Chapter 92- ခန်းဝင်ပစ္စည်း ဝယ်ခြင်း
ကိုယ်ပိုင်စာကြည့်ချိန်မှာ တခန်းလုံး ပွက်လောရိုက်နေတယ်။ ကျောင်းသာတွေ လေပေါနေကြပြီး တစ်ယောက်နဲ့ တစ်ယောက် စနောက်နေကတြယ်။ အချို့ကျောင်းသားတွေက အတန်းနောက်ထဲကို စက္ကူလုံးနဲ့ ပစ်ပေါက်နေတယ်။ စည်ကားပြီး ဆူညံနေကလြို့ ဈေးနဲ့တောင် တူနေတယ်။
YouQi နောက်လှည့်လာပြီး BaiLuoYinကို တိုးတိုးကပ်ပြောတယ်။ ( သောကြာနေ့ ငါနဲ့အိမ်လိုက်ခဲ့ကွာ!)
( မင်းနဲ့ အိမ်လိုက်ခဲ့ရမယ် ဟုတ်လား? Tianjinကိုလား?)
YouQi ခေါင်းညိတ်ပတြယ်။ ( ဟုတ်တယ်။ ငါက အမေ့ကို မင်းအကြောင်းတွေ ပြောပြောပြတော့၊ အမေက မင်းနဲ့တွေ့ချင်နေတာ)
YouQiရဲ့မိခင်နဲ့တွေ့ရခြင်းဟာ BaiLuoYinကို စိတ်မသက်မသာဖြစ်စေပါတယ်။ သူ့မှာ လူကြီးသူမတွေ သဘောကျစေမယ့် စရိုက်မရှိပါ။ အသက် ၃၀-၄၀ကြား သက်လက်ပိုင်း လူကြီးတွေက အကောင်းမြင်ပြီး တက်ကြွ ဖျက်လက်ကာ ဖင်ပေါ့တဲ့သူကိုပဲ ကြည့်ရကတြာ။ အဲ့ဒီအချက်တွေမှာ သူကမတော်ပါ။ အတန်းဖော် တစ်ယောက်ယောက်ရဲ့အိမ်ကို သူသွားရင် သူက မျက်နှာတည်တည်နဲ့ ထိုင်နေတတ်တာ။ မသိများမသိရင် အကြွေးလာတောင်းတာ ကျနေတာပဲ!
( မလိုက်တော့ဘူး! မင်းအမေ အိမ်မှမရှိတဲ့အခါမှ ၂ရက်လောက် ငါလာခဲ့မယ်)
( အဲ့လို မလုပ်ပါနဲ့ကွာ မင်းကလည်း!) YouQi ရဲ့မျက်နှာချောချောလေးမှာ အလောကြီးတဲ့အရိပ်အယောင်သန်းလာတယ်။ ( မင်းကို ဖိတ်တယ်ဆိုတာ အမေက တွေ့ချင်နေလို့)
အမေ ဆိုတဲ့ စကားလုံးကို BaiLuoYinကြားတော့ သူ့ရင်နာမိတယ်။
( ငါ့အမေက ဟင်းချက်သိပ်ကောင်းတာကွ)
ဟင်းချက်ကောင်းတယ်ဆိုတာကို သူကြားရတော့ BaiLuoYin နည်းနည်းတော့ စိတ်လည်သွားတယ်။
နောက်ကနေ GuHaiက ပုခုံးကိုလာပုတ်တယ်။
( ဘာတုန်း?) BaiLuoYinက ခေါင်းလှည့်ကြည့်တယ်။
သဝန်တိုတတ်တဲ့ GuHaiက ( စနေနေ့ကျ ငါတို့ ပရိဘောဂဆိုင် အတူတူသွားရအောင်)
( ပရိဘောဂဆိုင် ဟုတ်လား? ဘာလုပ်ဖို့လဲ?) BaiLuoYinရဲ့မျက်နှာမှာ ရှုပ်ထွေးတဲ့အမူအရာပေါ်လာတယ်။
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...