Chapter131- စိတ်ရိုင်းကို ဇတ်ကြိုးလွှတ်ခြင်း
Jiang Yuan ဟာ Bai Luoyin ကို စိုက်ကြည့်နေပြီးသူမ ဘာစကားမှမပြောသေးဘဲ နှုတ်ဆိတ်နေနေတယ်။ သူမရဲ့ အကြံပေးချက်တွေကို သူ့သား ဘယ်လိုစဉ်းစားနေခဲ့မလဲဆိုတာကို တွေးမိတော့ ပြီးခဲ့တဲ့ရက်တွေတုန်းက စိုးရိမ်စိတ်တွေဖုံးလွှမ်းနေခဲ့ရတဲ့ သူမရဲ့ မျက်နှာဟာ နောက်ဆုံးတော့ နည်းနည်းပြုံးနိုင်သွားတယ်။
"သား .. အမေလုပ်ခဲ့သမျှ အရာအားလုံးက မင်းအတွက်ပဲလေ။ Gu Hai ဘယ်လိုတွေဖြစ်ကျန်ရစ်ခဲ့မလဲဆိုတာ မင်း တွေးနေစရာမလိုဘူး။ ဘာပဲဖြစ်ဖြစ် သူက Mr. Gu ရဲ့ သားအရင်းတစ်ယောက်ပဲဟာ။ သူ ဒီနိုင်ငံမှာ ကျန်ခဲ့ရင်တောင် သူက အတော်လေး လုံခြုံပြီး စိတ်ချရတဲ့ အနေအထားလေ။ ဒါပေမယ့် သားကတော့ မတူဘူး။ Mr. Gu က မင်းအတွက်လည်း တွေးပေးတယ်ဆိုပေမယ့် သူမင်းကိုဆက်ဆံတဲ့ပုံစံက Gu Hai နဲ့တော့ ဘယ်တူမလဲ။ အမေက သားကို ဒီလိုအခြေအနေမှာ ဘေးကြပ်နံကြပ် မဖြစ်စေချင်ဘူး"
တော်တော်လေးကြာတော့ Bai Luoyin က ရုတ်တရက် ထပြောတယ်။
" ဒီမယ် ဒေါ်Jiang Yuan "
သူမနာမည်ကို ဒီလိုပုံစံနဲ့ ခေါ်တာကြားလိုက်ရတော့ သူမ မျက်နှာပေါ်က အပြုံးတွေဟာ ပျောက်ကွယ်သွားခဲ့တယ်။
" Luoyin နင် ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ "
Bai Luoyin က Jiang Yuan ကို ရှုတည်တည် မျက်နှာဘေးနဲ့ပဲ ဂရုမစိုက်သလို ကြည့်လိုက်တယ်။ " ဒါဆို ဘယ်လိုခေါ်ရမလဲ? အန်တီ Jiang လား? ဗိုလ်ချုပ်ကတော်လား? ဒါမှမဟုတ် လေဒီGu လို့လား? "
သေအံ့ဆဲဆဲ အခြေအနေကနေ လွတ်လာခါစလို စိုးရိမ်စရာကောင်းလောက်အောင် ဖြူဖျော့နေတဲ့ အသားအရေဟာ Jiang Yuan ရဲ့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ ပါးမို့လေးတွေကို ဖုံးလွှမ်းသွားပြီး ဒီအမူအရာဟာ ဆက်တိုက်ဖြစ်လာတာမို့ ဖုံးကွယ်ဖို့ ခက်ခဲနေတယ်။
Bai Luoyin က စားပွဲပေါ်က ဖိုင်အစုကို စိုက်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ပြောလာတယ်။
" ကျနော်.... ခင်ဗျားအပေါ် ရွံရှာမုန်းတီးသွားအောင် မလုပ်ချင်စမ်းပါနဲ့ဗျာ"
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...