နေ့လည်ခင်းလောက် အိမ်ပြန်လာတော့၊ မနက်ကစိမ်ထားခဲ့တဲ့ ဇလုံထဲကရေတွေဟာ အဝါနုရောင် သန်းနေပြီ။ BaiLuoYin ဇလုံထဲက GuHaiရဲ့ဂျာကင်ကို ဆယ်ပြီးယူကြည့်လိုက်တော့ အင်္ကျ ီရင်ဘတ်နားမှာ အဝါကွက်ကြီး တစ်ကွက် ရှိနေတယ်။ သူ မှန်းထားပြီးသားပါ၊ ဒီအစွန်းမျိုးက လွယ်လွယ်နဲ့ ကျွတ်မှာမှ မဟုတ်ပဲ။
အဝတ်လျှော်တဲ့အလုပ်က သူ့အဖေBaiHanQiလုပ်နေကျမို့ BanLuoYin လျှော်နေမကျ။ ဒါပေမယ့် ရံဖန်ရံခါ သူ့အဖေ မရှိတဲ့အချိန်များမှာတော့ သူ့အဝတ်သူ လျှော်ရတတ်ပါတယ်။ အကြောင်းကတော့ သူ့အဘိုးနဲ့အဘွားကို အဝတ်လျှော်ခိုင်းပြန်ရင်လည်း ချေးမပြောင်ဖို့ကများတဲ့အတွက်ပါ။
BaiLuoYin ခွေးခေထြိုင်ခုံပုလေးကို ထုတ်လာတယ်။ သူ့အရပ်ကြီးက ၅ပေ၁၁လက်မ ရှိတာမို့ ခွေးခြေလေးပေါ်ထိုင်ပြီး ခေဆြင်းထားရတာ မလွယ်ပါ။ သို့သော် အစွန်းချွတ်ရတာ ခဏပဲဟာ။ သူ သည်းခံရမှာပေါ့။
အဖေထြွက်လာတော့၊ BaiLuoYin အထင်မှားပါတယ်။
အစွန်းချွတ်ရတာ မြန်မြန်လုပ်လို့ရတဲ့ အလုပ်မဟုတ်ပါဘူး။ သင် ဆပ်ပြာမှုန့်တွေ ဘယ်လောက်ကြီး များများသုံးသုံး၊ ဒါမှမဟုတ် အန်တီZouပြောတဲ့ ဆာဖာဆပ်ပြာပဲသုံးသုံး ဂျာကင်ပေါ်က အစွန်းကွက်က မှိန်တယ်ဆိုရုံသာ မှိန်သွားတယ်။ လုံးဝကြီး ပျောက်မသွား။ အခုလို ခဏတဖြုတ် အဝတ်လျှော်ရတာနဲ့ပဲ BaiLuoYin ပင်ပန်းနေပါပြီ။ ဒါဟာ gymဆော့လို့ ကြွက်သားနာတာမျိုးထက် ပိုဆိုးပါတယ်။ gymဆော့ပြီးရင် သင် ပင်ပန်းချင်ပင်ပန်းလိမ့်မယ်၊ ဒါပေမယ့် စိတ်မှာတော့ အားရှိတယ်။ အခုလို ပင်ပန်းတာကြီးက ခေလြက်မသယ်ချင်လောက်အောင် ဗုန်းဗုန်းကျနေတာမျိုးကြီး။ စွန်းနေတဲ့ ယူနီဖောင်းကို မဝတ်တော့ဖို့တောင် BaiLuoYin တွေးမိတယ်။
ဒါပေမယ့် ယူနီဖောင်း တစ်ထည်နဲ့တင် ယန်း၄၀ ပေးရတာမို့ သူ ဒါကို တကယ်တော့ မလွှင့်ပစ်ရက်။
( ကိုကြီးဘိုင်၊ ကိုကြီးဘိုင်)
အန်တီZouရဲ့ စိတ်သဘောထားကောင်းတဲ့ အသံကို BaiLuoYin ကြားရတယ်။
BaiLuoYin မတ်တပ်ထရပ်လိုက်တော့၊ နဖူးပေါ်က ချွေးတွေက နေရောင်အောက်မှာ တဝင်းဝင်း တလက်လက်ဖြစ်နေတယ်။ သူ ချွေးတွေကို လက်နဲ့သုတ်ချလိုက်ပြီး အန်တီZouရဲ့အသံလာရာကို ပြုံးလျက် ကြည့်ရင်း (အန်တီ လာလေ)
