိတ်တဲ့ညမှာ GuHaiရဲ့လေသံထဲ ရိုးသားတဲ့အငွေ့အသက် ပါနေတယ်။ ဒါ့ကြောင့် သူ့စကားဟာ မယုံနိုင်စရာ မရှိပါဘူး။
( ငါ့အဘိုး အသက်ရှိတုန်းကလည်း မင်းအဘိုးလိုပါပဲ။ ငါ့အဘိုးက မင်းအဘိုးထက် ပိုတောင် ဆိုးလိမ့်ဦးမယ်။ စားသောက်နေတုန်း အဘိုးက အန်ထုတ်နေကျ။ ပြီးတော့ အန်ဖတ်တွေကို ထပ်စားချင် စားနေတာ။ ပြီးတော့ လေဖြတ်ပြီး အဘိုး အိပ်ယာဖျာကပ် အကြာကြီးဖြစ်လိုက်သေးတယ်။ အလေးရော အပေါ့ရော သူ့ကုတင်ပေါ်မှာပဲ သွားတာ။ ဒီတော့ ဒါမျိုးတွေ ငါရိုးနေပြီ...)
GuHai ပြောလို့သာပြောနေပေမယ့်၊ သူ့ရင်ထဲမှာတော့ ယူကြုံးမရဖြစ်နေတယ်။ သူ့အဘိုးဟာ သူရဲကောင်းတစ်ဦးပါ။ သူတို့Guမိသားစုရဲ့ ဂုဏ်အယူရဆုံးသော သူရဲကောင်းကြီးပေါ့။ GuHai မမွေးခင်၊ ဘိုးဘိုးကုဟာ တိုင်းပြည်အတွက် ရဲစွမ်းသတ္တိရှိရှိ အသက်ကိုပေးလှူခဲ့တာ။ အခု သူ့အဖေနဲ့ သူ့ဦးလေးတို့ ရနေတဲ့ အခွင့်ထူးခံ အာဏာတွေ ပါဝါတွေဟာလည်း သူ့အဘိုးကြောင့် အစိုးရက ပေးထားတာဖြစ်တယ်။ မဟုတ်လို့ကတော့ Guမိသားစုမှာ အခုလို အထက်တန်းစားအလွှာထဲ ပါမယ် မထင်ပါဘူး။
်ဘBaiLuoYin ပြုံးရုံသာ ပြုံးနေပြီး ဘာမှပြန်မပြောပါ။
GuHaiက သူ့ဘေးမှာရှိတဲ့ BaiLuoYinကို ခေါင်းငဲ့ကြည့်လိုက်ပြီးတဲ့နောက်၊ တဖန် မြန်မြန်ပဲ ရှေ့ကိုပြန်လှည့်သွားတယ်။ BaiLuoYinရဲ့မျက်နှာထားဟာ မှန်းဆလို့မရ။ သူ့မျက်လုံးတွေက ရှေ့တူတူကို လွတ်လပ်စွာ ကြည့်နေတာမျိုး။ ငြိမ်နေတဲ့ BaiLuoYinဟာ နင့်နေအောင် ချစ်ဖို့ကောင်းနေတယ်။ စကားလုံးနဲ့ဖော်ပလြို့မရတဲ့ စရိုက်လက္ခဏာတခုကို အများနားလည်အောင် ပြောပဖြို့ တော်တော်ခက်ပါတယ်။ လမ်းမီးရောင်ကြောင့် BaiLuoYinရဲ့မျက်နှာတခြမ်း အလင်းဟပ်နေတော့ ဝိုးတဝါးဆန်တဲ့ ဆွဲဆောင်မှုတမျိုးကို ခံစားရစေတယ်။ တစ်ယောက်ယောက်ကသာ BaiLuoYinကို ခပ်ကြာကြာ ကြည့်နေမယ်ဆို၊ ကြည့်မိသူရဲ့နှလုံးသားဟာ ကုတ်ခြစ် ဆုပ်ဖဲ့ခံနေရသလို ဖြစ်နေမှာ။ အဲ့ဒီခံစားချက်ကြီးက အခံရခက်တယ်ဆိုပေမယ့် မြင်ကွင်းက လှလွန်းနေတာကြောင့် ကိုယ့်စိတ်ကိုယ် အလိုလိုက်ပြီး ဆက်ကြည့်မိမှာပဲ။
ဒီမှာ မှော်ဆန်ဆန် ညှို့ငင်ဖမ်းစားတဲ့ဓာတ်သာ ပါပါတယ်။ ကျားတွေ မတွေကို ထည့်မပြောလိုပါ။ လှပတဲ့ မြင်ကွင်းကြောင့် ကြည်နူးစိတ်တွေပြည့်လာတော့ GuHaiဟာ သူကိုယ်တိုင်နဲ့ သူ့ဘေးမှာ ကပ်လျှောက်နေတဲ့ လူသားတို့ကြားက မညီတဲ့အဆင့်အတန်းတွေ မတူတဲ့ စရိုက်တွေကိုတောင် မေ့သွားပါပြီ။
( မင်း နာမည်ကို ဘာလို့ ပန်းစာလုံးနဲ့ ရေးတာလဲ?)
