Chapter 94- မတရားသဖြင့် ပိုက်ဆံရှာသူများ

1.9K 187 0
                                    

Chapter 94- မတရားသဖြင့် ပိုက်ဆံရှာသူများ

( ငါ့ပိုက်ဆံတွေ ကုန်ခါနီးပြီ )

GuHai ဒီလိုပြောလာတော့ BaiLuoYin မအံ့သမြိပါ။

( မင်း ပိုက်ဆံသုံးပုံလည်း ကြည့်ဦးလေ၊ ပိုက်ဆံ ဘယ်လောက်ရှိရှိ၊ လောက်မှာမဟုတ်ဘူး)

( ငါ ဘယ်တုန်းက အသုံးကြမ်းလို့တုန်း?) GuHaiရဲ့လေသံက မကျနေပ်သံထွက်နေတယ်။ ( ဒီအိမ်မှာ ပရိဘောဂတွေ မရှိလို့မှ မဖြစ်တာ။ ဟုတ်တယ်မလား? ပရိဘောဂ အဆောင်အယောင်ဆင်ဖို့ဆို ငါတို့ ငွေလိုတယ်လေ။ ငါ့ နေ့စဉ်သုံး ကုန်ကျစရိတ်ကလည်း ရှိသေးတယ်မလား? အခု ငါ့မှာ ဝင်ငွေ ရပေါက်ရလမ်းလည်း မရှိတော့ဘူး။ ဒါပေမယ့် စရိတ်တွေကတော့ ကုန်နေသေးတော့ မရှိမဲ့ ရှိမဲ့ ပိုက်ဆံလေးလည်း ကုန်ပြီပေါ့ဟ!)

BaiLuoYinက GuHaiကို ကြည့်ရင်းမေးတာက ( မင်းအဖေက မင်းကိုပိုက်ဆံ ပေးမထားဘူးလား?)

( သူကတော့ ပေးတာပေါ့။ ငါက မယူတာ)

( မင်းက ဘာကိစ္စမယူရတာလဲ?) BaiLuoYin သိချင်ပါတယ်။ ( သူက မင်းအဖေပဲဥစ္စာ။ သူ့ပိုက်ဆံဟာ မင်းသုံးပိုင်ခွင့်ရှိတာပဲ)

( ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြောရရင်၊ ငါ အိမ်ကထွက်လာတုန်းက နောင်ကျရင် သူ့ပိုက်ဆံ ငါမယူဘူးလို့ အဖေ့ကို ငါ့သဘောထားတွေ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသား။ အခုကျ ငါတို့ဆက်ဆံရေးက ပိုကောင်းလာတယ်ဆိုရပေမယ့်၊ ပြောပြီးသားစကားက ပြောပြီးသားပဲလေ။ ပြီးတော့ ငါလည်း သူ့ဆီက ပိုက်ဆံမတောင်းတာ ၂လရှိပြီ။ အခုလို ဘဝနဲ့လည်း ငါအသားကျနေပါပြီ။ အခုမှ အဖေ့ဆီက ပိုက်ဆံတောင်းရင်ကျ နဲနဲလေး တမျိုးဖြစ်နေလို့ )

( မင်းကလည်း ကိုယ့်အဖေပေါ် မာနထားနေရသလား?)

GuHai ဘာမှမပြောတော့။

BaiLuoYin ကိုယ်ကို လှည့်လာပြီး GuHaiကို ကြည့်ရင်း ( မင်းစိတ်ထဲ မင်းအဖေအပေါ် စိတ်နာနေတုန်းပဲလား?)

GuHaiရဲ့မျက်လုံးတွေဟာ အေးစက်စက်နဲ့။ ( ငါ သူ့ကို တသက်လုံး စိတ်နာနေဦးမှာပဲ)

( ဒါတွေအားလုံးဟာ အထင်လွဲမှားမှုတွေ ဖြစ်နိုင်တယ်လို့ မင်းမတွေးမိဘူးလား။ မင်းအမေရဲ့သေဆုံးခြင်းဟာ မတော်တဆဖြစ်ရပ်လည်း ဖြစ်ချင်ဖြစ်နေမှာပေါ့ မဟုတ်ဘူးလား? ငါက ဘယ်သူ့အတွက်မှ ဆင်ခေဝြင်ပေးနေတာ မဟုတ်ဘူး။ ငါက ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေချင်လို့ပါ။ အဓိပ္ပာယ်မရှိဘဲ အာဃာဒတွေထားခြင်းဟာ ကို်ယ့်ကိုယ်ကို ညှင်းပန်းခြင်းတမျိုးပဲကွ။ ဆုံးတဲ့သူက ဆုံးသွားပြီပဲ၊ မင်းမှာ မိသားစုရယ်လို့ ကျန်ခဲ့တာဆိုလို့ ဒီအဖေတစ်ယောက်တည်း မဟုတ်လား)

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now