( ဘယ်လိုတွေဖြစ်ရတာလဲ?)
( ဟိုနှစ်ယောက်ပြောတာတော့ အဲ့ဒီနေ့က သူတို့နောက်ကို အရပ်ဝတ်အရပ်စားနဲ့ ရဲတွေ လိုက်လာကတြယ်တဲ့။ ဒါနဲ့ သူတို့လည်း သူတို့အကြောင်းကို ရဲတွေသိသွားမှာစိုးလို့၊ ပါသွားတဲ့ ကင်မရာပစ္စည်းတွေကို ပစ်ထားခဲ့ပြီး ထွက်ပြေးလာကတြာတဲ့)
( သူတို့အကြောင်းဆိုတာ ဘာတုန်း?)
( အဲ့ဒါက... သူတို့တွေက သတင်းထောက်အတုတွေမို့လို့...)
( သတင်းထောက်စစ်စစ်တွေပဲ ကင်မရာကိုင်ရမယ်လို့ ဘယ်ဥပဒေမှာ ပဌြာန်းထားလို့လဲ?)
(ဒါပေမယ့် သူတို့က သတင်းထောက်မှတ်ပုံတင်အတုကို လည်ပင်မှာဆွဲထားကတြာ...)
( ဒါဆိုလည်း မေးပါရစေဦး၊ သူတို့နောက်ကို လာလိုက်တဲ့လူတွေက ရဲတွေပါလို့ ဘယ်လိုသိတာလဲ?)
( အဲ့ဒီ ရဲတွေက သူတို့နောက်ကနေ ဇွတ်ကြီး ပြေးလိုက်လာတာမို့... သူတို့လည်း ကြောက်အားလန့်အားနဲ့...)
GuHaiက ဆိုဖာပေါ်ထိုင်နေရာက ကျားသစ်တစ်ကောင်ရဲ့အမြန်နှုန်းနဲ့ ဆတ်ခနဲ ကိုယ်ကိုမတ်ပြီး ဒေါနဲ့မောနဲ့ မေးခွန်းထုတ်လိုက်တယ်။ ( သူတို့နောက်က ပြေးလိုက်တယ် ဟုတ်လား? အထူးအပါး နားမလည်တဲ့ ငပိန်းကောင်တွေကို မင်း ခေါ်လာတာမလား? ဘာ ... အရပ်ဝတ်အရပ်စားနဲ့ ရဲတွေ ဟုတ်လား? အဲ့ဒီလူတွေက ဓားမြတွေ၊ ပြီးတော့ မင်းလူတွေကို အဲ့ဒီဓားမြတွေက ကျောချသွားတာဟေ့!)
( ဓား..ဓား.. ဓားပြ ဟုတ်လား... မဖြစ်နိုင်တာ)
( မဖြစ်နိုင်ဘူး ဟုတ်လား?) GuHaiတစ်ယောက် မျက်လုံးမှိတ်ပြီး အသက်ကို ဝအောင် ရှူလိုက်တယ်။ ( ဒါဖြင့် ငါမေးမယ်၊ ကင်မရာ တန်ဆာပလာတွေကျတော့ရော? ဟိုနှစ်ကောင် ကိုယ်လွတ်ရှုန်းလာတော့ အဲ့ဒီပစ္စည်းတွေ ဘယ်ရောက်သွားသလဲ?)
စစ်ဆေးခံနေရတဲ့လူလည်း ဒီတခါတော့ ဒီမေးခွန်းတွေအတွက် အဖေတြလုံးတောင် မပေးနိုင်တော့။
GuHai စိတ်ကိုငြိမ်အောင်ထိန်းပြီး လက်ခါပလြိုက်တယ်။ ( ထွက်သွားတော့)
အဆင်မပေတြဲ့ကိစ္စတွေကြောင့်၊ အခန်းက တိတ်ဆိတ်သွားတယ်။ GuHai လက်ပိုက်ထားလျက် နှာဒေါက်ပေါ် ဆွဲညှစ်ထားရင်း မနေ့က မင်္ဂလာဆောင်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို စဉ်းစားခန်းထုတ်နေတယ်။ သူ့မှာတော့ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ရတယ်၊ နောက်ဆုံးတော့ စီစဉ်တဲ့အတိုင်းဖြစ်မလာရတဲ့ အကြောင်းရင်းတွေကို စိတ်ထဲမှာတွေးနေမိတယ်။
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...