ဒီစကားကြောင့် GuHaiရဲ့အတွေးကြောကြီး ပြတ်တောက်သွားတယ်။
( အော် ဒါလား။ ငါ့ရည်းစားက ငါ့အတွက် ဒီဇိုင်းတခုထွင်ခိုင်းပေးပြီး၊ ငါ့ကို သင်ခိုင်းထားတာ။ အချိန်ကြာလာတော့ အကျင့်ဖြစ်သွားပြီး ငါ ပြင်ချင်ရင်တောင် ပြင်လို့မရတော့ဘူး)
BaiLuoYin လွှတ်ခနဲ ပြောလိုက်တယ်( အကျင့်ဆိုးကြီး)
GuHaiဟာ BaiLuoYinကို စစ်တပ်ထဲမှာ အလေးပြုသလို စလုရိုက်လျက် ( ဟုတ်ကဲ့။ ဆရာBai ပြောတာမှန်ပါတယ်။ ကျွန်တော် အကျင့်ဆိုးကို ကြိုးစားပြင်ပါ့မယ်)
ဒီလိုနဲ့ နှစ်ယောက်သား စလိုက်နောက်လိုက်နဲ့ လုပ်လာကရြင်း၊ လမ်းခရီးတဝက်တောင် ကျိုးခဲ့ပြီ။ GuHai ခံစားမိတာ- သူ BaiLuoYinကို အိမ်ခေါ်သွားလို့တော့ မဖြစ်ဘူးဆိုတာပဲ။ ဒါ့ကြောင့် သူဟာ ခရီးကို တကွေ့တပတ်ကြီးသွားနေတော့ သူ့လျှိုဝှက်ချက် မပေါ်သေးဘူးပေါ့။
( အယ်...)
BaiLuoYinရဲ့ မြူးထူးတဲ့ အာမေဍိတ်သံကို ကြားတော့ GuHai လှည့်ကြည့်တယ်။ နှင်းပွင့်လို ဖြူစွတ်နေတဲ့ အမွှေးဖွာဖွာ ခွေးကြီးတစ်ကောင်။ ခန္ဓာကိုယ်ကလည်း ထွားသလို၊ အပေါက်လည်း ဆိုးပေါ်မရတဲ့ ခွေးတစ်ကောင်ကို ဘွားခနဲ တွေ့လိုက်ရတယ်။ BaiLuoYinက ဆောင့်ကြောင့်ထိုင်ချပြီး ခွေးကို ဟိုဟိုဒီဒီ ကိုင်နေပြီး၊ သူ့မျက်နှာပေါ်မှာလည်း အပျော်ရိပ်သန်းနေတယ်။
( ဒီ စမွိုင်းခွေးလေးက လှချက်ကွာ)
BaiLuoYin ပြောနေတုန်းရှိသေး၊ ခွေးပိုင်ရှင်က သူတို့့ဆီ အသော့ပြေးလာတယ်။ သူ ထရပ်ပြီး ခွေးနဲ့ ခွေးပိုင်ရှင် မြင်ကွင်းအောက်က ပျောက်သွားတဲ့အထိ တသသနဲ့ လှမ်းကြည့်နေတယ်။
( မင်း ခွေးချစ်တယ်ပေါ့?) GuHai မေးတယ်။
BaiLuoYinက ရယ်သွမ်းသွေးလျက် ( ခွေးတွေက ငါ့ကိုချစ်တာ။ တခါတလေဆို ကိုက်တတ််တဲ့ခွေးတောင် ငါနဲ့တွေ့ရင် ငြိမ်ကုပ်နေတာ)
GuHai မျက်လုံးတို့ ပေကလပ် ပေကလပ်ဖြစ်သွားတယ် * သူ ငါ့များစောင်းမြောင်းပြောနေသလား မှတ်ရတယ် *
( မင်း ခွေးချစ်ရင်၊ မင်းကို ငါတစ်ကောင်ဝယ်ပေးမယ်)
BaiLuoYinက ဘာရယ်မဟုတ်ဘဲ ပြန်ပြောလိုက်တယ်။ ( မင်းက ဘယ်မှာ ပိုက်ဆံရှိလို့တုန်း?)
