Chapter 73- YinZiကို DaHai ချော့ရပြီ

1.6K 174 3
                                    

Chapter 73- YinZiကို DaHai ချော့ရပြီ

ကျောင်းကပြန်ရောက်တော့ ညမှာ BaiHanQiက ညစာစားပွဲကြီး ပြင်ဆင်ထားတယ်။
စားပွဲအပြည့် ထမင်းဝိုင်းကြီးကို မြင်တော့ BanLuoYinက သူ့အဖေဆီ လျှောက်သွားပြီး၊ ( ဒီနေ့ ဘာသတင်းကောင်းရှိလို့လဲ? အန်တီZou ဆေးရုံကဆင်းလာလို့ မဟုတ်လား? ဒါပေမယ့် ဆရာဝန်ပြောလိုက််တုန်းက ၂ပတ်လောက် ဆေးရုံတက်ရဦးမယ်ဆို)
BaiHanQi မျက်နှာ ရှက်သွေးဖြာနေတယ်။ သူ ဒီနေ့မှ ဝတ်ကောင်းစားလှတွေလည်း ဝတ်ထားသေးတယ်။ နောက် သူဟာ ဂုဏ်သရေကြီးမားတဲ့ အသွင်နဲ့ ထူးခြားဆန်းပြားစွာ စားပွဲဘေးမှာ ရပ်နေတယ်။ BaiLuoYinရဲ့အမေးကို သူူ တမင်တကာ မဖေဘြဲထားလျက်၊ ခေလြှမ်းတိုင်းမှာ သူ့သရေဘွတ်ဖိနပ်သံက တခွပ်ခွပ်ထွက်နေတယ်။ ဒါကို ကွင်းကွင်းကွက်ကွက် မျက်စိထဲမြင်အောင် ပြောပရြရင် *ဟန်များနေတာ*ပဲ။
( အဖေ မသောက်ဘဲ မူးနေသလား?)
( ဟားဟားဟား...) BaiHanQiက စိတ်လက်ပေါ့ပါးစွာနဲ့ သူငယ်ငယ်တုန်းကလို မုတ်ဆိတ်မွေးတွေကို ပွတ်သတ်ရင်း အသံထွက်အောင် ရယ်လိုက်တယ်။ ( YinZi မင်းအဖေ ရာထူးတိုးပြီကွ)
( ရာထူးတိုးတယ် ဟုတ်လား?) BaiLuoYinဟာ မယုံသင်္ကာမျက်နှာဘေးနဲ့။ ( အဖေတို့စက်ရုံမှာ တိုးစရာရာထူးရော ရှိလို့လားဗျာ?)
( အဲ့ဒီစက်ရုံမဟုတ်ဘူးကွ။ အခြားစက်ရုံတစ်ရုံက အဖေ့ကို လာရှာတာ။ ပြီးတော့ သူတို့ဆီမှာ အင်ဂျင်နီယာလုပ်ဖို့ ကမ်းလမ်းလာတာ)
BaiLuoYin မျက်နှာအမူအရာပြောင်းသွားပြီး၊ သူ့အသံမှာ မရေရာတဲ့လေသံရောနေတယ်။ ( အဖေ့ကို တစ်ယောက်ယောက် ဂျင်းထည့်လိုက်ပြီနဲ့တူတယ်နော?)
( မင်းပြောပုံကြီးကလည်း ဘယ်လိုကြီးတုန်း?) BaiHanQi မျက်နှာ တည်သွားပြီး ( ငါတို့ စာချုပ်မှာတောင် လက်မှတ်ထိုးပြီးသွားပြီ။ ပြီးတော့ လစာလည်း သိပ်ကောင်းတာကွ! ငါ့ကို ကမ်းလမ်းလာတဲ့လူက သူပြောတဲ့စကားတွေကို ငါမယုံနိုင်ဖြစ်နေတာကို သိလို့ သူတို့ရဲ့စိတ်ရင်းအမှန်ကို သိအောင်ဆိုပြီး ငါ့ကို ယန်း၅၀၀၀တောင် ပေးလိုက်သေးတယ်။ ငါ့သားအားရင် နောက်မှ အဖေ့ရုံးခန်းထဲ ခေါ်ပြဦးမယ်။ မင်းဆိုလည်း လန့်သွားမှာ အသေအချာပဲ)
သူ စကားဆုံးတာနဲ့ ဟိုဘက်လှည့်သွားပြီး သီချင်းလေး တအေးအေးနဲ့ ဝက်စတူးထဲက အသားတုံးကို လှီးဖြတ်နေတယ်။
BaiLuoYin မတ်တပ်ကြီး ရပ်လျက်၊ မီးဖိုခန်းက ထွက်သွားဖို့ကို နေရာမရွှေ့နိုင်ဖြစ်နေတယ်။ နောက်မှ ခေလြှမ်းကျဲကြီးတွေနဲ့ အပြင်ကို မြန်မြန်ထွက်လာခဲ့တယ်။
( GuHai ဒီကို လာဦး!)
