Chapter 26- ငါ့အတွက် ဆေးဟာ မင်း!

2K 265 3
                                    

( အိပ်ဆေးနှစ်လုံးပဲ သူသောက်တာ ဟုတ်ရဲ့လား?)
GuHaiက YouQiဘက် လှည့်ကြည့်တော့၊ YouQiလည်း မနက်က ဘာတွေဖြစ်ပျက်ခဲ့သလိုဆိုတဲ့ သူ့မှတ်ဉာဏ်ကို ပြန်ခေါ်ကြည့်တယ်။ သူ့ မျက်နှာထား ချက်ချင်းပြောင်းသွားပြီး( သူ့စာရေးစားပွဲပေါ်မှာ ဆေးထုတ်တစ်ထုတ်တော့ မြင်မိတယ်။ ဒါပေမယ့် ဘာဆေးတွေမှန်းတော့ ကျွန်တော်မသိဘူး။ ဒီနေ့ မနက် သူကျောင်းလာတော့ အအေးမိနေတာ။ ဒီတော့ အဖျားပျောက်ဆေးပဲ ဖြစ်မယ်ထင်တယ်)
ဆေးပေးခန်းက နာ့စ်မလည်း အာရုံကိုစုစည်းပြီး ခဏလောက် စဉ်းစားတယ်။ သူမရဲ့မျက်လုံးတွေကတော့ YouQiကို စိုက်ကြည့်နေတယ်။
( ဒီလိုလုပ်၊ မင်းက အဲ့ဒီဆေးထုတ်ကို ဒီကိုယူလာခဲ့။ ဒီရောက်မှ ငါကြည့်မယ်)
YouQi ဆေးပေးခန်းထဲက လစ်ခနဲပြေးထွက်သွားစဉ်၊ GuHaiကတော့ ကုတင်ဘေးမှာထိုင်လျက် စကား တခွန်းတလေမှ မပြောဘဲ BaiLuoYin ဘေးမှာ ငြိမ်ငြိမ်လေးထိုင်နေခဲ့တယ်။ BaiLuoYinကို အခုလို အေးအေးချမ်းချမ်းလေးဖြစ်နေတာမျိုး သူ အရင်က မမြင်ဖူးခဲ့ဘူး။ အခု BaiLuoYinရဲ့မျက်နှာကြောလေးများဟာ ပြေလျော့ပြီး၊ သူ့အပေါ် GuHai ဘယ်လောက်ပဲ ဆူဆူပူပူတွေ လုပ်ခဲ့လုပ်ခဲ့ အပြစ်မယူပါဘူးလို့ ပြောနေသလိုပဲ။ အခုချိန်မှာတော့ BaiLuoYinရဲ့အေးငြိမ်းခြင်းတွေကို ဘယ်အရာကမှ ဖျက်လိုဖျက်ဆီး မလုပ်နိုင်တော့ပါ။
( သိပ်လည်း စိတ်မပူပါနဲ့။ သူ နေကောင်းသွားမှာပါ။ သူ့မျက်နှာကိုပဲ ကြည့်လေ၊ စိုးရိမ်စရာမရှိလောက်ဘူးရယ်။ ငါထင်တယ်၊ ဆေး၂မျိုးကို တပြိုင်တည်း သောက်လိုက်မိလို့ ဆေးအဆိပ်သင့်သွားတာဖြစ်မယ်။ သူ သတိရလာရင်၊ အားလုံးအဆင်ပေသြွားပါလိမ့်ယ်။ အိပ်ဆေးစသောက်ဖူးတဲ့အတွေ့အကြုံကနေ နောက်တခါဆို ဆေးမလွန်အောင် သတိထားရမှာပေါ့။ တန်ဆေး လွန်ဘေးတဲ့)
GuHaiဟာ တည်ကြည်တဲ့ မျက်နှာထားနဲ့ နှုတ်ဆိတ်နေတုန်းပဲ။
YouQi ပြန်လာပြီး ဆေးထုတ်ကို နာ့စ်မလေးကို ပေးလိုက်တယ။်
( တွေ့လား။ ဒါက အဖျားပျောက်ဆေးတွေ)