(....)
GuHaiတစ်ယောက် ရင်ထဲမှာတော့ တဆစ်ဆစ်နဲ့။ * စမွိုင်းမပြောနဲ့ မင်းလိုချင်ရင် တိဘတ်ခွေးကြီးတောင် ငါဝယ်ပေးနိုင်သေးတယ် *
လက်တွေ့မှာ အခုလို ဆင်းရဲဟန်ဆောင်ရတာ စိတ်တိုင်းကျ ဘာမှလုပ်လို့မရ။
( မင်းတို့အိမ်က ဒီရပ်ကွက်ထဲမှာပဲဆို? ဘာလို့ ဒီလောက်တောင် အကြာကြီးလမ်းလျှောက်နေရတာလဲ?)BaiLuoYin သံသယစဝင်လာတယ်။
GuHaiက ကိုယ်ကို မတ်ပြီး၊ BaiLuoYin ပုခုံးကိုပုတ်ရင်း ( အခုလို စက်ဘီးကိုတွန်းနေမှတော့ နှေးတော့မှာပေါ့။ အခု ငါ စက်ဘီးနင်းသွားမှာမို့ မင်းလည်း ဒီကနေပဲ လှည့်ပြန်လိုက်တော့)
BaiLuoYin အိမ်ဘက်လှည့်ပြန်လာခဲ့တယ်။
BaiLuoYin နောက်ပြန်လှည့်သွားတာ သေချာပြီဆိုမှ GuHai စက်ဘီးစနင်းတော့တယ်။
BaiLuoYinက မှောင်မဲနေတဲ့ လမ်းကြားလေးထဲ လျှောက်ဝင်သွားပြီး၊ နောက်လှည့်ကြည့်တဲ့အချိန် သူတို့လမ်းလျှောက်လာခဲ့ကတြဲ့လမ်းအတိုင်း လမ်းထောင့်ကနေ စက်ဘီးပြန်ကွေ့သွားတဲ့ GuHaiကို မြင်လိုက်ရတယ်။
*ထင်တဲ့အတိုင်းပဲ....*
BaiLuoYin တကယ့်ကို စပ်စပ်စုစုနဲ့ သိချင်လွန်းလို့ GuHaiကို နောက်ယောင်ခံလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
တကယ်တော့ GuHaiကို အိမ်ပြန်လိုက်ပို့မယ်ပြောတာဟာ အပေါ်ယံ ဟန်ဆောင်တာ။ ရည်ရွယ်ချက်အမှန်က GuHaiတို့အိမ် ဘယ်နားမှာလဲဆိုတာ သိချင်တာ။ အကြောင်းကတော့ GuHaiတို့အိမ်နေရာကို မေးတိုင်း၊ Guhaiက အမြဲတမ်း လျှိုထားတယ်။ နောက်ပြီး စကားလမ်းကြောင်းလည်း လွှဲပစ်တတ်တယ်။ ဒါပေမယ့် GuHaiနဲ့အတူတူ နာရီဝက်လောက် လမ်းလျှောက်လာတာတောင် သူတို့အိမ်ကို မရောက်နိုင်ဘူးဆိုတော့၊ GuHaiနောက်ကနေ တိတ်တိတ်လေးလိုက်သွားပြီး ဖာသာစုံစမ်းကြည့်ဖို့သာ BaiLuoYin စိတ်ပိုင်းဖြတ်လိုက်တာ။
GuHai စက်ဘီးနင်းပြီး အိမ်ပြန်နေတုန်း၊ တခုခု မှားနေပြီလို့ သူအာရုံရနေတယ်။ သူ့နောက်က ခေသြံတွေဟာ ခပ်အုပ်အုပ်ဆိုပေမယ့် ပုံမှန်မဟုတ်ဘူးဆိုတာတော့ သူရိပ်မိတယ်။ သူ နောက်ပြန်လှည့်မကြည့်ရင်တောင် ခေသြံကိုကြားရုံနဲ့ အဲ့ဒီလူရဲ့ အရပ်အမောင်း၊ ကိုယ်အလေးချိန်နဲ့ ပုံပန်းသဏ္ဍာန်ကို သူ လွယ်လွယ်နဲ့ မှန်းဆနိုင်တယ်။
