BaiLuoYinဟာ သူကြိုက်တဲ့မုန့်တွေကိုပဲ စားပြီး သူမကြိုက်တာတွေကျ YouQiရဲ့စားပွဲခုံပေါ်ကို ချက်ချင်း တင်ထားလိုက်တယ်။
( မင်းစားဖို့ ချန်ထားတာ)
YouQi တစ်ယောက် အခုမှ အိပ်ယာနိုးကာစမို့ အိပ်ချင််မူးတူးဖြစ်နေဆဲ၊ အိတ်ထဲမှာပါတဲ့ မနက်စာမုန့်တွေကို သူကြည့်လိုက်တော့၊ ဖြီးသီးနေတဲ့ မျက်နှာကြီးနဲ့ ပြောလိုက်တာက ( ငါ မနက်က ဘာမှမစားခဲ့ရသေးမှန်း မင်းဘယ်လိုလုပ်သိလဲ?)
BaiLuoYin ရင်ထဲ လှုပ်ရှားသွားတယ်။ YouQiဟာ သူ့အတွက်တော့ အစောကြီးထပြီး မနက်စာသွားဝယ်ပေးခဲ့တယ်။ သူ့ကိုယ်တိုင်ကျ ဘာမှမစားရသေးဘူးဆိုတော့။
YouQiက ထထိုင်ပြီး အိတ်ထဲကမုန့်တွေကိုကြည့်ပြီးတော့ BaiLuoYinကို လှည့်ပြုံးပြနေတယ်။
( ဟိုနေ့က ငါဒကာခံထားလို့ ငါ့ကိုမင်း ပြန်ကျွေးတာပေါ့ ဟုတ်လား?)
ဒီစကားကို BaiLuoYinကြားတော့ တခုခုတော့ လွဲနေတယ်လို့ သူခံစားမိတယ်။ YouQiရဲ့လေသံကို သတိထားပြီး သူနားထောင်ကြည့်တော့ - သူ့အတွက် မနက်စာတွေဝယ်လာပေးတဲ့သူက YouQi မဟုတ်တန်ဘူးပေါ့။
( မစားနဲ့ဦး) BaiLuoYinက YouQiလက်််ကို ဖမ်းတားလိုက်တယ်။
YouQi မျက်မှောင်ကြုတ်လျက် ( ငါ့ကို စေတနာပျက်သွားပြီလား?)
( ငါ့ကို မနက်စာတွေဝယ်လာပေးတာ မင်းမဟုတ်ဘူးလား?)
ဒီစကားတွေအတွက် YouQiထံမှ ဘာတုံ့ပြန်မှုမှ မရ။ သို့သော် BaiLuoYin နောက်မှာထိုင်နေတဲ့ လူသားတစ်ဦးကိုတော့ စကားက ထိမှန်သွားတယ်။ BaiLuoYinတစ်ယောက် အားရဝမ်းသာ စားနေတာကို GuHai စောင့်ကြည့်ရင်း၊ သူ့ရဲ့စိတ်ရင်းအမှန်ကို BaiLuoYin လက်ခံပေးလိုက်ပြီလို့ သူထင်နေခဲ့တာ။ အခု ဖြစ်ပုံက၊ သူ့ကို မနက်စာဝယ်လာပေးတဲ့သူ အစစ်အမှန်ကို BaiLuoYin မသိဘဲ စားစရာတွေကို စားပစ်လိုက်ခြင်းဖြစ်တယ်။
ပုခုံးကို တစ်ယောက်ယောက်က လာပုတ်လို့ BaiLuoYin လှည့်ကြည့်လိုက်တယ်။
( မင်း မစားချင်ရင် ဒီအတိုင်း လွှင့်ပစ်လိုက်။ အလှူလက်ဖက်နဲ့ ဧည့်ခံရေး လုပ်မနေနဲ့)
BaiLuoYinရဲ့မျက်နှာထားက တည်သွားတယ်။
( ဆိုလိုတာက စားစရာတွေဝယ်လာတဲ့သူက မင်းပေါ့ ဟုတ်လား?)