အန်တီZouက ရှေ့ခါးစညး်ဖုံး ပွပွကိုဝတ်ထားပြီး ကျောလည်လောက်ရှည်တဲ့ ဆံပင်အကောက်လေးများကို ဖြစ်သလိုလေး စုချည်ထားတယ်။ နုညံ့တဲ့အပြုံးက အန်တီZouရဲ့ မျက်နှာဝိုင်းဝိုင်းလေးကို ပ့ံပိုးပေးနေတယ်။
( အေးအေး၊ သားတို့တွေ စားဖို့ ဖက်ထုတ်လာပို့ပေးတာ။ ဝက်သားနံ့လေး မွှေးနေရော)
BaiLuoYinက ဘေးနားမှာလှမ်းထားတဲ့ အဝတ်ကို ဆွဲယူပြီး လက်သုတ်လိုက်ပြီးမှ အန်တီZouလက်ထဲက ပန်းကန်ကို လှမ်းယူရတယ်။ ( တကယ်ကို မွှေးနေတာပဲဗျ)
( ကျွန်တော့်အဖေလက်ရာတွေချည်း စားနေရလို့လားမသိ၊ အခြားသူ ဘယ်သူချက်ချက် ကျွန်တော့်အတွက်တော့ အရသာရှိနေတာပဲ)
BanHanQi တစ်ယောက် မီးဖိုချောင်ထဲကထွက်လာပြီး၊ BaiLuoYinလက်ထဲက ဖက်ထုတ်ပန်းကန်ကို မြင်တော့၊ မျက်နှာမှာ ရှက်ရွံ့တဲ့အမူအရာ ဖြစ်သွားတယ်။ အားနာမှုတဝက်၊ ရှက်ရွံ့မှုတဝက်ရောနေတဲ့ မျက်နှာဘေးပေါ့။
( ခင်ဗျားကို ညစာလေး ဖိတ်ကျွေးချင်သေးတယ်။ ကျွန်တော့်လက်ရာက ညံ့တာလေးတော့ သီးခံပေးပေါ့။ သား ထမင်းဝိုင်းသွားပြင်လိုက်)
BaiLuoYinက သူ့အဖေကို မျက်စောင်းကြီးခဲနေတယ်။ မျက်နှာသာကို တစက်မှ မပေးဘူး။
( အဖေ့ချက်တဲ့ဟင်း... ဘယ်ဟင်းကများကောင်းဖူးလို့ အန်တီကို ကျွေးဦးမှာတုန်း?)
( ရှိတယ်လေကွာ! နောက်ဆုံးတစ်ခေါက် ခရမ်းသီးကြော်လေးဆို သိပ်စားကောင်းတယ်မလား?)
ခရမ်းသီးအကြောင်း မပြောတာ ကောင်းမယ်။ ခရမ်းသီးအကြောင်းပြောရင် BaiLuoYin ကြက်သီးထလွန်းလို့။ အရင်ကတော့့ ခရမ်းသီးကို BaiLuoYin သိပ်ကြိုက်ပါတယ်။ သူ့အဘွားကြော်ပေးတဲ့ ခရမ်းသီးကြော်ဆို သိပ်စားကောင်းတာ။ တနေ့မှာတော့ ဒါကို BanHanQi ဟာ သူ့နည်းသူ့ဟန်နဲ့ လက်တည့်စမ်းပြီး ကြော်ကြည့်ခဲ့ပါတယ်။ ခရမ်းသီးကို လှီးပြီး ရေထဲမှာလည်း စိမ်မထား။ ဒါ့အပြင် မကြော်ခင်လည်း ခရမ်းသီးကို ရေတခါပဲ ဆေးတော့ ခရမ်းသီးတွေက အချဉ်ပေါက်နေသလိုမျိုး အမဲရောင်ကြီး ပြောင်းသွားတယ်။ ဒါက တော်သေးတယ်။ BaiLuoYin စိတ်တိုတာက ခရမ်းသီးကြော်ကို မြည်းကြည့်လိုက်တော့ အချဉ်ဖောက်ထားတဲ့ ချဉ်ဖက်ကြီးကျနေတာပဲ။ BanHanQiဟာ ဆားကို၂ခါထည့်ရုံနဲ့ အားမရလို့ ငံပြာရည်ပါ ဆမ်းလိုက်တော့ စားမိတဲ့သူဆို သူ့ခရမ်းသီးကြော်ကြီးစားပြီး ငံလွန်းလို့ လျှာတွေထုံလာတာနဲ့ စကားတောင် တခွန်းမဟနိုင်တော့။
အဝတ်လျှော်ကန်ထဲမှာ အဝတ်တွေကိုတွေ့တော့ အန်တီZouမေးတယ်။ ( ဘယ်သူ အဝတ်လျှော်နေတာလဲ?)
