Chapter 29- အသည်းပေါက်အောင် သောက်ခဲ့တယ်

1.9K 252 2
                                    

( အဲ့လောက် မသောက်နဲ့လေ၊ အစာအိမ်ထိခိုက်လိမ့်မယ်)
GuHaiက ဘီယာခွက်ကို BaiLuoYinလက်ထဲက ဆွဲယူလိုက်ပေမယ့်၊ BaiLuoYouက ခွက်ကို ပြန်လုသွားပြီး မော့သောက်ပစ်လိုက်တယ်။ မော့လို့အပြီး၊ ကြို့တစ်ချက်ထိုးရင်း လက်တဖက်က အသားချောင်းကို ကိုင်စားနေတယ်။
GuHaiဟာ BaiLuoYinစားနေတဲ့ အသားချောင်းကို ဆွဲလုပြီး သူ့ပါးစပ်ထဲသူ သွပ်ထည့်လိုက်တယ်။
BaiLuoYin မျက်နှာပျက်သွားပြီး ( ဒီမှာ အမြည်းတွေ အများကြီးကို။ ငါ့ဟာကျမှ မင်း ဘာလို့လုစားပစ်ရတာလဲ)
( မင်းထဲက လုစားရတာ ငါပျော်လို့)
အဲ့ဒီစကားကိုကြားတော့ BaiLuoYinရဲ့မျက်နှာ ညိုမှောင်သွားတယ်။ နောက် သူ ဆိုင်ဘက်လှည့်ကာ ( လောပန်း၊ ဒီကို ဘီယာတစ်ခွက် ထပ်ချပေးပါဗျို့)
GuHai ခဏလောက် ကြောင်သွားတယ်။ ပြီးမှ သူ BaiLuoYin မှာနေတာကို ပိတ်ပြောတယ်။ ( လောပန်း၊ လာမချနဲ့တော့။ ဒီလောက်ဆို လုံလောက်နေပြီ)
( မင်း ငါ့ကိုကန့်လန့်တိုက်နေမယ်ဆိုရင်၊ မင်း ဂျောင်းလိုက်တော့)
အဆုံးသတ်မှာတော့၊ GuHaiတစ်ယောက် BaiLuoYinကို တားလို့မရခဲ့။ BaiLuoYinဟာ ရင်ထဲကျနေပ်သွားတဲ့အထိကို သောက်လိုက် စားလိုက် လုပ်နေခဲ့တာ။ BaiLuoYin စကားတွေ ပိုပြောလာလေလေ၊ သူသောက်တာ လွန်နေပြီဆိုတာကို GuHai သိနေပါတယ်။
( တကယ်တမ်းကွ၊ ငါ့အမေက အဲ့လိုမဟုတ်ဘူးရယ်။ ငါ့ကို သူမစောင့်ရှောက်ပေမယ့် သူက အဲ့လိုအလုပ်မျိုးတော့ လုပ်မယ့်လူစား လုံးဝမဟုတ်ဘူး။ အမေက ငါ့အဖေအပေါ် အထင်သေးအမြင်သေး ဖြစ်နေတာလေးပဲ ရှိတာ။ အမေက လက်တွေ့သမား၊ ပြီးတော့ ဘဝကို ချမ်းချမ်းသာသာနေချင်တာ......)
( မင်းကိုငါ ယုံပါတယ်) GuHai မနေနိုင်မထိုင်နိုင် ပြုံမိတယ်။ ( ကံကောင်းတာက၊ မင်းကမှ မင်းအမေကို တွေ့လို့ရသေးတယ်။ ငါ့အမေကတော့ ဆုံးသွားတာ ကြာပေါ့)
BaiLuoYinဟာ မယုံနိုင်သလိုလို အကြည့်မျိုးနဲ့ GuHaiကို လှမ်းကြည့်တယ်။ GuHaiဟာ လိုတရဘဝမို့ သူများတကာကို ဒုက္ခပေးရင်း အပျင်းဖျောက်နေတာလို့ ဒီအတောအတွင်း BaiLuoYin မှန်းဆပုံဖော်ထားခဲ့တာ။
( မင်း ဘာတွေးနေလဲဆိုတာ ငါသိတယ်) GuHaiက စီးကရက်ကို မီးညှိရင်း BaiLuoYinကို အပြုံးမှိန်မှိန်နဲ့ ကြည့်လိုက်တယ်။ ( မင်းကလွဲလို့၊ အခြားသူတွေကို ငါ စနောက်နေတာများ တွေ့ဖူးလို့လား?)