GuHai ဘာမှ ပြန်ပြောပါ။ သို့သော် သူ့အမူအရာနဲ့တင် BaiLuoYinအတွက် အဖေဟြာ လုံလောက်နေပါပြီ။
BaiLuoYin စိတ်တိုသွားပြီး ( စောစောက ပြောပါလား။ မင်း ဝယ်လာခဲ့မှန်းသာ သိရင်၊ ငတ်သေချင် သေပါစေ ငါ မစားဘူး!)
( ဖြစ်ချင်တော့ မင်း စားပြီးသွားပြီလေ)
BaiLuoYin ပြန်အန်ထုတ်ပစ်လိုက်ချင်တယ်။။ ( မင်းကို ဘယ်သူက ဝယ်လာခိုင်းလို့တုန်း?)
GuHai ဒေါသဖြစ်ရတယ်။ * ငါ့မှာတော့ မင်းစားဖို့ မနက်စာတွေအများကြီး ဝယ်လာပေးရတာ၊ ဒါတောင် မင်းက ငါ့ရှေ့လာပြီး စွာကျယ်စွာကျယ် လုပ်နေသေးတယ်။ ငါဆိုတဲ့ GuHaiကလေ ဒါမျိုးတွေ ဘယ်တုန်းကမှ လုပ်ခဲ့ဖူးတာမဟုတ်ဘူး။ ငါ့ရည်းစားက ပန်ကိတ်စားချင်တာတောင် လူတန်းစီစောင့်ရမှာ စိတ်မရှည်လို့ သူမကို ပန်ကိတ်ဝယ်မကျွေးခဲ့ဘူး *
( စားပြီးမှ နောင်တရတယ်ဆိုရင်လည်း ငါ့ကိုပိုက်ဆံပြန်ပေးပေါ့။ အားလုံးပေါင်း ၃၂ယန်းကျတယ်။ မင်းမစားတဲ့ဟာတွေအတွက် ပိုက်ဆံမယူဘူးပဲ ထားပါ။ ငါ့ကို ယန်း၃၀ပဲပေးတော့။ ဒါဆို လောက်တယ်)
BaiLuoYin ဆဲမိမှစိုးလို့ အံကြိတ်ထားရတယ်။
( မင်းတို့အိမ်က မနက်စာရောင်းတာလား။ စီးပွားရေး ချွတ်ခြုံချနေလို့၊ မင်းတို့ကောင်တွေ အကြံထုတ်ပြီး ဂျင်ထည့်နေကတြာမလား? )
( ဟုတ်တယ်၊ ငါတို့အိမ်က မနက်စာရောင်းတာ။ မင်းတို့လို ငပိန်းတွေကို ပစ်မှတ်ထားပြီး ဂျင်းထည့်နေတာ)
( အယုတ်တမာ)
(...............)
BaiLuoYin ရှေ့ပြန်လှည့်လိုက်တော့ မနက်စာတွေကို သွားရေတမြှားမြှားကျနေတဲ့ YouQiကို တွေ့တယ်။ သူ့ဒေါသတွေကို YouQiအပေါ် ပုံချပစ်တယ်။
( မင်းကို ဘယ်သူက စားခွင့်ပေးထားလို့လဲ?)
YouQi စိတ်ရှုပ်သွားပြီး ( ငါစားလိုက်တဲ့မုန့်တွေက မင်းငါ့ကိုပြန်ဝယ်ကျွေးတာဆို?)
BaiLuoYin, YouQiလေးကို ထရိုက်လိုက်ပါတော့တယ်။
-
-
နားချိန်အပြီး၊ ကျောင်းသားတွေ အုပ်စုလေးများခွဲလို့ ဓာတ်ခွဲခန်းဆီ ဦးတည်သွားနေကတြယ်။ YouQiက BaiLuoYinဘေးက ကပ်လျှောက်ပြီး BaiLuoYin မခံချင်အောင် စတယ်။ ( တကယ်တမ်းတော့ကွ... GuHaiက မင်းအပေါ်ဆို တော်တော်ကောင်းတာ)
အဲ့ဒီအချိန် BaiLuoYinက ShiHuiရဲ့ကိစ္စကို စဉ်းစားနေတာမို့ YouQiစကားပြောလိုက်တာ ကြားတော့ ဆတ်ခနဲ သူ ခေါင်းလှည့်ကြည့်လိုက်တယ်။
( ငါ့အပေါ် သူကကောင်းတယ်?) BaiLuoYinလေ YouQiရဲ့လျှာကို ဆွဲသာဖြတ်လိုက်ချင်တယ်။ ( ပေါက်တက်ကရတွေ မင်းဘာလို့ ပြောနေတာလဲ? ကောင်းတယ်ပြောရအောင် အဲ့ဒီကောင်က ဘယ်နေရာတွေများ ငါ့အပေါ်ကောင်းနေလို့တုန်း?)