( အော်.. ကျွန်တော် ကျွန်တော်!)
အန်တီZouက စိတ်မအေးနဲ့လေသံနဲ့ ( သားအဖေက သားကိုဒါမျိုးတွေ ခိုင်းတယ်?)
( ဘာလို့လဲ ဒါမျိုးတွေ ကျွန်တော်လုပ်လို့မရဘူးလား?) BaiLuoYin ပြုံးရုံပဲ ပြုံးနေတယ်။
အန်တီZouက မပြောမဆိုနဲ့ အဝတ်လျှော်ကန်နားသွားပြီး ထိုင်ချကာ စလျှော်တော့တယ်။
( သားက စာလုပ်ဖို့ မွေးလာတာလေကွယ်။ ဒီလိုအလုပ်မျိုးတွေဆို အန်တီတို့ကို လုပ်ခိုင်းပေါ့)
BaiLuoYinတစ်ယောက် အန်တီZouကို တားချင်ပေမယ့် အနီးကပ်သွားကြည့်လိုက်တော့မှ သူမရဲ့ လက်ကောက်ဝတ်အားကို သိမြင်ရတယ်။ ရုတ်တရက် သူမကို သူ မတားနိုင်တော့။ အန်တီZouဟာ မိန်းမသားဖြစ်ပေမယ့်၊ လက်အားကတော့ သူ့ထက်ပိုကောင်းပြီး အဝတ်တွေကို ပွတ်တိုက်နေတာ တကယ့်ကို အားနဲ့အင်နဲ့။ ဘာကြောင့် မိန်းကလေးအားက ယောက်ျားလေးအားထက် ပိုကောင်းနေသလဲဆိုတာတော့ BaiLuoYin နားမလည်ပါ။ အစောကမှ ရှိနေသေးတဲ့ အဝါရောင်အစွန်းကွက်ဟာ အန်တီZou လက်နဲ့လျှော်လိုက်တာနဲ့ပဲ အစွန်းပျောက်သွားပြီ။ ကြောက်ဖို့တောင် တကယ်ကောင်းတယ်။ လူတိုင်းမှာ ကျွမ်းကျင်တဲ့ ဘာသာရပ်တို့ ထူးချွန်းတဲ့ အစွမ်းအစတို့ဆိုတာ ရှိကစြမြဲဆိုတာ သိပ်မှန်နေသလိုပါပဲ။
အန်တီZouဟာ အဝတ်ဇလုံကို တရေလဲပြီး အဝတ်တွေကို ပြန်ထည့််လိုက်တယ်။ အခုလိုမျိုး အဝတ်ဇလုံကို သုံးရေအထိ သူမ လဲပြန်တယ်။ အခုဆို ဂျာကင်မှာ ကပ်ညှိနေတဲ့ အညစ်အထေးတွေလည်း အားလုံး သန့်စင်သွားပါပြီ။ ဂျာကင်အင်္ကျ ီက အသစ်စက်စက်ပြန်မဖြစ်ပေမယ့်လို့၊ အနည်းဆုံးတော့ သွေးစွန်းသွေးကွက်တွေတော့ လုံးဝမရှိတော့ဘူးပေါ့။
အဝတ်လှန်းတန်းမှာ တွဲလောင်ချိတ်ထားတဲ့ ယူနီဖောင်းဂျာကင်ကို ကြည့်ပြီး BaiLuoYin ရင်ထဲ ပေါ့ပါးသွားသလို ခံစားရတယ်။
နောက်နေ့မနက် GuHaiဟာ စက်ဘီးတစ်စင်းနဲ့ BaiLuoYinတို့ ရပ်ကွက်နားမှာ ဝေ့နေတာဟာ အရုဏ်ဦးရောင်ခြည်နဲ့အတူ BaiLuoYin ပေါ်လာတဲ့အထိပဲ။ GuHaiတစ်ယောက် နှုတ်ခမ်းထောင့်လေး ကွေးသွားရုံမျှ ပြုံးလျက်၊ ရှည်လျားဖြောင့်စင်းတဲ့ ခြေထောက်ကို မြေပြင်ကခွာပြီး စက်ဘီးကို ကွေ့လိုက်တာ GuHaiကိုယ်ပေါ်မှာတင်နေတဲ့ မနက်ခင်း မြူနှင်းမှုန်တွေကို ခါချလိုက်သလိုဖြစ်သွားတယ်။