အဲ့ဒီခေသြံက BaiLuoYinမှ BaiLuoYinပဲ။
*ဒီကောင်လေးကတော့ မလွယ်ဘူး*
GuHai မျက်လုံးတို့ကို မှေးကျဉ်းလျက် ခေနြင်းကွက်ကိုတော့ ဖြေးဖြေးနဲ့ပုံမှန်လေး နင်းနေတာကြောင့် ဖိအားစိတ်ရှိနေမှန်း နည်းနည်းလေးမှ မသိသာပါ။
များမကြာခင် GuHaiတစ်ယောက် သူငှားနေတဲ့နေရာကို ရောက်လာပါပြီ။
အဲ့ဒီနေရာဘေးကပ်မှာ ခြံသေးသေးလေးနဲ့ ၁ထပ်တိုက်လေး တစ်လုံးရှိတယ်။
GuHai အခက်တွေ့နေပါတယ်။ သူ ငှားနေတဲ့အိမ်ထဲ ဝင်သွားဖို့မဖြစ်နိုင်ပါ။ သူ ဝင်သွားလိုက်တာနဲ့ ဒါဟာ ငှားထားတဲ့အိမ်ပဲလို့ BaiLuoYin ချက်ချင်း သိသွားမှာစိုးလို့။ ဒါဆို အရင်က သူပြောထားသမျှဟာလည်း အလိမ်အညာတွေပဲလို့ ထင်သွားနိုင်စရာရှိတယ်။ BaiLuoYinစိိိတ်ထဲက သူ့အတွက်ပုံရိပ်ကို ထိခိုက်ခံလို့မဖြစ်လို့၊ GuHai စွန့်စားကြည့်ခဲ့ပါတယ်။
သူငှားနေတဲ့အိမ်ဘေးက အဘိုးအဘွားလင်မယားနှစ်ယောက်နေကတြာ။ ဒီအချိန်လောက်ဆို သူတို့တွေလည်း အိပ်လောက်ရောပေါ့။ BaiLuoYinရဲ့ သံသယစက်ကွင်းက လွတ်မြောက်ရေးအတွက် ဟိုဘက်ခြံထဲကို GuHai ဝင်သွားတော့မှာပါ။ နောက်မှ နှစ်အိမ်ကြားက အုတ်တံတိုင်းပေါ်ကိုကျော်ပြီး သူ့တကယ်နေတဲ့ အိမ်ထဲကို အရောက်သွားမယ်ပေါ့။
ဒီလိုအကြံရတာနဲ့ GuHaiဟာ ကြေးနန်းမျှင်လေးကို အမြန်ယူပြီး သော့ခလောက်ကို ဖွင့်တယ်။ ပြီးတော့ ခပ်တည်တည်နဲ့ ခြံထဲကို စက်ဘီးသွင်းသွားပြီး သူ့နောက်က ခြံဝန်းတံခါးကို ပိတ်ခဲ့တယ်။ ဒါတွေပြီးမှ သူ သက်ပြင်းချနိုင်တော့တယ်။
နဲနဲအလှမ်းကွာတဲ့အတွက် BaiLuoYin ပြန်သွား မသွားတော့ သူ မပြောတတ်။
ဒါပေမယ့် သူ အပြင်ပြန်မထွက်တော့။ ကံကောင်းချင်တော့ အုတ်တံတိုင်းလေးက နိမ့်နိမ့်လေးမို့ ဟိုဖက်ခြံထဲ သူ့စက်ဘီးကို ပစ်ထည့်လိုက်ပြီး သူကိုယ်တိုင်ကတော့ တံတိုင်းပေါ်ကနေ ခုန်ကျော်သွားလိုက်တယ်။
နောက်ဆုံးတော့ သူ ဒီကာလကြီးကို ကျော်ဖြတ်နုိုင်ခဲ့ပါပြီ။
တနင်္ဂနွေနေ့ မနက်စောစော၊ GuHai စက်ဘီးထုတ်လာစဉ် ရှေ့ဘီးလေးက အိမ်ပေါက်ဝကို ကျော်ကာစ၊ ချက်ချင်းပဲ စက်ဘီးက ခြံအတွင်းဘက်ကို ဘတ်ပြန်ဆုတ်သွားတယ်။
