Chapter 49- ငါ အရက်မူးနေတာ ဖြစ်မယ်

2.1K 229 4
                                    

Chapter 49- ငါ အရက်မူးနေတာ ဖြစ်မယ်

BaiLuoYinကို GuHai အိမ်ပြန်လိုက်ပို့တော့ BaiHanQiဟာ သူတို့ရပ်ကွက်အဝင်ပေါက်မှာ လူအချို့နဲ့ စကားစမြည် ပြောနေဆဲ ကာလဖြစ်တယ်။ သူ့သားနဲ့ GuHaiတို့ အိမ်ပြန်လာကတြာကိုတွေ့တော့ သူ့ကုလားထိုင်သူ ခေါက်သိမ်းလိုက်ပြီး၊ သူ့မျက်လုံးထောင့်တွေမှာ အရေးအကြောင်းတွေ ပေါ်လာတဲ့အထိ လူငယ်လေးနှစ်ယောက်ကို အပြုံးကြီးပြုံးပြနေတယ်။ 
( DaHai ရေ၊ ဒီမှာပဲ ထမင်းစားသွား။ ပြန်မသွားနဲ့နော်!)
BaiLuoYinက သူ့အဖေကို လှမ်းကြည့်ရင်း မျက်နှာရိပ် မျက်နှာကဲပတြယ်။ အကြောင်းက GuHaiကို ဘာကိစ္စနဲ့ ထမင်းစားပင့်နေရသလဲပေါ့? GuHaiက လောကဝတ်စကားတွေကို နားလည်တတ်တဲ့ ကောင်မျိုးမှ မဟုတ်တာ။ အကယ်လို့ သူ့ကိုသာ သင်က ထမင်းစားသွားပါဦးလို့ ပြောရင် တကယ်ပဲ သူက ဝင်စားသွားမယ့်လူမျိုး။
( နှိပ်တာပဲ ဦးလေးရေ့! ဦးလေးက သိပ်သဘောကောင်းတာပဲ၊ ဒါဆို ကျွန်တော် အားမနာတော့ဘူးနော်)
ကဲ မပြောဘူးလား၊ ဒီအတိုင်းပဲ ဖြစ်မှာပါ ဆိုနေ!
ဧည့်ဝတ်ပျူငှာတဲ့ မျက်လုံးတွေနဲ့ BaiHanQiကို BaiLuoYinဟာ မျက်မှောင်ကြီးကျုတ်ပြီး ကြည့်လိုက်တယ်။
( ဒီနေ့က အန်တီ Zou ချက်ကျွေးမှာဆိုတော့ GuHaiလည်း ဖြစ်သလို မစားရဘူးရယ်)
( ညစာကို အန်တီZouကိုလည်း ချက်ခိုင်းနေစရာ မလိုဘူး။ ဒီနေ့ အဖေချက်ရမယ့် အလှည့်ကို!)
အဲ့ဒီနေရာမှာပဲ BaiHanQi ၁၅မိနစ်လောက် ငုတ်တုတ်မေ့နေတယ်။ ငါ့သားက ငါ့ကိုချီးကျူးတာလား၊ ကျိန်ဆဲသွားတာလား?
GuHai မီးဖိုချောင်ထဲကို ဝင်သွားတဲ့အချိန်၊ အန်တီZouက ဂျုံနယ်နေတုန်းရှိသေးတယ်။ ထူခဲပြီး ကြီးမားတဲ့ ဂျုံလုံးကို စားပွဲမျက်နှာပြင်ပေါ် ဒုံးခနဲ ဒုံးခနဲ အကြိမ်ကြိမ် ထုနယ်ရတယ်။ ဂျုံးလုံးကို ညီညာပြန့်ဖြူးနေအောင် ဖြန့်ပြီးမှ ကျွမ်းကျင်တဲ့ ဓားလှီးပညာနဲ့ တိခနဲတိခနဲ သပ်သပ်ရပ်ရပ် လှီးဖြတ်တယ်။ ဂျုံးမျှင်ရဲ့အထူးအပါးလည်း ညီပြီး၊ ရှည်လိုက် တိုလိုက်လည်း မဖြစ်နေဘူး။ မသိရင် လူ့လက်နဲ့လုပ်ထားတယ်လို့တောင် မထင်ရဘူး။ ဒါဟာ စက်ကိုသုံးထားတာနဲ့ ဘာမှမကွာခြားဘူး။
( အန်တီZouရဲ့ ဓားလှီးပညာက အံံ့မခန်းပါပဲလား။ ဘယ်လောက်ကြာအောင်တောင် လေ့ကျင့့်ထားတာလဲဗျ?)
