Chapter 108- ဖေကြီးBaiရဲ့ မင်္ဂလာပွဲ

1.8K 173 4
                                    

Chapter 108- ဖေကြီးBaiရဲ့ မင်္ဂလာပွဲ

ညကဖုန်းထဲမှာ ရင်ထဲ မြိုသိပ်ထားခဲ့ရတဲ့ စကားလုံးတွေကို အကုန်အကုန် GuHai ပြောလိုက်ရတယ်။ အဲ့ဒီညက ချက်ချင်းပဲ သူနှစ်နှစ်ခြိိုက်ခြိုက် အိပ်ပျော်သွားတော့တယ်။ မနက်ကျ GuHaiဟာ သူ့အစ်ကိုGuYangနဲ့အတူ အောက်ထပ်ကို ဆင်းခဲ့တယ်။ GuYang ကားသွားယူနေတုန်း သူ ဂိတ်ပေါက်က စောင့်နေတယ်။

အဲ့ဒီအချိန် စက်ဘီးတစ်စီးရောက်ချလာပြီး GuHai ရှေ့တည့်တည့်မှာ စက်ဘီးရပ်သွားတယ်။

GuHai မထင်ထားခဲ့ဘူး။ မနေ့ညက ဒီလောက် အပြောအဆိုခံထားရတာတောင် BaiLuoYinတစ်ယောက် သူ့ရှေ့ကို အရောက်လာခဲ့လိမ့်မယ်လို့ GuHaiမျှော်လင့်မထားတာ အမှန်ပါ။ သူ့ဇနီးချောဟာ အမြဲတမ်းတော့ အလိုလိုက်လို့ အမိုက်စော်ကားမနေတတ်ဘူး ထင်ပါရဲ့။ တခါတရံ၊ သမီးရည်းစားတွေမှာ စကားများရန်ဖြစ်ကတြာက စိတ်ခံစားချက်ချင်း ဖလှယ်နိုင်တဲ့ ကောင်းကျိုးရှိပါတယ်။ ဒါပေမယ့် သူ့မျက်နှာမှာတော့ ခံစားချက်ကိုမပြ။ မနေ့က BaiLuoYinကိုကြည့်တဲ့ သူ့အကြည့်တွေလိုပဲ သူ့အမူအရာက ခပ်တန်းတန်း ဖြစ်နေဆဲပဲ။

( မင်း ဘာကိစ္စနဲ့ ဒီကိုလိုက်လာတာလဲ? ဒီလို စက်ဘီးစုတ်ကြီးနဲ့လာတာ မင်းမရှက်ဘူးလား?)

တနည်းပြောရရင်တော့ * မင်းပဲ ငါတို့နှစ်ယောက်ကြားမှာ အလွှာခွဲနေကျလေ.. မဟုတ်ဘူးလား? ဒီနေ့တော့ မင်း ငါ့အပေါ်လုပ်ထားသမျှ မင်းခံစားကြည့်လိုက်ပေါ့။ မင်းရဲ့စိတ်ကို နာကျင်အောင် လုပ်ပမြယ်။ စေတနာကနေဖြစ်လာတဲ့ ဝေဒနာကို မင်းကြုံဖူးတယ်ရှိအောင် ငါလုပ်ပေးမယ်*။

BaiLuoYinရဲ့အတွင်းစိတ်ကတော့ GuHaiနဲ့ရန်ဖြစ်ဖို့ မရည်ရွယ်ပါဘူး။ သူဟာ မုန့်အိတ်တလုံးကို ထုတ်လိုက်တယ်။ အိတ်ထဲမှာ ပူပူနွေးနွေး ပေါက်စီတွေ။ သူဟာ အငိုအရယ်ကင်းတဲ့ မျက်နှာဘေးနဲ့ GuHaiဆီ မုန့်အိတ်ကို လက်ကမ်းပေးလိုက်တယ်။

ချိုမြိန်တဲ့ အနံ့မွှေးမွှေးလေးက နှာဝမှာ လာပြီးမြှူဆွယ်နေပြီလေ!

GuHaiရဲ့မျက်လုံတွေက မုန့်အိတ်ရှိတဲ့နောက် လိုက်ပြီး သူ့ပါးစပ်ကြီးက ပြဲလာတယ်။ ဒါပေမယ့် သူ မုန့်အိတ်ကို မကြိုက်နဲ့ဆိုက်ဖမ်းနေတယ်။

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now