YouQiက လည်ပင်းကိုဆန့်ပြီး ကော်လံကို မတင်ရင်း အချိန်ယူပြိီးမှ အဖြေပေးတယ်။ ( ဒီနေ့မနက် သူဝယ်လာပေးတဲ့ မနက်စာကိုပဲ ကြည့်လေ။ အဲ့ဒါတွေဝယ်ဖို့ ဒီကောင် တော်တော်အားစိုက်လိုက်ရမှာ။ အဲ့ဒီ ကိတ်မုန့်တွေ ပေါင်မုန့်တွေကတော့ စူပါမားကတ်တွေမှာ အလွယ်တကူရနိုင်ပေမယ့်၊ ပေါက်စီတို့၊ ဟန်ဘာဂါတို့၊ ပန်ကိတ်တို့၊ ကြက်ဥပူတင်းပေါင််မုန့်တို့ ဆိုတာတွေက ဆိုင်တခုချင်စီကနေ တန်းစီစောင့်ပြီးမှ ဝယ်လို့ရတဲ့ပစ္စည်းတွေချည်းပဲ)
BaiLuoYinရဲ့မျက်နှာကြော နဲနဲလေး ပျော့ပျောင်းသွားတယ်။ ဒါပေမယ့် လေသံကတော့ မလျှော့မတင်ပဲ။ ( တစ်ဆိုင်တည်းကနေ အားလုံးဝယ်ခဲ့တာလည်း ဖြစ်နိုင်တာပဲ)
( ဒီလောက် အမယ်စုံတဲ့ မနက်စာတွေကို တနေရာတည်းမှာ ရောင်းတဲ့ဆိုင် မင်းတွေ့ဖူးလို့လား။ ရှိမှ မရှိတာ။ ရှိတယ်ပဲထား၊ ဒီလောက်များတဲ့ မနက်စာကို တန်စီပြီးဝယ်ရမှာနဲ့တင် စိတ်မရှည်တာနဲ့ မင်း စားလိုက်ရမှာမဟုတ်ဘူး)
မနက်ပိုင်းက စားစရာတွေကို BaiLuoYin သတိရမိတော့ ရုတ်တရက် စိတ်ထဲ အားနာလာသလိုပဲ။
( ငါ သိချင်နေတာ၊ ဘာလို့များ မင်း GuHaiနဲ့ အမြဲတမ်း ကန့်လန့်တိုက်နေရတာလဲလို့?)
( ငါက သူ့ကို ကန့်လန့်တိုက်တယ်?) BaiLuoYin မတရား အပြောခံရတာလို့ ခံစားရတယ်။ ( ငါ့ကို ကြည့်မရဖြစ်နေတာက သူကွ! ငါ့အပြစ်တွေကို ချေးကသေးကအစ လိုက်ပြောနေတာက သူမှအစစ်။ တကယ်လို့သာ တစ်ယောက်ယောက်က သူ့ဆီကနေ ငါ့ကို ကယ်တင်နိုင်မယ်ဆိုရင်လေ အဲ့ဒီလူကို ဦး၃ကြိမ်ချပြီး ထိုင်ကန်တော့လိုက်မယ်!)
YouQiဟာ BaiLuoYinကို ပြုံးစိစိနဲ့ကြည့်လျက် ( မသိပါဘူးကွာ။ ငါထင်တာက မင်းကို GuHaiများ သဘောကျနေသလားလို့? ငါနောက်လှည့်ကြည့်တဲ့အချိန်တိုင်း၊ GuHaiကြီး မင်းကိုစိုက်ကြည့်နေတာ ငါတွေ့တာပဲ။ ငါတောင် ကြောင်သွားတယ်။ သူက ယောက်ျားလေးဖြစ်လျက်နဲ့ မင်းကို ဘာလို့ တနေကုန်ထိုင်ကြည့်နေရသလဲလို့?)