ဆေးပေးခန်းက ဆရာမလေးဟာ ခေါင်းတညိမ့်ညိမ့်နဲ့ BaiLuoYinကုတင်နား ကပ်သွားပြီး ကိုယ်ပူစမ်းကြည့်ရင်း ( သူ အကြောဆေး သွင်းဖို့ လိုမယ်ထင်တယ်။ သူ အဖျားငွေ့ငွေ့ရှိတဲ့အပြင် ဆေးလည်းလွန်ထားတော့။ ဒါတွေကြောင့်ပဲ သူအားယုတ်ပြီး မူးလဲကျသွားတာ)လို့ ညင်ညင်သာသာပြောတယ်။
နာ့စ်ဆရာမ အခြားအခန်းထဲသွားနေချိန်၊ YouQiဟာ BaiLuoYinနားလေးသွားပြီး GuHaiကို ပြောတယ်။ ( သူ့ကို ငါကြည့်ထားပေးမယ်။ မင်း အတန်းထဲပြန်တော့။ လူနာစောင့်က ၁ယောက်ဆိုရပြီ)
( မင်း ပြန်နှင့်)
ဒီစကားလေး၃လုံးက ရိုးရိုးလေး ပြောလိုက်တယ်ဆိုပေမယ့်၊ ကြားရသူအဖို့တော့ စိတ်ထဲလေးလံသွားစေတယ်။
GuHaiတစ်ယောက် BaiLuoYinကို စောင်ခြုံပေးနေတယ်။
အခုလို GuHaiရဲ့လုပ်ရပ်ကို YouQiမြင်တော့ သူ့ရင်ထဲ ခံစားချက်တွေ ရောထွေးလာတယ်။ အခြားသူတွေအမြင်မှာတော့၊ GuHaiနဲ့ BaiLuoYinတို့ကို တစောင်းစေးနဲ့ မျက်ချေးလို့ ထင်ကောင်းထင်ကမြယ်။ ဒါပေမယ့် YouQiရဲ့မျက်လုံးထဲမှာတော့ BaiLuoYinအပေါ် GuHaiတစ်ယောက် အထူးတလည် ခံစားချက်မျိုး ရှိနေတယ်လို့ မြင်တယ်။ GuHaiက ဘယ်သူ့ကိုမှ အရင်စပြီး နှုတ်ဆက်တတ်တာ မဟုတ်။ ဒါပေမယ့် BaiLuoYinကိုကျ ခဏပြီးခဏ သွားသွား ရန်စနေတတ်တာ။ အခြားသူတွေအပေါ်ကျ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်တတ်တဲ့ GuHaiဟာ BaiLuoYinရှေ့ရောက်ရင် ဘယ်ကရလာမှန်းမသိတဲ့ တက်ကြွခြင်းတွေနဲ့ ပြည့်လျှံနေတယ်။ အမြဲတမ်း BaiLuoYinကို အနိုင်ကျင့်နှိပ်စက်ဖို့ ကြံရွယ်နေတာလည်း သူပဲ။ အခုလို BaiLuoYin ဒုက္ခတွေ့တော့ စိတ်ပူထိပ်ပူဖြစ်နေရတာလည်း သူဆိုတဲ့ GuHaiပဲမို့..........။
ဒီလိုမျိုးကို သူများတွေ တွေးမိမှာမဟုတ်။ BaiLuoYinတောင် သတိမထားမိဘူး။ ဒါပေမယ့် YouQiကတော့ ဒါမျိုးတွေ ကြိုမြင်နေပါတယ်။