BaiLuoYinက လက်လှမ်းလိုက်တော့၊ GuHaiဟာ သူ့လက်ထဲကို စီးကရက်တစ်လိပ် ထည့်ပေးလိုက်တယ်။ ဆေးလိပ်မီးခိုးများဟာ သူ့မျက်စိရှေ့မှာ ရစ်ဝဲနေကြပြီး၊ မီးခိုးတွေကြောင့် မပီဝိုးတဝါး အကြည့်တွေမှာ ပတ်ဝန်းကျင်က လူတွေအားလုံးကို မမြင်မိတော့။
( ငါ့မိသားစုအခေအြနေကို မင်းသိထားတာ ကြာပြီပေါ့ ဟုတ်လား?) BaiLuoYin မေးတယ်။
GuHai ခေါင်းညိတ်ပတြယ်။ ( နည်းနည်းပါးပါးပေါ့)
( ဒီတော့ ငါ့ကို မခံချင်အောင်တွေလုပ်ပြီး ငါ့ကိုရန်လာလာစ နေရတဲ့အကြောင်းရင်းက မင်းစိတ်ကိုမင်း သက်သာအောင် ဖေသြိမ့်တဲ့သဘောလား?)
GuHaiက ဆေးလိပ်မီးကို ထိုးချလေိုက်ပြီး၊ ဘီယာတဂွတ်မော့ကာ တဟားဟားနဲ့ ရယ်နေပြန်တယ်။
( အဲ့ဒါ မင်းကို မခံချင်အောင်လုပ်တာမဟုတ်ဘူးကွ ခင်ချင်လာအောင် ဂရုစိုက်ပေးတာ။ ငါ မင်းကို စပယ်ရှယ်နည်းလမ်းနဲ့ ဂရုစိုက်ပေးတာ )
( မင်းအရှက်မရှိတာနဲ့ပဲ ငါ့သည်းခံနိုင်စွမ်းကို လာပြီးအသုံးမချနဲ့)
ပြောပြီးတာနဲ့ BaiLuoYinရော GuHaiရော နှစ်ယောက်စလုံး ထရယ်မိကတြယ်။ သူတို့ အတူတူရယ်နေကြတော့၊ နှစ်ဦးသားကြားက အမုန်းတရားတွေဟာလည်း တဖြည်းဖြည်းနဲ့ ပါးသွားသလိုလိုပါပဲ။
GuHaiက ဝက်သားချောင်းကို ဆက်ကင်နေပြီး BaiLuoYinကတော့ ဘီယာဆက်မော့နေတယ်။
အကင်သံပြားရှေ့မှာ အလုပ်ရှုပ်နေတဲ့ GuHaiကို ကြည့်ပြီး BaiLuoYin ခံစားမိလာတာက ဒီလူဟာ တကယ့်ကို ပေါင်းရသင်းရလွယ်တဲ့လူပဲ ဆိုတာ။ ဘဝရဲ့ဒုက္ခ သုက္ခတွေကို မျှဝေကညြ့်လိုက်လို့ BaiLuoYinရဲ့ရင်ထဲ သနားစိတ်တွေ ဝင်လာမိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် GuHaiရဲ့ မဟုတ်မခံ အမှန်တရားရဲ့ဘက်တော်သားစိတ်ဓာတ်က BaiLuoYinကို ဟတ်ထိသွားစေတာလည်း ဖြစ်နိုင်တာပါပဲ။ နောက်တမျိုးဖြစ်နိုင်ချကေတော့၊ အရက်မူးနေတဲ့ အရှိန်ကြောင့်ပါ။ ဒီလူရဲ့ရှေ့မှာ BaiLuoYin တစ်ယောက် သူ့နှလုံးသားတခုလုံးကို ချပခြျင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။
( ငါ့မှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ ပျော်ကရြင်တော့ အတူတူပေါ့။ ဒါပေမယ့် သူတို့က သူတို့မှာရှိတဲ့ အခက်အခဲတွေ ဒုက္ခတွေကိုကျ ဖုံးထားတတ်ကတြာ)
GuHaiလည်း သူ့သူငယ်ချင်းတွေအကြောင်းကို တွေးလိုက်မိတော့ အပျော်စွက်နေတဲ့ လှောင်ပြုံးလေးတခုက သူ့နှုတ်ခမ်းထောင့်မှာ ပေါ်လာတယ်။ ( ယောက်ျားသားတွေကြားက တူညီတဲ့ပြဿနာပေါ့ကွာ။ မတတ်နိုင်ဘူး)
BaiLuoYin နဲနဲထပ်သောက်တယ်။ ( အရင်က ငါ့မှာရည်းစားရှိတာ။ သူက အရမ်းလှတယ်၊ ပြီးတော့ မိဘတွေက သိပ်ပြီး ချမ်းသာတယ်။ ဒါပေမယ့် ငါတို့လမ်းခွဲလိုက််ကတြယ်။ အခုတလော ငါ ကျောင်းရောက်ရင် အိပ်အိပ်နေတာက အဲ့ဒီကိစ္စကြောင့် ငါစိတ်ရှုပ်နေရလို့....)