*ဘာတုန်းဟ*
ဟိုဘက်ခြံပေါက်မှာ BaiLuoYinကို တွေ့လိုက်ရတော့ GuHai လန့်သွားတာ။ မိုးထိုးမတ်တပ် ရပ်နေပုံပေါက်ရင်တော့့ BaiLuoYinတစ်ယောက် သူ့ကိုစောင့်နေတာ သေချာပါတယ်။
*ငါ အခု ဘယ်လိုလုပ်ရမလဲ*
* ငါ ဟိုဖက်ခြံထဲ ခုန်ဆင်းပြီး ထွက်ရကောင်းမလား*
GuHaiက ဟိုဖက်ခြံကို ချောင်းကြည့်လိုက်တော့ ဦးလေးကြီးတစ်ယောက် အပင်တွေရေဖြန်းနေတယ်။
* ဘယ်လိုလုပ် ခုန်ဆင်းရမှာလဲ *
GuHaiနဖူးမှာ ဇောချွေးတွေ သီးလာတယ်။
နောက်ဆုံးမှာတော့ သူ အကြံရသွားခဲ့့ပြီ။
ဟိုဖက်ခြံထဲ စက်ဘီးကြီးကို သူပစ်ချလိုက်တော့၊ ဂွမ််းခနဲ မြည်သွားတယ်။
အဲ့ဒီအသံကြောင့် ရေဖြန်းနေတဲ့ဦးလေးကြီး ကြောင်သွားတယ်။ သူလှည့်ကြည့်လိုက်တော့ တံတိုင်းပေါ်မှာ မတ်တပ်ရပ်နေတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့တယ်။ စက်ဘီးတစ်စီးကတော့ ကြမ်းခင်းပေါ်မှာ တုံးလုံးပက်လက်။
( အဘိုး ကျွန်တော့်စက်ဘီးလေး အဘိုးခြံထဲ ကျသွားလို့။ ကျွန်တော် ပြန်ကောက်လို့ရမလား?)
အဲ့ဒီဦးလေးကြီးက ဒေါခီးနေတယ်။
( စက်ဘီးတစ်စီးလုံး ဘယ်လိုလုပ်ကျလာရသတုန်း? မင်းက အုတ်တံတိုင်းပေါ် တက်စီးနေလို့လား?)
ဒီလိုအဆူအဆဲလေးတွေကို GuHai မမှုပါဘူး။ သူ့ "နတ်ဘုရားလေး"က အပြင်မှာစောင့်နေပြီမို့ GuHaiတစ်ယောက် အရူးကွက်နင်းပါတော့တယ်။
( တော်ပါပြီဗျာ၊ ကျွန်တော့်စက်ဘီးကိုကောက်ပြီး ဒီဘက်ကို ပစ်ပေးလိုက်ပါလား)
အဲ့ဒီဦးလေးကြီးက သူ့ဖက်ကိုလျှောက်လာပြီး မျက်နှာမှာလည်း စိုးရိမ်ပုံပေါက်နေတယ်။
( မင်းကလည်းကွာ ဟိုဖက်ခြံထဲ ဘာပစ်စရာလိုသလဲ? ဒီအပေါက်ကနေပဲ စက်ဘီးကိုတွန်းထွက်သွားလိုက်ပါ့လား?)
GuHaiက ကလေးတစ်ယောက်လို ဦးလေးကြီးကို သွားဖြဲပလြျက်၊ ဒီလူကြီး သူဘာဖြစ်ချင်မှန်းသိနေပါလားဆိုပြီး အကျနေပ်ကြီး ကျနေပ်နေပါတော့တယ်။
ဒါနဲ့ပဲ GuHaiဟာ စက်ဘီးကို ခြံဝန်းတံခါးကနေ ပေါ်တင်ပဲ တွန်းထွက်လာပါတော့တယ်။
ဥိီးလေးကြီးဟာ GuHaiရဲ့နောက်ကျောကို သနားစိတ််နဲ့ ရပ်ကြည့်နေခဲ့တယ်။
( အော် ဒီကလေး.. ရုပ်ကလေးက ကြည့်ကောင်းရဲ့သားနဲ့ ကျပ်က မပြည့်ရှာဘူး!)
