Chapter 122- ခြေတစ်လှမ်းတော့ နောက်ကျသွားပြီ

1.4K 133 4
                                    

Chapter 122- ခြေတစ်လှမ်းတော့ နောက်ကျသွားပြီ

GuHaiဟာ ShiHuiနဲ့ တွေ့ပြီးတဲ့နောက် BaiLuoYinဆီ အကြိမ်ကြိမ် ဖုန်းတွေဆက်တိုက်ခေါ်နေပေမယ့်လည်း ဖုန်းလိုင်းက ဘယ်လိုမှ မဝင်ဘူးဖြစ်နေတယ်။ တခုခုတော့ဖြစ်နေပြီဆိုတဲ့ စိတ်ကြောင့် GuHai ရင်တွေပူလာပြီး BaiLuoYinတို့အိမ်ကို အပြေးလိုက်သွားတယ်။

အဲ့ဒီအချိန် BanHanQiက အလုပ်ကပြန်ရောက်ကာစမို့ ခုံတန်ရှည်ပေါ်ထိုင်ပြီး နားမယ်ကြံနေဆဲကာလ။ ဒါပေမယ့် သူထိုင်တာ ဖင်တောင်မပူသေးခင် GuHai ဝင်လာတာမြင်လို့ ငေါက်ခနဲ သူကောက်ထလိုက်တယ်။

သူ အားရဝမ်းသာနဲ့ GuHaiဆီသွားရင်း မျက်စိတွေက GuHaiရဲ့နောက်ဖက်ကို အကဲခတ်ကြည့်လိုက်တော့.... BaiLuoYin ပါမလာပါ။ ( YinZiရော မင်းနဲ့အတူတူ လိုက်မလားဘူးလား)

BaiLuoYinတစ်ယောက် သူ့ဖခင် BanHanQiကို တမင်ရှောင်နေတာကို ကြိုသိထားတဲ့အတွက် GuHaiလည်း အမှန်အတိုင်း မပြောတော့ပါ။

( နေကောင်းတယ်နော် ဦးလေး။ YinZi မအားတာနဲ့ ကျွန်တော့်ကို ဒီအိမ်က သူ့ပစ္စည်းလေးတွေ လာယူခိုင်းလိုက်လို့)

ဒီစကားကို ကြားတော့ BaiHanQiရဲ့မျက်နှာမှာပေါ်နေတဲ့ စိတ်မလိုကျမှုအချို့ လွင့်စင်သွားပြီး ( ဒါဖြင့်လည်း သွားယူလေကွယ်... သွားယူလိုက်)

GuHaiက BaiLuoYinအခန်းထဲမှာ ပစ္စည်းတွေကို ဟိုလှန်ဒီလှောလုပ်ပြီး ခပ်မြန်မြန်ပဲ ပြန်ထွက်လာတယ်။ သူက BanHanQiကို မေးတယ်။ ( ဦးလေးရဲ့ဟမ်းဖုန်းလေး ကျွန်တော့်ကို ခဏပေးဆက်ပါလား? ကျွန်တော့်ကို ရှာခိုင်းလိုက်တဲ့ပစ္စည်းတွေ ရှာလို့မတွေ့ဘူးဖြစ်နေလို့၊ အဲ့ဒါ... ကျွန်တော် YinZiကို ဖုန်းဆက်ချင်လို့)

( ဒီကလေးနှယ်... ဦးလေးဆီက ပစ္စည်းများ ခွင့်တောင်းနေဖို့ မလိုပါဘူးကွ။ သွားသွား၊ ဦးလေးအခန်းထဲက ကုတင်ဘေးက ဗီရိုလေးထဲမှာ ဖုန်းရှိတယ်။ ဖာသာသွားယူပြီး သုံး)

BanHanQiရဲ့ ဟမ်းဖုန်းကို ရရချင်း၊ GuHaiက BaiLuoyinဆီ ချက်ချင်းဖုန်းခေါ်လိုက်တယ်။

ထင်တဲ့အတိုင်းပါပဲလေ။ ဖုန်းက တန်းဝင်သွားရော။

* ဒီကောင် ငါ့ဖုန်းကို ဘလော့ခ်လုပ်ထားတာကိုး *

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now