GuHaiက ခြံထဲမှာ လက်ဆေးနေတုန်း အခိုက်အတန့်ဖြစ်တယ်။ BaiLuoYin မီးဖိုခန်းထဲက ဒေါကြီးမောကြီးနဲ့ ပြေးထွက်လာတာကို သူမြင်တော့၊ ချက်ချင်းမြန်မြန်ပဲ အိပ်ခန်းထဲကို လို်က်သွားလိုက်တယ်။
( ဘာထူးလဲ?) GuHaiက လက်သုတ်ဝတ်နဲ့ လက်သုတ်ရင်း မေးတယ်။
BaiLuoYinရဲ့မျက်နှာဟာ ညိုမှောင်နေပြီး၊ သူ့အသံဟာလည်း အမှုစစ်တဲ့လေသံပေါက်နေတယ်။ ( ငါ့အဖေရဲ့အလုပ်နဲ့ ပတ်သတ်ပြီး၊ မင်း ဘာလုပ်ထားသေးလဲ?)
GuHaiက အပြစ်ကင်းချင်ယောင်ဆောင်ထားလျက် ( မင်းအဖေရဲ့အလုပ်ကိစ္စ ဟုတ်လား?)
( မင်း ဘာမှ မသိချင်ယောင် ဆောင်မနေနဲ့။ အဖေ့ရဲ့အလုပ်ကို အခြားနေရာပြောင်းပေးဖို့ ဘယ်သူက မင်းကို ခိုင်းထားလို့လဲ? မင်းလုပ်ရပ်က ဘာသဘောလဲ? ငါတို့မိသားစုကို မင်းက ကယ်တင်ချင်တယ်ပေါ့? မင်းကို ငါတို့က ဖုန်းဝယ်ပေးလို့ မင်းကိုယ်မင်း စိတ်သက်သာအောင် လုပ်ချင်နေတာမလား?)
( BaiLuoYin...မင်းပြောနေတာတွေ ငါ ဘာတခုမှ မသိဘူး။ ကယ်တင်တယ်ဆိုတာ ဘာကိုပြောတာလဲ? မင်းမိသားစုက ဘာဖြစ်နေလို့ ငါက ကယ်ရမှာတုန်း? ဦးလေးက မိသားစု စားဝတ်နေရေးအတွက် နေ့တိုင်း အလုပ်က ပင်ပင်ပန်းပန်းနဲ့ပြန်လာနေတာကို ငါကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ် မဟုတ်လား? သူက မင်းအဖေလေ- မင်းမာနကို ရှေ့တန်းတင်ပြီး အဲ့ဒီ တက်လမ်းမရှိတဲ့ စက်ရုံစုတ်မှာပဲ မင်းအဖေကို ခိုင်းစားနေတော့မှာလား?)