BaiLuoYin လမ်းလျှောက်နေတုန်း၊ သူ့ဘေးကနေ စက်ဘီးတစ်စီး သူ့ကို ပွတ်ဆွဲသွားသလို ခံစားလိုက်ရတယ်။ အရှိန်ကလည်း တော်တော်မြန်သလို လေးလံတဲ့ ကိုယ်ခန္ဓာအားနဲ့မို့ BaiLuoYinလည်း ရှေ့ကို ဟတ်ထိုးကျတော့မလို့။
အဲ့ဒီ ငပိန်းကောင် ဘယ်သူဖြစ်မလဲဆိုတာကို အားလုံးမှန်းကြည့်လို့ ရမယ်ထင်ပါတယ်။
Guhaiက စက်ဘီးစီးလျက် BaiLuoYin ရှေ့ကနေ ပိတ်ရပ်လိုက်တော့ ကျွိဆိုတဲ့အသံနဲ့အတူ စက်ဘီးက လှလှပပလေး တပတ်လည်သွားတယ်။ သူ BaiLuoYinကို ပြုံးပလြိုက်တဲ့ ညစ်ကျယ်ကျယ် အပြုံးလေးက ချမ်းအေးတဲ့နေ့မျိုးမှာ နွေးသွားစေတဲ့ နေရောင်ခြည်လေးနဲ့ တူတယ်။ GuHaiဟာ ခန္ဓာကိုယ်ကြီးက ထွားကြိုင်းသန်မာပေမယ့် နှလုံးသားက နုနုလေးရယ်။
ဟန်ရေးပြနေတဲ့ GuHaiကို BaiLuoYin လုံးဝအရေးမလုပ်ဘဲ ဘာမှ မဖြစ်သလိုမျိုး အေးဆေးလေး GuHaiနားက ကျော်သွားပြီး အတည်ပေါက်နဲ့ ပြောလိုက်တာက ( တပတ်ရစ်စက်ဘီးနဲ့များ ဒရစ်ဆွဲသေးတယ်နော်!)
စက်ဘီးပေါ်ခွရက်တန်းလန်း လမ်းလျှောက်နေတဲ့ GuHaiဟာ BaiLuoYinကို အမှီလိုက်ရင်း ( ငါ့စက်ဘီးက တပတ်ရစ်မှန်း မင်း ဘယ်လိုလုပ်သိလဲ?)
( ဒီရပ်ကွက်ထဲမှာ တနေ့ကို စက်ဘီး၁စီးမဟုတ် ၂စီးလောက် အခိုးခံနေရတာ။ မင်းစက်ဘီးက အသစ်မဟုတ်လိုု့ အခုထိ ခံနေသေးတာပေါ့)
( စောစောက ပြောပါလား?) GuHaiက နောင်တရနေတဲ့ ပံုံမျိုးနဲ့ ( ဒီလိုသာ နေ့တိုင်းစက်ဘီးတွေပျောက်တတ်မှန်း သိရင်၊ ဒီစက်ဘီးကို ပိုက်ဆံအကုန်ခံပြီး ငါ မဝယ်ပါဘူး)
( မင်း ဒီရပ်ကွက်မှာပဲနေတာလို့ ပြောပြီးတော့၊ ဒါလေးတောင် မင်းမသိဘူးလား?)
ဒီစကားကြောင့် GuHai လည်ချောင်းထဲ တစ်ဆို့သွားတယ်။
( အန်တီZou ကျွန်တော်ကို ပဲနို့ရည် ၂ပွဲ၊ အသားပေါင်မုန့် ၅ခုနဲ့ သကြားဘိန်းမုန့် ၂ခုပေးပါ)
GuHaiလည်း လှမ်းအော်ပြန်တယ်။ ( သူမှာတဲ့အတိုင်းပဲ ကျွန်တော့်အတွက်လည်း ချပေးပါဗျို့)
BaiLuoYin အ့ံသဟြန်နဲ့ GuHaiကို ကြည့်တယ်။
GuHai မေးတာ ( ဘာတုန်း?)