အန်တီZouက သိမ်မွေ့တဲ့ အပြုံးလေးနဲ့ ( လှီးတာဖြတ်တာ လေ့ကျင့်ထားစရာလားကွယ်။ အနှစ်၂၀လောက် ချက်ပြုတ်လာတယ်ဆို ဒါမျိုးလောက်ကတော့ ဘယ်သူမဆို လုပ်တတ်တာပဲလေ)
( ကျွန်တော် ဘာကူညီပေးရမလဲ?)
( မလိုဘူး သား။ သွား အခန်းထဲသွားပြီး အိမ်စာသာသွားလုပ်နေချေ။ ခဏနေဆို စားလို့ရပြီ)
စင်းနှီးတုံးပေါ်မှာ သခွားသီး၂လုံးကို GuHai တွေ့တော့့၊ သူ တစ်ကိုက်ကိုက်ကြည့်တာ၊ ကြွပ်ရွနေရော။ သူလည်း မနေနိုင်တော့ဘဲ ချီးကျူးစကား ပြောမိတယ်။ ( အန်တီZou ဒီသခွားသီးတွေ ဘယ်ကဝယ်လာတာလဲ? အရသာကတော့ ကောင်းမှကောင်းပဲ)
( အဲ့ဒါတွေက အန်တီတို့အိမ်မှာ စိုက်ထားတဲ့သခွားသီးတွေလေ။ မင်းပြန်ရင် အိတ်၁အိတ်စာလောက် အန်တီခူးပေးလိုက်မယ်။ အိမ်ရောက်ရင် မိဘတွေကို ပေးလိုက်ပေါ့။ အန်တီတို့သခွားသီးက ပိုးသတ်ဆေးလည်း အသုံးထားဘူး။ ဒီတော့ စိတ်ချလက်ချသာ စား)
( ဟုတ်၊ ကျွန်တော် ပြန်တဲ့အခါ၊ အန်တီတို့အိမ်ကို သခွားသီးလိုက်ခူးမယ်လေ!)
စကားပြောရင်း ရယ်ရင်းမောရင်းနဲ့ အန်တီZouဟာ သခွားသီးကို သပ်ရပ်ညီညာစွာ လှီးပြီး၊ ပန်းကန်ပြားပေါ်ကို လိုက်ကာလေး ပင့်တင်ထားသလို အတွန့်လေးတွေပေါ်အောင် တည်ခင်းလိုက်တယ်။ ဒါတင်မက..တောက်တောက်ကြော်လည်းပါသေးတယ်။ တောက်တောက်ကြော်က ပဲငံပြာရည်အနံ့လေးကို ကြိုင်သင်းနေတာပဲ။ တောက်တောက်စင်းထားတဲ့ အသားဟာလည်း နုညံ့ပြီးလတ်ဆတ်တယ်။ တစ်ဖက်မှာကျ၊ ဟင်းသီးဟင်းရွက်တွေ အများကြီးရှိတယ်။ ပြီးတော့ တိုဟူး၊ တရုတ် တူနာငါး၊ ခဘုဥ...ဒီဟင်းတွေ အားလုံးပေါင်းလိုက်တဲ့အခါ၊ အမြင်နဲ့တင် လူကို သွားရည်ယိုစေပြီး စားချင်စိတ်တွေ တဖွားဖွားပေါ်လာစေတယ်။
( အန်တီ ကျွန်တော် မြည်းကြည့်လို့ရမလား?)