BaiLuoYinမျက်နှာဟာ အစောကလို ခပ်တည်တည်ပဲ။ ( ငါတို့မိသားစုကိစ္စထဲ မင်းဝင်ပါစရာမလိုဘူး)
( အဲ့ဒီစကားကို ထပ်ပြောကြည့်စမ်း!) GuHaiရဲ့အသံက ရန်လိုသံပေါက်နေတယ်။
( ငါ ဘယ်နှကြိမ် ပြန်ပြောပြော အတူတူပဲ။ ငါတို့ မိသားစုကိစ္စကို ငါတို့ဖာသာ ကြည့်လုပ်မယ်)
( မင်းတော့ကွာ....) GuHai အံကြီးကြိတ်လျက်၊ ကြမ်းပြင်ပေါ်မှာ တစ်စုံတစ်ရာကို လိုက်ရှာတယ်။ နောက်ဆုံး ဖုန်ခါတဲ့ ကြက်မွှေးကို သူတွေ့သွားပြီး BaiLuoyinကို ကြက်မွှေးနဲ့ရွယ်ရင်း ( မင်းကိုငါ ထချမိတော့မယ်နော်)
BaiLuoYinက GuHaiကို ဂြိုလ်ကြည့်ကြည့်နေပြီး ဘာစကားမှတော့မပြော။ နောက် သူ့မျက်လုံးမှာ မီးရောင်တွေတောက်လာတယ်။ သူ့ကို ရိုက်ရဲရင် ရိုက်ကြည့်လိုက် ဆိုပြီး GuHaiကို စိန်ခေါ်နေသလိုမျိုးပဲ။
ရိုက်ရဲလား မရိုက်ရဲလား ဆိုတာက GuHaiအတွက် ပြဿနာမဟုတ်ပါ။ သူ့အတွက် ပြဿနာက သူ ရိုက်ရက်လား မရိုက်ရက်လား ဆိုတာပဲ။
တင်းမာတဲ့အချိန်တွေ ကုန်ခဲ့ပါပြီ။ GuHaiက ကြက်မွှေးနဲ့ သူ့ပေါင်သူ ဖျန်းခနဲ ရိုက်လိုက်ပြီး၊ သက်ပြင်း ခိုးရှိုက်လိုက်တယ်။ နောက် BaiLuoYin ရှေ့ကို သွားပြီး လေသံအေးအေးနဲ့ ဖြေးဖြေး ညင်သာစွာပြောတယ်။ ( ဒီလိုတွေ မလုပ်ခင် မင်းနဲ့အရင်တိုင်ပင်သင့်တယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် မင်းရဲ့ခေါင်းမာတဲ့အကျင့်ကြီးကို ငါကြောက်လို့။ မင်းနဲ့ တိုင်ပင်လိုက်ရင် ဘာမှ မလုပ်ရသေးခင် အစီအစဉ် ပျက်သွားမှာစိုးရတယ်လေ။ Yinလေး...ငါ့မှာ အခြားရည်ရွယ်ချက်မရှိဘူး။ ဦးလေးကို ငါ ရိုးရိုး အလုပ်ဌာနတစ်ခုကိုပဲ ပြောင်းပေးလို်က်တာပါ။ သူ တနေကုန် လက်ဖက်ရည်ကြမ်းလေးသောက်၊ သတင်းစာလေး ဖတ်ပြီး အလကား လခထိုင်ယူရမှာလည်း မဟုတ်ဘူး။ ဦးလေးရဲ့အရည်အချင်းတွေကို အပြည့်အဝ အသုံးချရမယ့် နေရာ။ ဦးလေးက တကယ့်ကို အရည်အချင်း ပြည့်ဝတဲ့လူလိို့ ငါထင်မိလို့လေ။ သူသာ အဲ့လိုမဟုတ်ရင် မင်းလို လိမ္မာ ဉာဏ်ကောင်းတဲ့ သားတစ်ယောက်ဖြစ်အောင် ဘယ်လိုနည်းနဲ့ ပျိုးထောင်ပေးနိုင်မှာလဲ? ငါက ဦးလေးကို အခွင့်အရေးကောင်းလေး တခုပေးလိုက်ချင်ရုံပဲ။ ဒါမှ သူ့ဘဝတဝက်လောက် ပေးဆပ်ခဲ့ရတဲ့ ကြိုးစားမှုတွေရဲ့အသီးအပွင့်တွေကို သူ ခံစားခွင့်ရတော့မှာကိုး။ နောက်ဆို ဦးလေးက အန်တီZou ရှေ့မှာ ခေါင်းမော့ရင်ကော့ပြီး နေနိုင်တော့မှာပေါ့။ မှန်တယ် မဟုတ်လား?)