( ဘာမှမဟုတ်ဘူး)
တကယ်တမ်းတော့ BaiLuoYin ပြောချင်တာက သူမှာတဲ့ထဲမှာ GuHaiအတွက်လည်း ထည့်မှာပြီးသား။ ဒါပေမယ့် သူ ပြောပဖြို့ တွေဝေသွားပြီး၊ ဘာမှမပြောဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
မနက်စာတွေ အပြည့်ချထားတဲ့စားပွဲမှာ ဆယ်ကျော်သက် လူရွယ်လေး၂ယောက်ထိုင်နေတယ်။ အမှန်တိုင်းပြောရရင် ၂ယောက်စာ မုန့်တွေကို အကုန်စားဖို့ BaiLuoYinအတွက်တော့ အသာလေးပဲ။ မသကာ နေ့လည်စာကျမှ လျှော့စားလိုက်ရုံပေါ့။ ဒါပေမယ့် GuHai စားလို့မကုန်နိုင်မှာစိုးပါတယ်။ အန်တီZouက သူဆို ဈေးလည်းလျှော့ပေးသေးတယ်။ အဲ့ဒါကြောင့်မို့ အစားစားရင် နဲနဲပါးပါး ချန်တတ်တဲ့ သူ့ရဲ့အကျင့်ဆိုးသူ BaiLuoYin မကြိုက်တာပါ။
GuHaiက သကြားဘိန်းမုန့်ကို ကိုက်စားကြည့်တယ်။ အပြင်ပိုင်းက ကြွပ်ကြွပ်လေး၊ အထဲက ဂျုံသားက ပျော့ပျော့လေး။ စားလို့ ကောင်းမှကောင်း။
( ဒီလောက်အရသာရှိတဲ့ ဘိန်းမုန့်ကောင်းကောင်းလေး မစားရတာကြာပြီကွာ)
GuHai ပြောချင်တာက သူ့အသက်၆နှစ် ၇နှစ်လောက်မှာ ဘိန်းမုန့်စားခဲ့ရတာ နောက်ဆုံးပဲ။ ဒီစကားတွေကို ပြောတော့မယ့်ဆဲဆဲ သူ့ပါးစပ်သူ ဘရိတ်အုပ်ထားရတယ်။ အကယ်လို့ ဒီစကားတွေကိုသာ ထုတ်ပြောမိရင် အခုလိုဘိန်းမုန့်စားရတဲ့ အခွင့်ရေးလေး ဆုံးရံှုးသွားမှာမို့ပါ။
( ခါတိုင်း မင်း မနက်စာ ဘယ်မှာစားလဲ?) BaiLuoYin သာမန်ကာလျှံကာ မေးလိုက်တယ်။
( ခါတိုင်းတော့.... ငါ လမ်းမှာ မုန့်ဆိုင်တွေ့ရင် ရပ်ပြီး ကြုံသလိုစားတယ်)
BaiLuoYin ရှည်ရှည်ဝေးဝေးတွေ ထပ်မမေးတော့ဘဲ၊ သူ့မုန့်သူ ဆက်စားနေလိုက်တယ်။ သူမုန့်စားတဲ့ပုံစံက အသားနဲ့ပေါင်မုန့်ကို ခွဲပြီးမှစားတာ။ အသားကို အရင်စား... ပြီးမှ ပေါင်မုန့်ကိုု လက်စသတ်တာ။ ဒါကြောင့် အသားပေါင်မုန့်၅လုံးစလုံးကို သူ...အသားတခြား၊ ပေါင်မုန့်တခြားခွဲလိုက်ပြီး အသားတွေကို အရင်စားနေတယ်။ ပေါင်မုန့်တွေကို ဘေးမှာ အပုံလိုက်ထပ်ထားတယ်။
ဒီမြင်ကွင်းကို GuHaiမြင်တော့ BaiLuoYinက ပေါင်မုန့်စားရတာ မကြိုက်ဘူးလို့ ထင်သွားပြီး၊ သူ့ပေါင်မုန့်ထဲက အသားတွေကို ဆွဲနှုတ်ပြီး BaiLuoYin ရဲ့ပန်းကန်ထဲ ထည့်ပေးကာ ပေါင်မုန့်တွေသာ သူ့ဘက်ပြန်ယူလိုက်တယ်။
GuHaiရဲ့လုပ်ရပ်ကို BaiLuoYin တအံ့တသြ ကြည့်နေတယ်။ GuHaiတစ်ယောက်ကတော့ တွေဝေမှုမရှိဘဲ ပေါင်မုန့်တွေချည်း ပါးစပ်ထဲ ပလုတ်ပလောင်း သွပ်နေတယ်။
GuHai ပေါင်မုန့်ဝါးတာ ခဏရပ်ပြီး BaiLuoYinကို ကြည့်ရင်း ပြောတာက ( ငါ့ကိုကြည့်တာနဲ့ မင်းဗိုက်ပြည့်မှာမို့လို့လား?)