( အန်တီက တားလို့ရမှာတဲ့လား)
GuHaiတောင် တူကိုင်ပြီး ခေါက်ဆွဲလေး တို့မကြည့်ရသေးခင်၊ အဝင်တံခါးပေါက်ကနေ တစ်စုံတစ်ယောက်ရဲ့ ဒေါသတကြီး ဟန့်တားသံကို လှမ်းကြားလိုက်ရတယ်။ ( အပြင်ထွက်ပြီး လုပ်စရာရှိတာ လုပ်! ဘာအလုပ်မှ မလုပ်ဘဲ စားရဲသေးတယ်ပေါ့?)
GuHaiနဲ့ BaiLuoYinတို့နှစ်ဦးသားကို အန်တီZouကြည့်ပြီး၊ သူမ မတွေးဘဲ မနေနိုင်ခဲ့ဘူး။ ဒီကောင်လေးနှစ်ယောက် ဘယ်လိုတောင် မတည့်အတူနေပြီး ချစ်စရာကောင်းရသလဲလို့?
ညစာစားနေကတြုန်း၊ GuHaiဟာ ဘီယာတစ်ပုလင်းမော့ရင်း ဘွားဘွားဘိုင်နဲ့ ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြော်နေတယ်။
ဒီတခါတော့ ဘွားဘွားဘိုင်လည်း မိတ်ကောင်းဆွေကောင်းကို ရှာတွေ့သွားပြီပေါ့။ ထမင်းစားပြီးသွားတာတောင် သူမက GuHaiကို ပြန်မလွှတ်ချင်သေးဘူး။ သူမ ခြံထဲကို လက်ညှိုးထိုးပြပြီး GuHaiကို ဝမ်းသာအားရပြောတာက ( တပ်မှူးLiuShaoQi ရဲ့လမ်းညွှန်မှုနဲ့ အဘွားတို့ ဒီကွင်းကြီးနဲ့အပြည့် သီးနှံတွေ စိုက်ခဲ့ပျိုးခဲ့တာ ဒီမေကြွက်ပဲပေါ့...)
GuHai (.....)
{T/N- LiuShoQiဆိုတာ ဘုရင်ခေတ်လောက်က ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဖြစ်ပါတယ်။ ဘွားဘွားဘိုုင်က သူပြောချင်တာ လျှောက်ပြောနေတာပါ}
BaiLuoYinက သူ့အဘွားရဲ့လက်ကို ဆွဲယူပြီး သူ့ကို ချော့ချော့မော့မော့ ဖြောင့်ဖျတယ်။ ( အဘွား၊ ခြေထောက်ဆေးရအောင်လေ။ လာပါ..အခန်းထဲ ပြန်ရအောင်နော်)
BaiLuoYinက သူ့အဘွားကို ခြေထောက်ဆေးပေးဖို့ အဝတ်သွားယူမယ် အလှည့်မှာ အခွင့်ကောင်းယူပြီး GuHaiက သူ့ကို ဖမ်းဆွဲလိုက်တယ်။
( မင်း အဘွားက ငါ့ကိုအိမ်မပြန်စေချင်တာ ငါသိတယ်နော်)
BaiLuoYinဟာ GuHaiရဲ့ပုခုံးကို အားနဲ့ပုတ်လိုက်တယ်။
( သားကြီး မင်း အတွေးတွေ လွန်နေပြီ!!!)
