Chapter 86- ဟာသမြောက်တဲ့ ရည်းစားစာ

1.9K 203 5
                                    

Chapter 86- ဟာသမြောက်တဲ့ ရည်းစားစာ

ကျောင်းဆင်းခါနီး  နောက်ဆုံးအချိန်အရောက်တော့ GuHaiက သန့်စင်ခန်းသွားနေတယ်။ သူ မရှိတုန်း ကျောင်းသားတစ်ယောက် ခိုးချောင်ခိုးဝှက်နဲ့ BaiLuoYinရဲ့ စာသင်စားပွဲဆီ ရောက်လာတယ်။

ဒီအတန်းထဲမှာ ပဌြာန်းမထားပေမယ့် အားလုံးလိုက်နာရမယ့် စည်းကမ်းကတော့ GuHai ရှိနေရင် BaiLuoYin အနားကို ဘယ်သူမှ ကပ်ခွင့်မရှိဘူး ဆိုတာပဲ။ GuHaiရဲ့အစွဲအလမ်းကြီးတဲ့ အကျင့်ကတော့ သာမာန်ထက် ကျော်လွန်နေပါတယ်။ အဲ့ဒါကြောင့် BaiLuoYinအနားကို ကပ်တော့မယ်ဆိုရင် Guhaiရဲ့ခွင့်ပြုချက်ကို အရင်ယူရလိမ့်မယ်။ မိန်းကလေးတွေ BaiLuoYin စားပွဲနားက ဖြတ်လျှောက်ပြီဆို၊ GuHaiက မျက်ထောင့်နီကြီးနဲ့ ကြည့်ပြီး သူမတို့ရဲ့စားပွဲဆီ ပြန်သွားဖို့ မျက်ရိပ်ပတြာ ခံရတယ်။ ယောက်ျားလေးတွေ ချဉ်းကပ်မိပြီ ဆိုရင်တော့၊ နောင်ကြဉ်သွားအောင် သူတို့တွေကို GuHaiက လုပ်ပစ်တယ်။

( ကိုကြီးဘိုင်၊ ကျွန်တော့်ကို ကူညီပါဦးဗျာ)

BaiLuoYinက ထိုကျောင်းသားကို တချက်ကြည့်ရင်း ( ဘာလဲ?)

( ဟိုဖက်အခန်းက ကောင်မလေးကို ကျွန်တော်လိုက်နေတာ။ သူ့ကို ရည်းစားစာပေးချင်ပေမယ့်၊ ကျွန်တော်က ကောင်းကောင်း မရေးတတ်လို့။ ကျွန်တော် ရေးလိုက်တိုင်းလည်း လိုရင်းကိုမရောက်ဘူးဖြစ်နေတယ်။ ကျွန်တော်ကိုယ်တိုင်ရေးလိုက်ရင် အဲ့ဒီကောင်မလေး လန်သွားမှာစိုးတာ)

( ဘယ်ခေတ်တောင် ရောက်နေပြီလဲကွာ? အဲ့ဒါတောင် မင်းက ရည်းစားစာ ရေးပေးနေဦးမှာလား...) အသိသာကြီးပဲလေ၊ BaiLuoYinက ဒီလိုရှုပ်ရှုပ်ယှက်ယှက်တွေ စိတ်ဝင်စားတာမှ မဟုတ်ဘဲ။

( ခေတ်မှီတိုးတက်နေတဲ့ ခေတ်ကြီးမို့လို့ကို ရည်းစားစာရေးပြီး ကျွန်တော့်အချစ်တွေ လေးနက်ကြောင်းကို သက်သေပခြျင်တာ)

ထိုကျောင်းသားက အခန်းတံခါးပေါက်ကို ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း ဒူးထောက်ထိုင်ချပြီး BaiLuoYinရဲ့စာရေးစားပွဲခုံပေါ် မေးတင်ထားတယ်။ နောက် အသံခပ်တိုးတိုးနဲ့ တောင်းပန်တယ်။ ( ကိုကြီးဘိုင်နဲ့ ကျွန်တော်တို့က အလယ်တန်းကတည်းက တခန်းတည်း စာသင်လာကတြာလေ၊ ကျွန်တော် ဒီတခါလေးပဲ အကူအညီတောင်းဖူးတာပါဗျာ! ကိုကြီးဘိုင်က အမျိုးသားအဆင့် လက်ရေးလှပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရထားပြီး သတင်းစာမှာလည်း အမြဲပါနေကျ။ ကိုကြီးဘိုင်ရဲ့လက်ရေးလက်သားသာ ကျွန်တော်ရလို့ကတော့ ကျွန်တော့်ကို မကြွေတဲ့မိန်းကလေး ဘယ်မှာရှိဦးမှာတုန်း!)

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now