—————————————
ZhouSiHu နာရီကြည့်တယ်။ ကျောင်းရောက်ဖို့ ၁၀မိနစ်လောက် လိုသေးတယ်။
ဘေးထိုင်ခုံမှာ ထိုင်နေတဲ့ LiShuoကတော့ iPadဆော့့နေတယ်။
SiHu အိပ်ငိုက်နေတုန်းပဲ။ သူ ခဏခဏ သမ်းနေတယ်။ သူတို့နှစ်ယောက် JinLuLuကို အသုံးတော်ခံရင်း ဒီကျောင်းပိတ်ရက်ကုန်ခဲ့တယ်။ လုလုဟာ GuHaiကို ဆက်သွယ်လို့မရတာနဲ့ပဲ သူတို့နှစ်ယောက်ကို ချောဆွဲသွားခဲ့တာ။ မနေ့ညက အဲ့ဒီသခင်မလေးကို သူတို့တွေ Tianjinကို ပို့ပေးနိုင်ခဲ့တာ။
သူတို့နှစ်ယောက် ဟိုတယ်တခုမှ ခဏလေး ဝင်မှေးပြီး အခု အစောကြီး ကျောင်းကို ထသွားနေရတယ်။
သူ့ဘေးက တသမ်းသမ်း တဝေဝေအသံကို LiShuoကြားတော့ ပင်ပန်းနွမ်းနယ်နေတဲ့ SiHuဘက်လှည့်ပြီး ( မင်း မောင်းနိုင်သေးလား? မမောင်းနိုုင်တော့ရင် ငါမောင်းပေးမယ်)
( ရောက်တောင်ရောက်တော့မယ်။ အခုမှမင်းမောင်းလို့ ဘာထူးမှာလဲ?)
LiShuoက သွားဖြဲပြနေတုန်း၊ လမ်းဘေးတစ်နေရာမှာ သဏ္ဍာန်တခုကို ရိပ်ခနဲ သူတွေ့လိုက်တယ်။
( ခဏလေး၊ အရှိန်နဲနဲလျှော့လိုက်!)
SiHuက ဘာလို့မှန်းမသိတော့ အော်ပစ်တယ်။ ( အရှိန်လျှော့ရင် ကျောင်းကို ဘယ်မှီတော့မလဲကွ)
( အဲ့လိုပြောတာ မဟုတ်ဘူး) LiShuoက သမင်လည်ပြန်လှည့်ကြည့်ရင်း မျက်လုံးတွေ ကျွတ်ထွက်တော့မတတ် ဖြစ်နေတယ်။ ( အဲ့ဟိုနောက်မှာ စက်ဘီးနင်းသွားတဲ့လူက DaHaiနဲ့ အရမ်းတူလွန်းနေတယ်လို့ ငါထင်တာပဲ!)
ZhouSiHuလည်း နောက်ကြည့်မှန်ကတဆင့် ကြည့်ဖြစ်တယ်။
( တကယ်ကြီးလား။ အေး တူလိုက်တာကွာ)
LiShouက မျက်လုံး ပေကလပ် ပေကလပ်နဲ့ ( အဲ့ဒါ သူပဲ!)
( သူပဲ ဆိုတာ ဘာအဓိပ္ပာယ်လဲ?) ZhouSiHuက ဝတ်ကျတေန်းကျေလေးပဲ ကြည့်လိုက်ပြီး လီဗာကို နင်းပစ်လိုက်တယ်။ ( မင်းကြည့်လေ၊ အဲ့ဒီလူက ကြုံလှီနေတာ! DaHai ဘယ်လိုဖြစ်မှာလဲ? ပြီးတော့ DaHaiမှာ ဒီလောက် ကားတွေပေါတာ။ ဘာကိစ္စ စက်ဘီးအစုတ်လေး စီးနေမှာလဲ? မင်း ဦးနှောက်တောင် သုံးဖို့မလိုဘူး။ DaHaiဟာ ဒီလောက် နွမ်းပါးတဲ့ပုံ ပေါက်နေစရာလား?)
ဒါဟာ ကျိုးကြောင်းဆီလျော်တယ်လို့သာ LiShouတွေးလိုက်ပြီး၊ သက်ပြင်းကို မှုတ်ထုတ်လိုက်တယ်။
( DaHai ဒီကောင် ဘယ်တွေလျှောက်သွားနေသလဲကွာ?....)End of Chapter 39
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...