ခြံထဲမှာ ဟိုလျှောက်ဒီလျှောက်လုပ်နေပြီးတဲ့နောက်၊ GuHaiဟာ ဘွားဘွားဘိုင်ရဲ့အခန်းတံခါးဝကို သွားပြီး အခန်းထဲမှာ ခပ်မှိန်မှိန်လေးသာ လင်းနေတဲ့ မီးသီးကို သူ ငိုင်တိုင်တိုင်နဲ့ ကြည့်နေမိတယ်။ ဒီမီးသီးလေးဟာ ဘယ်လောက်ကြာအောင်တောင် သုံးပြီးပြီလဲ မသိဘူး။ အလင်းအားက ဖုန်းစခရင်လောက်တောင် မလင်းဘူး။ ဒါပေမယ့်လည်း မီးသီးလေးနဲ့ မီးရောင်အောက်က လူတွေကို GuHai မြင်လိုက်ရတဲ့အခါ သူ့ရင်ထဲ နွေးသွားသလိုပဲ။ ဒါကမှ သီရီဂေဟာ။ ညအချိန်ကြီးမှာ အိမ်ထဲလည်း နေ့ခင်းလို ဝင်းထိန်လင်းလက်နေဖို့ မလိုပါဘူး။ မီးရောင် မှိန်မှိန်လေးနဲ့ တိတ်တိတ်ဆိတ်ဆိတ် ရှိလှ တော်ပြီပေါ့။ အိမ်နံရံတွေမှာ ယိုးတိုးရိပ်တိတ်ပေါ်နေတဲ့ သင့်ရဲ့ အချစ်ခင်ရဆုံး လူသားတွေရဲ့ အရိပ်တွေရှိတဲ့ နေရာဖြစ်ဖို့သာ အရေးကြီးတာ။
ဝိုင်ဖြူလေး သောက်ထားတဲ့ ဘိုးဘိုးဘိုင်တစ်ယောက်ကတော့ အိပ်ပျော်သွားတာ ကြာပြီ။ သူ့ဟောက်သံသဲ့သဲ့ကို GuHai ကြားရတယ်။ ဘွားဘွားကတော့ သူ့မြေးနဲ့ စကားတွေ ဗလုံးဗထွေးပြောနေဆဲ။ သူမရှေ့မှာထိုင်လျက် BaiLuoYinက စိတ်ရှည်လက်ရှည်နဲ့ သူမရဲ့ခြေထောက်တွေကို သုတ်သပ်ပေးနေတယ်။
BaiLuoYinဟာ သွေးအေးတယ်လို့ တခါတလေ ထင်ရပေမယ့်၊ သူဟာ အကြင်နာတရားအပြည့်နဲ့ နွေးထွေးတဲ့လူသားတစ်ယောက်လို့ GuHai ခံစားမိတာလည်း အကြိမ်ပေါင်း မနည်းဘူး။
BaiLuoYinဟာ စိတ်တိုနေချိန်ဆို လူတွေကို မထင်ရင် မထင်သလို ဆက်ဆံတတ်တယ်။ အဲ့ဒီအခါ ဒီကောင်လေး လူစိတ်မှ ရှိရဲ့လားလို့ သင် ထင်ကောင်းထင်နိုင်ပေမယ့်၊ BaiLuoYin စိတ်ကောင်းဝင်နေတဲ့ အချိန်ကျ၊ သင့်နှလုံးသားဟာ ဘယ်လောက်ပဲဲ အေးခဲမာကျောနေပါစေ၊ ဒီကောင်လေးကြောင့် သင့်နှလုံးသား အရည်ပျော်သွားမှာ အသေအချာပါပဲ။ သင့် စိတ်နှလုံးကို ကိုင်ချုပ်နိုင်တဲဲ့ ဒီလိုလူမျိုးဟာ သင်က ရှေ့တိုးရင်၊ သူက နောက်ကို ဆုပ်သွားလိမ့်မယ်။ အဲ.. သင်က နောက်ကိုဆုပ်သွားရင်တော့၊ သူက သင့်ကိုပြန်လှည့်ကြည့်လိမ့်မယ်။ အဲ့ဒီအခါ သင် သူ့ကို ထားမသွားနိုင်လောက်အောင် သင့်စိတ်ဝိညာဉ်ဟာ ကပ်ညှိနေမှာပဲ။ ဒီလိုလူဟာ သင့်လိုပဲ ယောက်ျားလေးဖြစ်နေစေဦးတော့၊ သူနဲ့သင်ဟာ ရိုးရိုးသူငယ်ချင်းတွေပဲ ဖြစ်နေစေဦးတော့၊ သင့်ဘဝဟာ သူ မရှိဘဲ ဘယ်နည်းနဲ့မှ ပြည့်စုံမှာ မဟုတ်တော့ဘူး။