ဒီညတော့၊ BaiLuoYin အကြောင်းအရာစုံအောင် ပြောပလြျက်၊ GuHaiကလည်း ဘေးမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ပြောသမျှကို စိတ်ပါလက်ပါ နားထောင်နေခဲ့တယ်။ BaiLuoYinဟာ သူ့ရဲ့နာကျင်မှုတွေ၊ သူ့မိသားစုအခေအြနေကြောင့် အတားအဆီးတွေများခဲ့ရတဲ့ သမီးရည်းစားကိစ္စအပါအဝင် အပိုအလိုမပါတဲ့ ဒုက္ခသုက္ခတွေ၊ ShiHuiနဲ့သူ့ရဲ့ လက်တွေ့မကျတဲ့ အချစ်ဘဝ၊ ပြီးတော့ သူ့နောင်ရေးအတွက် သောက၊ နောက် သူ့အမေနဲ့ဖြစ်ကတြဲ့ ပဍိပက္ခ၊ အဆင့်အတန်းခြင်း ကွာဟနေခြင်းအပေါ် သူ ဘယ်လောက် နားကြည်းမုန်းတီးမိသလဲဆိုတာလည်း ပါပါသေးတယ်။
BaiLuoYin စကားစရပ်သွားချိန်၊ သူတို့နှစ်ဦးကြားမှာ ကြားခံတခု ပေါ်ထွက်လာပြန်တယ်လို့ GuHai ခံစားမိတယ်။ အဲ့ဒီကြားခံဟာလည်း BaiLuoYin ဆွဲတဲ့ စည်းပါပဲ။ သူတို့တွေ အစောပိုင်းကမှ နဲနဲလေး ရင်းနှီးစပြုလာတာ၊ အခု စည်းတခုကြောင့် သူတို့ ပြန်ဝေးသွားရပြန်ပြီ။
BaiLuoYin တော်တော် မူးနေပါပြီ။ သူ ထရပ်ပြီး ရှူသွားပေါက်မလို့ လုပ်တယ်။ GuHaiက သူ့ကို အတင်းလိုက်ဆွဲပြီး လူရှင်းတဲ့နေရာကို ခေါ်သွားကာ အဲ့ဒီမှာ ပေါက်ဖို့ပြောရတယ်။
BaiLuoYin က ဇစ်ကိုဖြုတ်ဖို့ စမ်းနေပေမယ့်၊ ဒီဘောင်းဘီမှာ ဘာဇစ်မှ မရှိတာနဲ့၊ ဘောင်းဘီကို အောက်ဆွဲချပြီး ရှူးပေါက်လိုက်ရတယ်။
BaiLuoYin ပေါက်တော့မယ့်ဆဲဆဲ၊ GuHaiရဲ့မျက်နှာထားပြောင်းသွားပြီး၊ သူ BaiLuoYinကို ပြာပြာသလဲ တားတယ်။ ( မပေါက်လိုက်နဲ့ဦး! ဘောင်းဘီ အရင်ချွတ်ပြီးမှ ပေါက်လေကွာ!)
( ငါ ချွတ်ပြီးသွားပြီဥစ္စာ!)