သူတို့ကြည့်ရတာ အထက်တန်းကျောင်းမှာ အပျော်ထားတဲ့ ရည်းစားတွေလိုပဲ။ ကောင်လေးတစ်ယောက်က အတန်းထဲက ကောင်မလေးကို ကြိုက်နေပေမယ့် ဘယ်လိုဖွင့်ပြောရမှန်း သူ မသိတော့ ကောင်မလေးရဲ့ ကျစ်ဆံမြီးကို ဆွဲလို့ဆွဲ၊ ကောင်မလေးရဲ့စာအုပ်တွေကို ဖွက်လို့ဖွက်၊ ကောင်မလေး ထိုင်ငိုရတဲ့အထိ ဗိုလ်ကျလို့ကျနဲ့ စရင်းနောက်ရင်း အထာပေးတာမျိုးနဲ့ တူနေပြီ။ GuHaiရော BaiLuoYinရောက နှစ်ယောက်စလုံး ယောက်ျားလေးတွေဖြစ်နေတာတောင်၊ အခုလို သမီးရည်းစားပုံစံနဲ့ ဘာမှ သိပ်မကွာလှ။ ရည်ရွယ်ချက်ကတော့ အတူတူပဲ မဟုတ်လား၊ တစ်ယောက်က တစ်ယောက်ရဲ့အာရုံစိုက်မှုကို လိုချင်တာလေ။
ဒီအတန်းထဲမှာ GuHai ပတ်သတ်တဲ့လူဆိုလို့ BaiLuoYin တစ်ယောက်ပဲ ရှိပါတယ်။ ယောက်ျားလေးသူငယ်ချင်းပတ်သတ်မှုမှာ တမျိုးပဲရှိပါတယ်--မင်းက ငါ့ထက်ပိုသာရင်၊ မင်းကို လေးစားပြီး သဘောကျမိမယ်၊ ဒီတော့ ငါကအရင် မင်းကို ဦးအောင် ဆော်ထားမယ် ဆိုတာမျိုး။ ဒါကြောင့်လည်း Guhai တစ်ယောက် BaiLuoYinကို အရမ်းအရမ်း သဘောကျနေမှန်း YouQiက အပ်ကျမတ်ကျ ပြောရဲတာပါ။
မခြွင်းမချန်ပြောရမယ်ဆို၊ BaiLuoYinကို သဘောကျတာ GuHai တစ်ယောက်တည်း မဟုတ်ပါဘူး။ YouQi ကိုယ်တိုင်လည်း ထိုနည်းတူပါပဲ။
BaiLuoYinဟာလည်း တမျိုးတမည် စွဲလမ်းဖို့ကောင်းတာကိုး။ အဲ့ဒီ စွဲလမ်းမှုကလည်း တနေ့ထက်တနေ့ တိုးသာတိုးလာလိမ့်မယ်။ သူ့ကို ဆူးမွှေးပန်းတစ်မျိုးနဲ့ တင်စားထိုက်တယ်။ ဆူးမွှေးပန်းဆိုတာ ဆူခြုံပင်က ပွင့်တဲ့ပန်းတစ်မျိုးဆိုပေမယ့် နှစ်၃၀၀၀ကြာမှ ဖူးပွင့်လာတတ်တာမို့ စောင့်ကြည့်ခံစားလိုသူများ ရှိသပေါ့။
( မင်းကိုု ငါဆေးပေးလိုက်ဦးမယ်)
နာ့စ်မလေး ပြောလိုက်တဲ့စကားကြောင့် YouQiရဲ့စိတ်ကူးယဉ်တာ ပျက်သွားတယ်။
( ဘာဆေးလဲ?)
ဆေးပေးခန်းက နာ့စ်လေးက နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေး ပြုံးထားပြီး ( မင်းက ဒီဆေးခန်းကိုရောက်လာခဲတယ်လေ။ ဒီတော့ ရောက်တုန်းရောက်ခိုက် လက်ဗလာနဲဲ့တော့ ဘယ်ပြန်လွှတ်ရက်ပါ့မလဲလို့။ ဒီဆေးတွေက မှတ်ဉာဏ်ကောင်းစေတဲ့ အားဆေး၊ အိမ်ရောက်ရင်သောက်လိုက်။ အထက်တန်းကျောင်းသားဆိုတော့ ပင်ပန်းမှာပေါ့။ ဒီလို အားဆေးတွေသောက််မှ မင်းရဲ့ဦးနှောက်လည်းကြည်မှာပေါ့၊)
နာ့စ်မလေးကို YouQi ခပ်တည်တည် ကြည့်လျက် ပြောလိုက်တာက ( အစ်မသာ ကိုယ့်ဖာသာကိုယ်သောက်)
(..............)