( ဗိုက်က ပြည့်လား မပြည့်လားတော့မသိဘူး။ သေချာတာကတော့ ငါ့အစာအိမ်ကတော့ မဆန့်တော့ဘူး ဆိုတာပဲ)
သူ အဲ့လိုပြောပေမယ့်လည်း၊ BaiLuoYinတစ်ယောက် GuHaiအပေါ် သဘောထားတွေ တဖြည်းဖြည်းနဲ့ ပြောင်းလာပါပြီ။ ပထမတော့ အဖက်မလုပ်ချင်တဲ့စိတ်ကုန်လာတယ်၊ နောက်တော့ နဲနဲလေး သည်းခံလာနိုုင်တယ်။ အဲ အခုတော့ နဲနဲလေးတောင် အထင်ကြီးလာမိသလိုလိုပဲ။ BaiLuoYinဟာ တွေ့ဖူးသမျှလူတွေကို မှတ်ချက်ဇယားမှာ ထည့်သွင်းလေ့ရှိပါတယ်။ အဲ့ဒီထဲ GuHaiကတော့ မယုံဘူး ကြုံဖူးမှသိ ဆိုတဲ့အကွက်ထဲမှာ ပါပါတယ်။
( မင်း စားလို့ဝရင် သွားကစြို့)
စားပွဲပေါ်က ပြောင်သလင်းခါနေတဲ့ ပန်းကန်တွေက BaiLuoYinရဲ့စိုးရိမ်စိတ်တွေကို ဖယ်ထုတ်ပေးလိုက်ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် သူ့လောက်နီးနီး စားနိုင်တဲ့လူကို BaiLuoYin တွေ့ဖူးတာပါပဲ။ ခန္ဓာကိုယ်အရွယ်အစားတော့ မယှဉ်နိုင်ပေမယ့်၊ သူတို့နှစ်ယောက်ဟာ ဝါးတီးဆွဲတဲ့နေရာမှာတော့ လက်ရည်တူတွေပါ။
GuHaiက BaiLuoYinကို စက်ဘီးပေါ်တင်ပြီး ကျောင်းခေါ်လာခဲ့တယ်။
YouQiက သူတို့နှစ်ယောက် အတန်းထဲ အတူတူဝင်လာတာတွေ့သွားတယ်။ ဒါနဲ့ဆို ၂ကြိမ်ရှိပြီ သူမြင်တာ။ သူလည်း ခေါင်းစားတာနဲ့ မအောင့်နိုင်ဘဲ နောက်လှည့်ပြီးမေးလိုက်တယ်။ ( မင်းတို့နှစ်ယောက် ဘယ်လိုလုပ် ကျောင်းကို အတူလာဖြစ်ကတြာလဲ?)
( အတန်းရှေ့ရောက်မှ တွေ့ကတြာ)
YouQi ထပ်မေးချင်ပါသေးတယ်။ သို့သော် BaiLuoYinက အနောက်ဖက် လှည့်သွားပြီမို့။
GuHaiရဲ့လက်ထဲကို ယူနီဖောင်းအင်္ကျ ီ သူ ထည့်ပေးလိုက်တယ်။
GuHaiက ယူနီဖောင်းကို နဲနဲခါလျက် ခဏလောက် စိုက်ကြည့်နေပြီးမှ BaiLuoYin ပေါ် အကြည့်ရွှေ့ပြီး မေးလိုက်တယ်။ ( ဒါ ဘယ်သူ့အင်္ကျ ီလဲ?)
( ငါ့ဟာလား?)
