Chapter 79- တိုက်တိုက်ဆိုင်ဆိုင်
( အမေ ဒီကိုဘာလာလုပ််တာလဲ?) BaiLuoYinရဲ့အသံဟာ နောက်ဆုံးတခေါက် တွေ့ခဲ့တုန်းကလိုပဲ အေးစက်မာကျောနေတယ်။
JiangYuan နှလုံးတုန် ရင်တုန် ဖြစ်သွားလို့ ( သားရယ်.. အမေက...)
( အမေ ဒီကိုလာတာ ပြဿနာရှာဖို့ဆိုရင်တော့ လှည့်ပြန်လိုက်တော့။ ဒီနေ့တော့ အမေ့စိတ်တိုင်းကျ သောင်းကျန်းချင်တိုင်း သောင်းကျန်းလို့ မရဘူး) BaiLuoYinက စကားကို ဖြတ်ပြောလိုက်တယ်။
ထိတ်လန့်ခြင်းနဲ့ စိတ်ထိခိုက်ခြင်းတို့က JiangYuanရဲ့မျက်နှာမှာပေါ်နေတယ်။ "သောင်းကျန်းတယ်"ဆိုတဲ့ စကားကို BaiLuoYin သုံးလိမ့်မယ်လို့ သူမ မထင်မိခဲ့ပါ။ ဒီတခါတော့ JiangYuanရဲ့လုပ်ရပ် မှားကောင်းမှားနိုင်တယ်။ ဒါပေမယ့် သူဟာ မိခင်လေ။ သားဖြစ်သူဆီက ကြိမ်းမောင်းခံလိုက်ရတော့ JiangYuanလည်း စိတ်မကောင်းဖြစ်ရှာမှာပေါ့!
( အန်တီZhouရဲ့ မနက်စာဆိုင်လှည်းကို ဖျက်ဆီးဖို့ အမေဘာလို့ ခိုင်းခဲ့လဲ?)
JiangYuanက သူမရဲ့လက်ကိုင်အိတ် ကြိုးကို တင်းတင်းဆုပ်ထားလျက် (LuoYin အမေပြောတာနားထောင်။ အဲ့ဒီမိန်းမက မင်းအပေါ်မှာ စိတ်ရင်းအမှန်နဲ့ ဆက်ဆံနေတာမဟုတ်ဘူး။ သားက ငယ်ပါသေးတယ်။ လူ့သဘော လူ့မနော ဘယ်လောက် ရှုပ်ထွေးလဲဆိုတာ ငါ့သား မသိဘူး။ မင်းအပေါ် ကောင်းပြနေတယ်ဆိုတာ သူမမှာ အကြံအစည်တခုခုရှိလိမ့်မယ်။ အမေကလည်း မိန်းမတစ်ယောက်မို့ မိန်းမချင်း အကုန်ခြေမြင်တယ်။ မင်းတို့ဆီက လိုဘရှိလို့သာ အဲ့ဒီမိန်းမ မင်းတို့ကို လာကပ်နေတာ)
( ဒါဆိုလည်း ပြောကြည့်စမ်းပါဦး.. ကျွန်တော်တို့ဆီက သူမ လိုချင်နေတာဘာဖြစ်မလဲလို့? ပိုက်ဆံလား? ကျွန်တော်တို့မှာတောင် ပိုက်ဆံရှိလို့လား? ကျွန်တော်တို့မိသားစုရဲ့ မရှိတဲ့ အာဏာပါဝါကို အန်တီZhouက လိုချင်တာလား? အဖေ့ကို လိုချင်တာဆိုရင်ပဲ၊ ကျွန်တော့်အတွက်က အိုကေနေပြီ)
JiangYuanက သက်ပြင်းရှည်ကြီးချပြီး မေးလိုက်တယ်။ ( ငါ့သားက မင်းအဖေကျ နောက်အိမ်ထောင်ပြုဖို့ လက်သင့်ခံနိုင်ပါလျက်နဲ့ အမေ နောက်အိမ်ထောင်ပြုတာကျ ဘာဖြစ်လို့ မကျနေိုင် မချမ်းနိုင်ဖြစ်နေရသလဲကွယ်? အမေ့မှာရော ကိုယ်ပိုင်ပျော်ရွှင်မှုနောက် လိုက်ပိုင်ခွင့် မရှိဘူးလား? ဟိုမိန်းမတစ်ယောက်တည်းပဲ ပျော်ရွှင်ခြင်းတွေ ထိုက်တန်တယ်လို့ မင်းထင်ထားသလား?)
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...