GuHaiဟာ BaiLuoYinကို ကြည့်ရင်းကြည့်ရင်း ရင်းနှီးလာသလို ခံစားရတယ်။ အဲ့ဒီပုဂ္ဂိုလ်ရဲ့မျက်နှာ အသွင်အပြင်ကို ခပ်ရေးရေးသာ သူမှတ်မိတော့ပေမယ့်၊ BaiLuoYinရဲ့ နှာခေါင်းနဲ့ နှုတ်ခမ်းတွေဟာ အမြဲတမ်း သူ့ကိုအတိတ်ဆီကို ခေါ်ဆောင်သွားတတ်တယ်။
( အဟွတ် အဟွတ် အဟွတ်)
BaiLuoYinရဲ့ချောင်းသံကြောင့် GuHaiအတွေးစတို့ ပြတ်သွားတယ်။
( ရေဆာတယ်)
BaiLuoYinဟာ နေမင်းကြီးနောက် အပြေးလိုက်နေရတယ်လို့ အိပ်မက်မက်တယ်။ သူ နေမင်းနောက် လိုက်လေလိုက်လေ သူမောပြီး ရေဆာလာလေလေပဲ။ သူ မြစ်ဝါမြစ်ကို ရောက်လုဆဲဆဲမှာ အခု ရေဆာလို့ သူနို်းလာတယ်။
အေးမတြဲ့ ရေချိုလေးတွေ သူ့ပါးစပ်ထဲကို စီးဝင်သွားကြတော့မှ BaiLuoYinရဲ့ နှုတ်ခမ်းနဲ့လျှာတို့ စိုစိုပြေပြေဖြစ်သွားတယ်။ သူ ရေခွက်ကို လှမ်းကိုင်ပေမယ့်၊ ရေခွက်အစား ကျယ်ပြန့်သန်မာတဲ့ လက်ဖဝါးပိုင်ရှင်ရဲ့လက်ကိုပဲ ကိုင်မိတယ်။ အဲ့ဒီလက်ပိုင်ရှင် ရဲ့လက်ချောင်းတွေက အဲ့ဒီလူဟာ ယောက်ျားကောင်းတစ်ယောက်ဖြစ်ကြောင်းကို ဟစ်အော်ပြောနေသလိုပဲ။ အဲ့ဒီလက်ပေါ်ကနေ BaiLuoYin သူ့လက်သူ ပြန်ရုတ်လိုက်ပြီး မမြင်မကန်းနဲ့ ရေဖန်ခွက်ကို စားပွဲထောင့်မှာ ယူနေပေမယ့် ရေခွက်ကိုတော့ သူ မတွေ့။
စမ်းတဝါးဝါးလုပ်နေတဲ့ BaiLuoYinရဲ့လက်ကို GuHaiက ဖိချလိုက်တယ်။ BaiLuoYin ပါးစပ်နဲ့တေ့ပြီဂရုတစိုက်နဲ့ ရေတိုက်ပေးတယ်။
BaiLuoYin ရေငတ်ပေသြွားမှ၊ GuHaiရဲ့လက်ကို တွန်းဖယ်ရင်း ပြောလိုက်တယ်။
( အဖေ၊ ကျွန်တော် ရေသောက်လို့ဝပြီ)
Guhai တစ်ယောက် အချိန်အကြာကြီး စိတ်ပူထိပ်ပူဖြစ်နေရပြီး အခုမှပဲ စိတ်အေးသွားရတယ်။
( ယဉ်ကျေးလှချည်လား?)
တခုခုလွဲနေတယ်လို့ BaiLuoYin ခံစားမိလို့၊ မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ GuHaiရဲ့မျက်နှာနဲ့ သွားဆုံမိတယ်။ သူ့မျက်လုံးတွေ မှုန်သုန်သွားတယ်။
( ဘာလို့ မင်းလဲကွာ?)
( ဖေကြီးကို မမှတ်မိတော့ဘူးလား ငါ့သားရ?)