( ဘာလို့ ကြည့်တယ်ထင်နေလဲ? ငါ့ကို ဒုက္ခပေးရင်ကောင်းမလဲလို့ အကြံထုတ်နေတာ နေမှာပေါ့!)
( ဒါပေမယ့့် သူ့မျက်လုံးတွေထဲမှာ မင်းကိုသဘောကျတဲ့ အရိပ်အယောင်တွေ ငါတွေ့တယ်)
(.............)
( ဟေ့ BaiLuoYin မင်းတို့ ဘယ်ဖက်သွားနေကတြာလဲ?)
ကြားဖူးနေကျ အသံကြောင့် BaiLuoYin ပြုံးဖြီးဖြီးနဲ့ YangMeng ဆီ ခုန်ကူးလိုက်ပြီး ပုခုံးလှမ်းဖက်လိုက်တယ်။
( နောက်တချိန်က လက်တွေ့ချိန်လေ။ အဲ့ဒါကြောင့် ဓာတ်ခွဲခန်းထဲ သွားနေတာ)
( ဒီလိုကိုး) YangMengပြုံးလျက် YouQiကို မြင်တော့ ( သူက ဘယ်သူလဲ?)
( ငါ့တို့အတန်းထဲက။ ငါ့ရှေ့မှာထိုင်တဲ့ တစ်ယောက်။ YouQi တဲ့ ) BaiLuoYinက မိတ်ဆက်ပေးတယ်။
YangMengခေါင်းညိမ့်ပြပြီး ( ဒီတော့)
( ဒီတော့ဆိုတာ ဘာလဲ)
( ဆက်ပြောလေ။ ဘာတုန်းလို့)
BaiLuoYinက YangMengရဲ့ခေါင်းကို ပုတ်လိုက်ပြီး ( အခြား ဘာပြောရဦးမှာတုန်းကွ?)
YangMeng အံ့သလြျက်( သူ့နာမည်ကို မင်း ပြောမပရြသေးဘူးလေ)
BaiLuoYin ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။ သူ့ငယ်သူငယ်ချင်းဟု ခေါ်ထိုက်ပါပေတယ်။
အဲ့ဒီအချိန်မှာပဲ၊ YouQi အားမလိုအားမရဖြစ်ကာ ( ငါ့နာမည်ကိုက YouQi)
YangMengက ရှက်ကိုးရှက်ကန်း ရယ်လျက် ( ဒီလို ကြောင်တောင်တောင် နာမည်မျိုးကို ဘာလို့မှည့်ထားပါလိမ့်?)
ဒီလိုဆိုတော့၊ YouQiက ခပ်တည်တည် မျက်နှာဘေးနဲ့ ( စကားပြောတာ ကြည့်ပြော)
( အပြောမခံချင်ရင် နာမည်ပြောင်းလေ)
(..........)
ဓာတ်ခွဲခန်းသွားတဲ့လမ်းတလျှောက်လုံး သူတို့စကားတွေ ပြောလာကရြင်း၊ YouQiက BaiLuoYinကို မေးလိုက်တယ်။
( အစောက ကောင်နာမည်က ဘယ်သူလို့ပြောလိုက်တယ်?)
( YangMengလေ)
( ဘာ.... ငါ့နာမည်ထက်တောင် သူ့နာမည်က ပိုတောင် ဟန်မကျသေးတယ်)
BaiLuoYinက သိပြီးသားဆိုတဲ့အပြုံးနဲ့ ( ဟုတ်တယ်၊ မင်းတို့နှစ်ယောက်တွဲရင် တကယ်လိုက်မှာဗျ)
( ဒါပေမယ့် မင်းလူကြီးက ရေမရောတဲ့ ခန့်ချောကြီးလေ။ ငါ့လောက်နီးနီးပေါ့)
( ဒီအခန်းထဲမှာ ဆာဖြူရစ်အက်စစ်ရှိတယ်နော်။ စကားပြောတာ သတိထား။ အက်စစ်နဲ့ ပက်ပစ်လိုက်မယ်)
(.............)