BaiLuoYinဟာ နီရဲနေတဲ့မျက်နှာနဲ့ ရူးကြောင်ကြောင်လေး ပြုံးလျက် သူ့လက်ဝါးနှစ်ဖက်ကို ထောင်ပြနေတယ်။
GuHaiက အဟားလို့ တချက်ရယ်လိုက်တယ်။ ( မင်း ဘယ်မှာ ချွတ်ပြီးလို့လဲ? ဘောင်းဘီက မင်းရဲ့ကိုယ်ပေါ်မှာပဲ ရှိသေးတယ်)
BaiLuoYin ခေါင်းငုံ့ကြည့်တော့၊ ထင်တဲ့အတိုင်းပဲ ဘောင်းဘီတွေက သူ့ခါးပေါ်မှာပဲ ရှိသေးတာ။
( ဘာလို့ ဘောင်းဘီချွတ်နေဦးမှာတုန်း၊ ဒီအတိုင်းပေါက်လိုက်တော့လည်း၊ အေးတာပဲ)
( အဲ့ဒီအေးတာက ဘယ်သူအတွက်အေးတာလဲ?) GuHaiက BaiLuoYinအနားကပ်သွားလိုက်ပြီး၊ ဘောင်းဘီကို ကူချွတ်ပေးသလို၊ BaiLuoYinလက်ကိုကိုင်ပြီး ကိုယ်ပွားပေါ် တင်ပေးလိုက်တယ်။ ( ကဲ ကိုင်ပြီး ပေါက်)
BaiLuoYinက GuHaiပြောစကားကို လိမ်လိမ်မာမာ နားထောင်ပြီး ရှူစပေါက်တယ်။ GuHaiက လသာနေတာကို အခွင့်အရေးယူပြီး BaiLuoYinရဲ့ညီငယ်ကို သူခို်းကြည့်တယ်။ ယောက်ျားတွေမှာ အကျင့်တခုရှိတယ်။ သူများရဲ့ညီဘွားကိုမြင်တဲ့အခါ၊ သူ့ဟာနဲ့ ကိုယ်ဟာ ဘယ်သူ့ဟာက ပိုကြီးလဲလို့ အရွယ်အစားပြိုင်တတ်ကတြဲ့ အကျင့်ပါပဲ။
BaiLuoYin ပေါက်ပြီးသွားတော့၊ GuHaiကို ကြည့်လျက် ( မင်း သေးပေါက်ဦးမှာလား?)
( အခုတော့ မပေါက်သေးဘူး)
BaiLuoYinက GuHaiရဲ့ဘောင်းဘီကိုလက်ညှိုးထိုးပြပြီး ( ဒါဆိုလည်း၊ မင်းဘောင်းဘီကို ချွတ်ပြ၊ ဘယ်သူ့ဟာ ပိုကြီးလည်း ပြိုင်ရအောင်)
GuHaiက အပြုံးကြီးပြုံးလို့ BaiLuoYinရဲ့ဘောင်းဘီကို ဆွဲတင်ပေးရင်း( အေးအေး နောက်များမှပေါ့... နောက်များမှပေါ့)
BaiLuoYin ဒယီးဒယိုင်နဲ့ လမ်းလျှောက်နေပြီး ခြေ၂လှမ်း လှမ်းပြီးတိုင်း တခုမဟုတ်တခုနဲ့ ဝင်တိုက်မိတယ်။ GuHaiလည်း သည်းမခံနိုင်တော့တာနဲ့ BaiLuoYinကို ကျောပိုးသွားဖို့ လုပ်လိုက်တော့တယ်။
BaiLuoYinရဲ့လက်တွေဟာ GuHaiရဲ့ပုခုံးပေါ်မှာ တင်လျက်၊ သူ့ရဲ့ပူနွေးတဲ့ ဝင်သက်ထွက်သက်က GuHaiရဲ့လည်ပင်းကို လာထိနေတယ်။ တစက္ကန့်ပြီး တစက္ကန့် လည်ပင်းပေါ်က ပိုုပိုပူလာတယ်လို့ GuHaiခံစားရလို့ သူ BaiLuoYinကို အပေါ်ကို ဆွဲဆွဲတင်နေမိတယ်။
( အိပ်ငိုက်နေလား?) GuHai မေးတယ်။
( အမ်......?) BaiLuoYinက အိပ်မံှုစုံဖွားနဲ့ ပြန်ဖေတြယ်။
GuHai အခုလို နူးညံ့တဲ့လေသံမျိုးနဲ့ တခါမှ မပြောခဲ့ဖူးဘူး။ ( ခဏလောက် အိပ်လိုက်လေ၊ ခဏနေဆို အိမ်ရောက်တော့မှာပဲ နော်)
( ဘယ်သူ အိပ်ရမှာလဲ? ဘယ်သူက အိပ်ရမှာလဲ?) BaiLuoYin ထအော်ပြီး GuHaiရဲ့ဘယ်ဖက်ပါးကိုလည်း ထိုးသေးတယ်။ ( မင်း ငါ့ရဲ့ဂျာကင်ကို ကပ်ကြေးနဲ့ ဖြဲချင်သေးလို့လား?)
BaiLuoYinရဲ့လက်သီးကြောင့် GuHaiရဲ့မျက်နှာတခြမ်း ထုံဖျင်းဖျင်း နာသွားတယ်။ အခြားသူတွေအပေါ်သူဘယ်လို ဆက်ဆံသလဲဆိုတာနဲ့ နှိုင်းယှဉ်ကြည့်ရင်၊ BaiLuoYinအပေါ် သူ့ရဲ့သည်းခံနိုင်စွမ်းက မတွေးတတ်လောက်အောင် နက်နဲလွန်းတယ်။ အခုလို ထုံအအကောင်လေးတစ်ယောက်အပေါ် သူ ဘာလို့ စိတ်မဆိုးမိတာလဲဆိုတာတောင် Guhai သူ့ကိုယ်သူ နားမလည်နိုင်ပါ။
( လူညာကြီး!)