BaiLuoYinက GuHaiကို ရိုက်ဖို့ လက်ပြင်လိုက်ပေမယ့် GuHaiက လှမ်းတားလိုက်တယ်။
( မလှုပ်နဲ့၊ မင်းလက်မောင်းမှာ ဆေးပိုက်ကြီးနဲ့)
အဲ့ဒီတော့မှာ လက်မှာအကြောဆေးသွင်းထားမှန်း BaiLuoYin သတိထားမိတယ်။ သူ့ခေါင်းပေါ် မော့ကြည့်တော့ ဆေးပုလင်းက တန်းလန်း။
( ဘယ်လိုဖြစ်သွားတာလဲ)
GuHaiက BaiLuoYinကို အကြောင်းစုံ ပြောပတြယ်။ တစက်တလေမှ ထိမ်ချန်ထားခြင်းမရှိသလို အာနာခြင်းလည်း အလျင်းမရှိဘဲ ဖြစ်ပျက်သမျှ အလုံးစုံကို ပြန်ပြောပြနေတာ။ BaiLuoYinရဲ့ရေဘူးထဲကို အိပ်ဆေးခတ်တဲ့ကိစ္စက ဘာမှမဟုတ်တဲ့ ပုံမှန်ကိစ္စလေးလိုပဲ။ အခုလို ရှင်းလင်းရေးလုပ်ပြနေတဲ့ ကာလတလျှောက် အဓိကထောက်ပခြျင်တဲ့အချက်ကတော့ BaiLuoYinက သူ့စမ်းသပ်မှုမှာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိတဲ့အတွက် နောက်ဆုံးကောက်ချဆွဲရမယ်ဆိုရင် ဒီကိစ္စမှာ တာဝန်အရှိဆုံးလူဟာ BaiLuoYin ဆိုတာပဲ။
BaiLuoYin မေးကညြ့်ချင်ပါတယ်- ကျောင်းကနာ့စ်မလေး ပေးလိုက်တာ တကယ်ပဲ အိပ်ဆေး၂လုံးတည်းလားလို့။
( ပြောပစြမ်းပါ၊ ငါ မင်းကို ဘာတုန်းကများ စော်ကားမော်ကားလုပ်မိခဲ့လဲဆိုတာ။ မင်းကို ငါတောင်းပန်ပါ့မယ်)
အခုလို ထုတ်ပြောလာပုံကိုထောက်ရင် BaiLuoYinတစ်ယောက် ရန်ဖြစ်တဲ့ဂိမ်းကို စိတ်ကုန်နေပြီဆိုတာ သေချာသွားပြီ။ GuHaiကတော့ သူနဲ့ရန်ဖြစ်ဖို့ တတ်နိုင်ပေမယ့်၊ သူ့မှာတော့ GuHaiနဲ့ရန်ဖြစ်လို့ ပေါ်လာတဲ့ အရှုပ်တွေကို မရှင်းနိုင်ပါ။ GuHaiရဲ့ယူနီဖောင်းဂျာကင် စုတ်ပြဲသွားရင် နောက်နေ့မနက်ပဲ သူ အသစ်စက်စက်တစ်ထည် ဝတ်လာနိုင်တယ်။ ဒါပေမယ့် BaiLuoYinကျတော့ ကျောစုတ်နေတဲ့ ဂျာကင်ပဲ ဝတ်နေရတုန်း။ အကယ်လို့ GuHaiတစ်ယောက် ထိခိုက်နာကျင်မှုဖြစ်ရင် အကောင်းစားဆေးရုံက အထူးခန်းမှာ ဆေးကုသမှုခံယူနိုင်ပေမယ့်၊ BaiLuoYinမှာတော့ အကြောဆေးတစ်ပုလင်း ကုန်ကျစရိတ်အတွက် ၁၀ရက်လောက် ငွေစုမှ ဖြစ်မှာဆိုတော့......
BaiLuoYinရဲ့စိတ်ကို ဖတ်တတ်တဲ့ GuHai ချက်ချင်းပဲ ပြောလိုက်တာက ( မင်းဆုံးရှုံးလိုက်သမျှကို ငါလျှော်ပေးနိုင်တယ်။ ဒါပေမယ့် မင်းနဲ့လာမပတ်သတ်နဲ့လို့တော့ မပြောနဲ့။ ငါ မနေနိုင်ဘူး)
BaiLuoYinဟာ ခေါင်းအုံးပေါ် ခေါင်းဆောင့်လျက် GuHaiကို ဒေါသတကြီး လှမ်းကြည့်ရင်း ( ခွေးကောင်၊ မင်း စိတ်မှ မှန်သေးရဲ့လား?)
GuHai ရဲ့ရဲ့လေး ပြုံးပြီး ( ဟုတ်တယ်၊ ငါက ရူးနေတာ)
( ရူးနေရင်လည်း ဆေးမြန်မြန်သောက်ကွာ!)
( ငါ့အတွက် ဆေးက မင်းလေ)
BaiLuoYin အေးစက်စွာ GuHaiကို ကြည့်လိုက်တယ်။
( ဘာအဓိပ္ပာယ်လဲ?)
( မင်း ငါ့ကို နေပြန်ကောင်းလာစေချင်ရင်၊ ငါ့ပေးသမျှ ဒုက္ခတွေကို ခါးစည်းခံလိုက်လို့ ပြောတာ)
(............)

End of Chapter 26

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now