-
-
အင်္ဂလိိပ်သင်ခန်းစာအချိန်ဆို BaiLuoYin နေသာထိုင်သာမရှိ။ တခါတခါ၊ သူ့နောက်ကျောက မီးစနဲ့ထိုးနေသလို ပူစပ်ပူလောင်ဖြစ်နေပြီး တခါတလေကျ သူ့ရှပ်အင်္ကျ ီထဲ ရေခဲတုံး ပစ်ထည့်ထားသလားမှတ်လောက်အောင် အေးတယ်။
* GuHai မင်းကိုသဘောကျနေတယ်လို့ ထင်တာပဲ။ ငါ လှည့်ကြည့်တိုင်း၊ GuHaiကြီး မင်းကို စိုက်ကြည့်နေတာ တွေ့တယ်*
စောစောပိုင်းကမှ သူ ပူအိုက်နေတာပါ၊ ဒါပေမယ့် အခုတော့ ကျောရိုးထဲ အေးစိမ့်ပြီး ကြက်သီးတွေထလို့။
BaiLuoYin ခေါင်းကို ဖြေးဖြေးချင်း လှည့်ကြည့်လိုက်တော့....။
* သေစမ်း! YouQi ပြောသလိုပါပဲလား *
( မင်း ငါ့ကို ဘာကြည့်နေတာလဲ?)
( မင်းခေါင်းက ကားစတီယာရိုင်လို လည်နေတာဥစ္စာ။ ငါ မင်းကို ကြည့်မနေလို့ မင်းမြောင်းထဲပြုတ်ကျသွားရင် ဘယ်နှယ့့်လုပ်မလဲ)
(.............)
( စာသင်ခန်းကြီးက လေးလံထုံမှိုင်းနေတာပဲ။ အားလုံးအိပ်ချင်နေကြပြီထင်တယ်။ ကဲ ဒီလိုလုပ်၊ ဒီအတန်းထဲမှာ ဘယ်သူသီချင်းဆိုကောင်းလဲ? သူ့ကို အင်္ဂလိပ်သီချင်းတစ်ပုဒ်လောက် ဆိုခိုင်းလိုက်မှ အတန်းထဲ မြူးထူးသွားမှာ)
ကျောင်းသားအားလုံး ထောက်ခံကတြယ်။
( ဒီတော့ ဘယ်သူသီချင်းဆိုမလဲ?)
အားလုံး နှုတ်ဆိတ်နေကဆြဲ။
အင်္ဂလိပ်ဆရာမက အားအင်မဲ့စွာ ပြုံလျက်( ဘယ်သူ့ကို သီချင်းဆိုခိုင်းချင်လဲ)
အကြာကြီး တိတ်ဆိတ်နေပြီးမှ အတန်းနောက်က အသံတသံထွက်လာတယ်။
( BaiLuoYin)
BaiLuoYinတစ်ယောက် GuHaiကို လည်မျိုညစ်သတ်ချင်သွားတယ်။
(BaiLuoYinဆိုတာ ဘယ်သူလဲ? အခု မင်းကိုသီချင်းဆိုစေချင််တယ်လို့ ဆရာမကြားလိုက်ရတယ်)
BaiLuoYin မတ်တပ်ထရပ်ပြီး သူ့ထိုင်ခုံကို နောက်ကိုတွန်းကပ်လိုက်တော့ ထိုင်ခုံက GuHaiရဲ့ရင်ခေါင်းကို သွားဆောင့်တယ်။
သူ ထရပ်လိုက်ပြီမို့ သူ သီချင်းဆိုရတော့မှာပေါ့။ သူအကြိုက်ဆုံးသီချင်းကို ရွေးပြီး ညင်သာတိုးတိတ်စွာ သီချင်းကို သီဆိုလိုက်ပါတယ်။
သီချင်းက တိုတိုလေးပါ။ ဒါပေမယ့် GuHaiကို မှင်သက်အံသြအောင်တော့ လုပ်လိုက်နိုင်ပါတယ်။
BaiLuoYin ဆိုတဲ့သီချင်းက GuHai ငယ်ငယ်က သူ့အမေဆိုပတြဲ့နေကျသီချင်းပါ။ အဲ့ဒီတုန်းကဆို၊ သီချင်းဆိုရင်း သူအမေက ဝစ့်အကကိုပါ ကတတ်သေးတာ။ သူမ တစ်ယောက်တည်းကတဲ့ ဝစ့်အကက သိပ်လှတာများ ငန်းဖြူမလေး ကနေသလိုပါပဲ။ နှစ်တွေ မနည်းကြာပြီးမှ၊ ဒီနေ့တော့ ဒီသီချင်းကို ပြန်နားဆင်ခွင့် GuHaiရခဲ့ပြီ။ သူ့ငယ်ဘဝက ဝမ်းနည်စရာ အမှတ်တရတွေကို GuHai ပြန်လောင်းအောက်မေ့နေမိပါတယ်။
တတန်းလုံးက BaiLuoYinကို လက်ခုတ်သဘြာ ချီးမြှင့်ကတြဲ့အခါမှ GuHaiရဲ့အတိတ်က အတွေးတို့ အခုပစ္စုပ္ပန်ကို ပြန်ရောက်လာကတြယ်။
ဘေးမှာထိုင်တဲ့ အခန်းဖော်တစ်ယောက်က ပြောတယ်။ ( BaiLuoYin မင်းက တကယ် ပါရမီရှိတာပဲ။ ဘုရားသခင်က တစ်ယောက်တည်းကို ပါရမီစုံအောင် ဖန်ဆင်းပေးထားရတယ်လို့! မင်းရဲ့အတော်လေး ငါ့တခုလောက် ပေးမယ်ဆို၊ သိပ်ကောင်း....)