BaiLuoYinက ဘယ်သူမှ မရှိတဲ့ လမ်းမကြီးနဲ့ အမှောင်ထုဆီ လှမ်းအော်ဟစ်နေတယ်။
( မင်း ဒီလိုတွေ လုပ်နေမယ်ဆိုရင်၊ ယုံချင်ယုံ မယုံချင်နေ၊ မင်းကို မြောင်းထဲ ငါပစ်ချထားခဲ့မှာ)
BaiLuoYin အသံတိတ်သွားပြီး GuHaiရဲ့နားရွက်နားမှာ သူ့အသက်ရှူတဲ့လေတို့ကို ခံစားရတယ်။ အသက်ရှူတာပုံမှန်ဖြစ်သွားပြီးတဲ့နောက် သူအိပ်ပျော်သွားပါတော့တယ်။ ရင်ထဲမှာ မွန်းကြပ်နေသမျှ ပြောချလိုက်ရတော့ ရင်ထဲ ပေါ့သွားတာပေါ့။ GuHai တစ်ယောက် BaiLuoYinကို ကျောပိုုးလာရင်းနဲ့ ဒီညတိုက်တဲ့လေက သိပ်မအေးတော့သလိုမျိုးလေး ခံစားရတယ်။
( မေမေရေ )
အရည်ပူတစ်မျိုး GuHaiရဲ့လည်ပင်းကနေ စီးကျလာပြီး၊ နောက် သူ့ရင်ဘတ်ထဲ၊ အဲ့ဒီနောက်မှ သူ့နှလုံးသားထဲထိ စိမ့်ဝင်အနည်ထိုင်သွားတော့၊ နှစ်လကြာရှည်စွာ မြိုသိပ်ထားခဲ့ရတဲ့ သူရင်ထဲက ခံစားချက်များလည်း နိုးထခဲ့ရပြီ။
-
-
( ဦးလေး)
BanHanQiဟာ သူ့သားကိုမြင်တာနဲ့ အပူလုံးကြီးကျသွားပြီး GuHaiကျောပေါ်က BailuoYinကို ကူချပေးဖို့ ခပ်သွက်သွက် ပြေးသွားလိုက်ရင်း ပါးစပ်ကလည်း ဗလုံးဗထွေးတွေပြောနေတယ်။ ( နောက်ဆုံးတော့ ရောက်လာပြီပေါ့။ သူ့အဘွားကို ဒီအကြောင်းတွေ ငါ့မှာ မပြောရဲဘူး။ အိမ်ထဲ ဝင်ပြီး နားလိုက်ဦး)
( ကျွန်တော် အိမ်ထဲမဝင်တော့ပါဘူး) GuHai ပြောရင်းဆိုရင်း သူ့ဂျာကင်ကိုချွတ်ပြီး BaiHanQiကို ပေးခဲ့တယ်။
( ဒါက BaiLuoYinရဲ့အင်္ကျ ီပါ ဦးလေး။ ဒီရက်ပိုင်း အအေးပိုလာပြီဆိုတော့ ၊ ဒါလေးထပ်ဝတ်ခဲ့ဖို့ ပေးပေးပါ)
( အေးအေး) BanHanQiက GuHaiကို ကျေးဇူးတင်စွာ ကြည့်လျက် ( ဒီနေ့ အကူအညီပေးတဲ့အတွက် ကျေးဇူးပဲနော်)
( ရပါတယ်ဗျ။ ဒီနေ့ သူလည်း စိတ်မကြည်တော့၊ နည်းနည်းလေး သောက်လိုက်တာ။ ဒါပေမယ့် မနက်ဖြန်ဆို အားလုံး အဆင်ပေသြွားမှာပါ)
BanHanQi ခေါင်းတညိတ်ညိတ်နဲ့ နောက်ကြောင်းပြန်လှည့်သွားတဲ့ GuHaiကို ကြည့်နေတယ်။ သူ သက်ပြင်းချရင်း ပြောလိုက်မိတာ။
( ဘယ်လိုမိသားစုကများ ဆိုဆုံးမထားလို့ ဒီကလေး ဒီလောက်လိမ္မာရသလဲ မသိဘူး)

End of Chapter 29

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now