ဒီလို စွဲမက်ငြိတွယ်စရာကောင်းတဲ့ BaiLuoYinကို "မူးယစ်ဆေး"နဲ့ တင်စားဖို့ကလွဲရင် အခြားသာဓကတစ်ခုကို GuHai မရှာတတ်ဘူး။
BaiLuoYinတစ်ယောက် အဘွားအခန်းထဲက ထွက်လာတော့၊ ပတ်ဝန်းကျင်းဟာ ငြိမ်းချမ်းတိတ်ဆိတ်နေတယ်။ အန်တီZouလည်း ပြန်သွားပြီ။ ကျန်ခဲ့တာကတော့ ရံဖန်ရံခါမှ ကြားရတဲ့ ခွေးဟောင်သံပဲ။ ခြံဝန်းလေးကြည့်ရတာ သေသေချာချာ ဂရုစိုက်ထားတဲ့ပုံပေါက်နေတယ်။ ရေချိုးခန်းကို ပလစ်စတစ်နဲ့ကာရံထားပြီး BanHanQi ဇိမ်ပေနြပြေ ရေချိုးနေတယ်။ အဲ့ဒီအချိန် BaiLuoYinက သူ့အခန်းဆီကို လမ်းလျှောက်ဝင်သွားတယ်။
အခန်းထဲကို BaiLuoYin ဝင်သွားတဲ့အခါ အခန်းမီးက ပွင့်လျက်သားဖြစ်နေတော့ သူ ခေစြုံရပ်နေမိတယ်။
GuHaiက ဖိနပ်တွေချွတ်ထားလျက် BaiLouYinရဲ့ခေါင်းအုံးကို အုံးပြီး၊ BaiLuoYinရဲ့စောင်ကို ခြုံပြီး၊ BaiLuoYinရဲ့ကုတင်ပေါ် တက်အိပ်နေတယ်။ သူဟာ သက်တောင့်သက်တာနဲ့ အားနာပါးနာစိတ် တစက်တောင် မရှိဘဲ မိန့်မိန့်ကြီး ဆန့်အိပ်နေတာ။
( မင်းအိမ်မင်းပြန်တော့!)
BaiLuoYinက သူ့ကို ကန်ပစ်တယ်။
GuHai စိတ်ရှုပ်သွားတဲ့ပုံနဲ့။ ဒါပေမယ့် မျက်လုံးတွေကတော့ တောက်ပနေတယ်။
( ငါ အရက်မူးနေလို့!)
BaiLuoYinက မှုန်သုန်တဲ့ မျက်နှာဘေးနဲ့ ပြောတာက ( ဆင်ခြေတွေ မပေးနဲ့။ ဘီယာလေး တစ်ပုလင်းနဲ့ မူးရတယ်လို့။ တောမှာသွားပြော။ အခု ထ!)
( ငါ မထနိုုင်ဘူး!)
( အိုက်တင်တွေ လုပ်မနေနဲ့!)
BaiLuoYinက အားကုန်သုံးပြီး GuHaiကို အိပ်ယာထဲက ဆွဲထုတ်တယ်။ ဒါပေမယ့် GuHaiက ပြန်ဆွဲလိုက်လို့ BaiLuoYin အိပ်ယာပေါ်တောင် ကျသွားတယ်။ ကုတင်က အက်သံထွက်လာပေမယ့်၊ GuHaiက BaiLuoYinရဲ့ပုခုံးတွေကို လက်နဲ့ဆွဲချိတ်ထားသလို၊ သူ့ခြေထောက်တွေနဲ့ BaiLuoYinကို ခွပြီး BaiLuoYin ခန္ဓာကိုယ်ကို ရစ်ပတ်ထားတာ အရက်မူးနေတဲ့ မြွေတစ်ကောင်လိုမျိုးပဲ။ လူကို ကြက်သီးထစေတယ်။ ဒါပေမယ့် လှုပ်တော့ မလှုပ်ရဲဘူး။
BaiLuoYin ခန္ဓာကိုယ်ဟာ တောင့်တောင့်ကြီး စဖြစ်လာတယ်။
ကြောင်တောင်တောင်ဖြစ်နေတဲ့ BaiLuoYin ကိုမြင်တော့၊ GuHaiဟာ BaiLuoYinရဲ့ပုခုံးပေါ် ခေါင်းဝှက်လို့ အံကြိတ်သံနဲ့ ပြောတယ်။
( ငါ တကယ့်ကို မူးနေပြီနဲ့ တူတယ်)

End of Chapter 49

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now