အနောက်ဖက်ခုံမှာထိုင်တဲ့ တစ်ယောက်သောသူဆီက အေးတိအေးစက်အသံနဲ့ ချီးကျူးစကားကို ကြားရတဲ့အခါ BaiLuoYin မှင်သက်နေဆဲဖြစ်တယ်။
( မင်းပါးစပ်က စားဖို့နဲ့ ဆဲဖို့ပဲ လုပ်တတ်တယ်လို့ ငါထင်နေတာ)
တရက်ပြီးတရက် ကုန်ဆုံးလာပြီးနောက်၊ အတန်းထဲက ကျောင်းသာတွေကတော့ GuHaiနဲ့ BaiLuoYinတို့ကို ရန်ဖက်တွေလို့့ပဲ သတ်မှတ်နေကတြယ်။ BaiLuoYinက အဖြူဆို၊ GuHaiက အမည်းပဲ။ BaiLuoYinက တခုခုလုပ်ရင်၊ GuHaiက ဆန့်ကျင်ဘက်လိုက်လုပ်တယ်။ အတန်းထဲက ငတုံးတွေတောင် မေးကုန်ကြပြီ ( မင်းနဲ့GuHaiက ဘာလို့ မတည့်တာလဲတဲ့?)
( သူက ရွှံစရာကောင်းလို့)
GuHaiဟာ ပျင်းရိတာကလွဲလို့၊ အခြားသောဆင်ခေကြို BaiLuoYin ရှာလို့မတွေ့။ ရိုးရိုးသားသားပြောရရင်၊ စိတ်မှန်တဲ့ ပုံမှန်လူတစ်ယောက်က ဘာအတွက်ကြောင့် အခြားလူတစ်ယောက်ကို တိုက်ခိုက်ဖို့ စိုင်းပြင်းနေရသလဲဆိုတာ မပြောတတ်ပါဘူး။ သူ GuHaiကိုု မေးကြည့်ချင်ပါတယ်* မင်းကိုဒေါသထွက်အောင် ငါဘာလုပ်မိသလဲပေါ့။ အခြားသူတွေနဲ့ကျ မင်းကအကောင်းပဲ။ ငါ့နဲ့ဆို မင်းကအမြဲ......*
သို့ပေမယ့်လည်း သူ့စိတ်ထဲမှာရှိတဲ့အတိုင်း ပြောလိုက်မယ်ကြံလိုက်ရင် GuHaiက အရင်လာပြီးရန်ရှာတတ်ပါတယ်။ ဒီလိုနဲ့ ရံှုးသွားမှာစိုးလို့ BaiLuoYinကလည်း ပြန်လှန် ခုခံရတာပေါ့။
အချိန်တွေသာကုန်သွားပါတယ်။ ဒီရန်ပွဲကို အဆုံးသတ်ဖို့ ဆွဲထားတဲ့ အစီအစဉ်တွေဟာလည်း မရည်ရွယ်ဘဲ ပျက်စီးခြင်းသို့ ဆိုက်ရောက်ခဲ့ပါတော့တEnd of Chapter 23
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...