BaiLuoYin ဘာစကားမှတော့ ပြန်မပြော။ ဒါပေမယ့် သူ့မျက်လုံးထဲမှာ အရှင်းသားမြင်နေရတာက BaiLuoYinတစ်ယောက် စိတ်မပြေသေးဘူး ဆိုတာပဲ။ တဖက်မှာ သူဟာ သူ့ဖခင် BaiHanQi ကို သိပ်ချစ်ပါတယ်။ သူ့အဖေသူ တုန်နေအောင် ချစ်လို့လည်း အစောပိုင်းကလို သူ့အဖေမျက်နှာလေး ဝင်းဝင်းပပနဲ့ ပျော်ရွှင်နေတာကို သူလည်း မြင်ချင်ပါတယ်။ တဖက်မှာတော့ ဒီလိုမျိုးကြီးကျ သူ့ရင်ထဲ စိတ်မအေးဘူးဖြစ်ရတယ်။ သူ့အဖေရဲ့ အိုဇာတာကို ကောင်းအောင် ဖန်တီးပေးသူက ဘာကြောင့် GuHaiလဲ? BaiLuoYinဟာ သူ့ခွန်သူ့အားနဲ့ သူ့အဖေကို စိတ်ချမ်းသာအောင် မထားနိုင်ရလေခြင်း!
GuHaiဟာ BaiLuoYinရဲ့ဆံပင်တွေကို လက်နဲ့ပွတ်လျက် စိတ်ရှည်ရှည်နဲ့ ဖြောင့်ဖြပြောဆိုတယ်။ ( ဟိုတစ်ခေါက် အန်တီZouကို ငါကူညီတုန်းက မင်း ဘာမှမပြောခဲ့ဘူးလေ ဟုတ်တယ်နော်? အခု မင်းအဖေရဲ့ကိစ္စကျမှ ဘာလို့ အေးအေးဆေးဆေး မပြီးနိုင်ဘဲ ဖြစ်နေရတာလဲ Yinရာ?)
BaiLuoYinရဲ့လေသံက ထောင့်ထောင့်ကြီး။ ( အခေအြနေချင်းမှ မတူဘဲ)
( ဘာမတူတာတုန်း?)
BaiLuoYin အကြောင်းရင်းကို ပြန်မဖေနြိုင်တော့။ သူ့ရင်ထဲ သက်တောင့်သက်တာ ဖြစ်မနေတာ သေချာပါတယ်။
( အခုလို ခေတ်ကြီးထဲမှာ အကပ်ကောင်းကောင်းရှိမှ ကိစ္စတွေက လွယ်ကူချောမွေ့တာလေ။ မင်းဘေးမှာ ကောင်းကောင်းကြီး အသုံးချလို့ကောင်းတဲ့ အဆက်အသွယ်တွေ ဒီလောက်ရှိနေတာ၊ ဘယ်လောက်ကောင်းလိုက်သလဲ။ ဒါကို မင်းက ဘာတွေ ခေါင်းမာနေရတာလဲ?)
( ငါက ခေါင်းမာနေတာ မဟုတ်ဘူး...) BaiLuoYin ကြည့်ရတာ အတော့်ကို နေရထိုင်ရခက်နေတယ်။ ( ငါ့မှာလည်း သူငယ်ချင်းတွေ အများကြီးရှိပါတယ်။ ငါ့မိသားစုမှာ ပြဿနာတခုခု ရှိရင်၊ ငါ သူတို့ဆီက အကူအညီတောင်းဖူးတာပဲ။ ဒါပေမယ့် မင်းကျတော့.... မင်းကျမှ ဘာလို့ ငါ့စိတ်တွေ လေးနေရသလဲကွာ?)
ဟုတ်ပါရဲ့။ ဘာကြောင့် GuHaiရဲ့မှ သူ့စိတ်တွေ လေးနေရသလဲ?
GuHaiရဲ့ ရင်ထဲမှာတော့ အဓိပ္ပာယ်၂ခွထွက်တဲ့ အဖေတြစ်ခု ရှိပြီးသားပါ။ ဒီအဖြေကြောင့် သူ့စိတ်တွေ ခုန်လာပါတယ်။
( YinZiရေ...) အပြင်ကနေ ဘွားဘွားဘိုင်ရဲ့အော်ခေါ်သံကို ကြည်လင်ပြတ်သားစွာ ကြားလိုက်ရတယ်။
BaiLuoYinက GuHaiကို ဂြိုလ်ကြည့်ကြည့်လျက် စကားတခွန်းကို ခပ််ထောင့်ထောင့် ပြောလို်က်တယ်။ ( အခုတော့ ဒီကိစ္စကို ဒီလောက်နဲ့ အသာထားလိုက်ကစြို့)
သူပြောပြီးတာနဲ့ အခန်းတံခါး လိုက်ကာကို မပြီး ထွက်သွားပါတော့တယ်။

End of Chapter 73

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now