ဒီဟာကို GuHai လုံးဝ မေ့နေပါပြီ။ သူ ဒီကျောင်းကိုပြောင်းလာတော့ သူ့အစ်မ FangFeiက သူ့အတွက် တစ်စုံမကတဲ့ ယူနီဖောင်းဂျာကင်တွေကို ဝယ်ပေးထားတာမို့။ သွေးစွန်းနေတဲ့ ယူနီဖောင်းကို သူ မတွေ့မိလည်း သူ အလေးမထားဘဲ BaiLuoYin တစ်ယောက် လွှင့်ပစ်လိုက်ပြီလို့သာ မှတ်ထားလိုက်တယ်။
( ဒါက မင်း ရန်ဖြစ်တုန်းက ဝတ်ခဲ့တဲ့ဟာ )
BaiLuoYin သူ့ကို သတိဖော်ပေးလိုက်ပြီးတဲ့နောက်၊ ရှေ့ပြန်လှည့်ပြီး စားပွဲခုံပေါ် မှောက်အိပ်သွားတယ်။
GuHai တစ်ယောက်မှာတော့ စိတ်ငြိမ်ငြိမ် မထားနိုင်ပါ။ လုံးဝ လုံးဝ စိိတ်မအေးနိုင်ဘဲ သူ့လက်ကြီးတွေနဲ့ BaiLuoYinကို ဆွဲထူမပြီး မေးခွန်းကို တလုံးချင်းထုတ်ပြောတယ်။ ( မင်း..ဒါကို..ငါ့အတွက်..လျှော်ပေးတာပေါ့?)
( မဟုတ်ဘူး)
( ဟုတ်ရဲ့သားနဲ့) GuHaiက သိနေတယ်နော် ဆိုတဲ့ အပြုံးနဲ့ ( မင်းအိမ်က သွေးစွန်းနေတဲ့ အင်္ကျ ီကြီး မြင်သွားမှဖြင့်..?)
( မင်း သိနေလည်း ဘာလို့မေးနေသေးလဲ?)
BaiLuoYinက မသိကျေးကျွန်ပြုနေသယောင်ဆောင်နေတယ်။
GuHaiဟာ အရူးတစ်ယောက်လို ပြုံးဖြဲဖြဲနဲ့။ သူ ဘယ်လောက်ကြာအောင် အခုလို ပြုံးနေမိသလဲ မသိ။ BaiLuoYinကို အကြံကြီးနဲ့ ကြည့်နေစဉ် သူ့မျက်လုံးတွေမှာ နေကြတ်နေသလို အမှောင်ဖုံးနေတယ်။
*BaiLuoYinက ငါ့အင်္ကျ ီကို လျှော်ပေးတယ်တဲ့?*
BaiLuoYin အဝတ်လျှော်နေတဲ့ မြင်ကွင်းကို ပုံဖော်ကြည့်ရုံနဲ့တင် GuHaiတစ်ယောက် လမင်းဆီတက်ချိတ်အောင် ဘဝင်မြင့်နေပါပြီ။ ကောင်ငယ်ချောချောလေးတစ်ယောက်က အဝတ်ကလေးကို တယုတယနဲဲ့ကိုင်ပြီး ပြောင်စင်အောင် ပွတ်တိုက်သန့်ရှင်းပေးနေတယ်.....ဆိုတဲ့ အတွေးမျိုးတွေ သူ့ခေါင်းထဲ ပြေးလွှားနေကတြာ! BaiLuoYin တွေးနေမှာပေါ့- သူ့အင်္ကျ ီကို ငါက ဘာကိစ္စလျှော်ပေးရမှာလဲ? ဒါကို ငါလွှတ်ပစ်လိုက်တော့မယ်!... လို့ သူ တွေးကောင်းတွေးမိလိမ့်မယ်။ ဒါပေမယ့် BaiLuoYin တစ်ယောက် အင်္ကျ ီကို လွှင့်မပစ်ခဲ့။ မျက်မှောင်တွေကြုတ်ပြီး သွေးအစွန်းတွေကို ကြိုးစားပမ်းစားနဲ့ မပြောင့်ပြောင်အောင် ပွက်တိုက်သန့်စင်ခဲ့မှာပေါ့။ သွေးကွက်တွေမရှိတော့မှ သူ့မျက်နှာလှလှလေးမှာ ကြုတ်ထားတဲ့မျက်မှောင်တွေလည်း ပျောက်သွားတော့မှာ။
ဆပ်ပြာနံ့က အခုလို လူကိုမူးရစ်စေတတ်မှန်း GuHai အရင်က သတိမထားမိခဲ့ပါ။End of Chapter 32
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...