Chapter 110- မင်းကြောင့်သာ

2K 163 4
                                    

Chapter 110- မင်းကြောင့်သာ

ဓာတုဗေဒဆရာမဟာ ပြောစရာရှိတာ ပြောပြီးတဲ့နောက်၊ GuHaiကို သူမလက်နဲ့ဆွဲဖယ်လိုက်ပေမယ့်၊ GuHaiကတော့ ရွေ့တောင်မသွားဘဲ၊ သူမကသာ GuHaiရဲ့တွန်းခြင်းကို ခံလိုက်ရတယ်။

( မင်း.. မင်း.. မင်းတော့လား..) ဆရာမရဲ့မျက်လုံး သေးသေးလေးတွေက ပြူးပြီးဝိုင်းနေတယ်။ သူမက GuHaiကို ဒေါသတကြီးနဲ့ စိုက်ကြည့်နေတာကိုး။ သူမရဲ့မျက်လုံးတွေထဲမှာ ဒေါသမီးတောက်တွေကို အထင်းသားတွေ့ရတယ်။ ( မင်းက ငါ့ကိုပုန်ကန်ချင်တာလား? ငါက နင့်ဆရာမဟဲ့!)

( ဆရာမ သူ့ကိုရိုက်တာကလွဲရင် ဆရာမ လုပ်ချင်တာလုပ်!)

အဲ့ဒီ ဓာတုဗေဒဆရာမဟာ မုန်ယိုနေတဲ့ ခြငေ်္သ့တစ်ကောင်လို ရုတ်တရက်ဖြစ်သွားပြီး GuHaiအပေါ် ဒေါသတွေ ပုံချလိုက်ပါတော့တယ်။ သူမဟာ ကြိမ်လုံးကို မြှောက်ပြီး GuHaiကိုရိုုက်မယ် လုပ်တော့၊ GuHaiက အသာလေး ကြိမ်လုံးကို ဖမ်းဆွဲထားလိုက်တယ်။ ဆရာမဟာ ကြိမ်လုံးကို ပြန်ယူချင်ပေမယ့်လည်း အားချင်းက မမျှ။ သူမကြည့်ရတာ ဘဲလေးကနေတဲ့ အရုပ်မလေးလို မြေပြင်မှာ ချာချာလည်နေတယ်။

GuHaiဟာ အင်အားနည်းနည်းသုံးပြီး ကြိမ်လုံးကိုဆွဲယူကာ ချိုင်းကြားထဲ ညှပ်ထားလိုက်တယ်။ သူ့မျက်လုံးတွေထဲမှာ လွှမ်းမိုးအနိုင်ယူချင်တဲ့ စိတ်ဇောတွေကပ်နေတယ်။

( ဆရာမကို ရွေးချယ်စရာ ၂ခုပေးမယ်။ ကျွန်တော့်ကို ရိုက်ချင်ရိုက်၊ ကျွန်တော့်ကိုမှ မရိုက်ဘူးဆိုရင်တော့ ဘယ်သူ့ကိုမှ ဆရာမ မရိုက်နဲ့တော့)

ဆရာမဟာ ဒေါက်မြင့်ဖိနပ်စီးထားတဲ့ခြေထောက်နဲ့ ဆောင့်အောင့်ရင်း သူမရဲ့အသံဟာလည်း နားကွဲမတတ် ကျယ်လောင်စူးရှနေတယ်။

( မင်းက ဘာမို့လို့ ငါ့ကိုဟိုလိုလုပ်ပါ ဒီလိုလုပ်ပါ ပြောနေရတာတုန်း? ဒီမယ် ကြည့်စမ်း၊ ငါက နင့်ဆရာမဟဲ့! နင်က ဘာတွေများ တော်နေတတ်နေလို့ ငါ့ကိုအမိန့်တွေ လာပေးနေရတာတုန်း? ဒီနေ့ ငါ BaiLuoYinကို ရိုက်ချင်တယ်ဆိုရင်၊ ငါ ရိုက်ချင်သလို ရိုက်မယ်။ အဲ့ဒါ ဆရာမတစ်ယောက်ရဲ့လုပ်ပိုုင်ခွင့်ပဲ!)

( ဟုတ်ပြီလေ၊ ဆရာမက ဒီလိုကြေးပေါ့ ဟုတ်လား? ရတယ်)

GuHaiရဲ့မျက်ဆံနက်နက်တွေဟာ ရုတ်တရက်ကြီး ပိုမိုလေးနက်လာတယ်။ GuHaiဟာ ဆရာမရဲ့မျက်စိရှေ့မှာတင်  ကြိမ်လုံးကို ဆွဲရမ်းပြီး ဘေးက စားပွဲခေါ်ကို ရိုက်ချလိုက်တာ ဟာရီကိန်းမုန်တိုင်း ဝင်မွှေသွားသလိုပဲ။ ဗြောင်း!ခနဲ မြည်သံနဲ့အတူ ကြိမ်လုံးဟာ ၂ပိုင်းကျိုးသွားပြီး အတိုအစတွေ ဖွာထွက်သွားတယ်။ စားပွဲခုံမှာလည်း အစင်းကြောင်းအရှည်ကြီး ထင်ကာ အက်ကွဲသွားပါတော့တယ်။

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now