Chapter18- ဒါ ရယ်စရာလား?

2K 287 5
                                    

ဒီကျောင်းမှာ အပေါ်ကိုယ်ဗလာနဲ့ ကျောင်းဝန်းထဲ လျှောက်သွားနေတဲ့ ကျောင်းသားမျိုးကိုတွေ့ရတာဟာ ပုံမှန်မဟုတ်ပါဘူး။ ဒါဟာ ကျောင်းစည်းကမ်းပါ။ အထူးသဖြင့် ကာယလေ့ကျင့်ခန်းပြီးချိန်မှာပေါ့။ ဒါပေမယ့် GuHaiအပေါ် ကျောင်းသားတွေရဲ့နှစ်ထပ်ကွမ်း စိတ်ဝင်စားမှုတွေ မြင့်တက်နေချိန်မှာတော့ အပေါ်ပိုင်းအကျၤ ီဗလာနဲ့ သွားလာခွင့်ကို ချွင်းချက်အနေနဲ့ GuHaiရရှိပါတယ်။ GuHaiဟာ ထုချင်စရာကောင်းလောက်အောင် ကြွက်အားအဖုဖုထနေတဲ့ အလုံးအထည်နဲ့ ပြီးပြည့်စုံစွာ ကျစ်လစ်ဖြောင့်တန်းတဲ့ ကိုယ်ဟန်တွေကြောင့်၊ ကျောင်းသားတွေအားလုံး မနာလိုရတဲ့အထိ ဖြစ်နေပါတယ်။
အတန်းထဲ ပြန်ရောက်တဲ့အထိ၊ GuHaiအကြောင်းကို ကျောင်းသားအားလုံး ပြောလို့ကောင်းတုန်း။ ခဏခဏဆိုသလို အတန်းဖော် သူငယ်ချင်းတစ်ယောက်က GuHaiကို တမျိုးကြီးကြည့်ကြည့်နေတာကြောင့်၊ အပေါ်ဝတ်ဂျာကင် ဝတ်သင့်ပြီဆိုတာ GuHai သတိရသွားတယ်။ မဟုတ်လို့ကတော့ သူ့ရဲ့အားကောင်းမောင်းသန် ကိုယ်ခန္ဓာကို ကြွားလုံးထုတ်တယ်လို့ အများက အထင်လွဲကြဦးမယ်။
အပေါ်ဝတ်ဂျာကင်ကို သူထုတ်ပြီး စွတ်ချလိုက်တယ်။ လက်၂ဖက်ကတော့ အကျၤ ီလက်တွေထဲ အလျှိုလျှိုဝင်သွားပြီ။ နောက် ကော်လံနေရာကနေ ခေါင်းကိုထိုးထည့်ဖို့ သူကြိုးစားတယ်။
ထိုးထည်တယ်! ထိုးထည့်တယ်! ထိုးထည့်တယ်!.......
ဟ! ဘာလို့ ခေါင်းမဝင်တာပါလိမ့်၊
ငါ အပေါက်များ မှားထိုးမိသလား?
GuHaiဟာ ဂျာကင်ကို ပြန်ချွတ်ပြီး၊ သူ့ပေါင်ပေါ်တင်လိုက်တယ်။ ခဏကြာတော့၊ ခေါင်းစားစေမယ့် ပြဿနာကြီးတခုကို သူရှာတွေ့သွားတယ်။
ငါ့ဂျာကင်မှာ ဘာကြောင့် အကျၤ ီလက်ပေါက်တွေတင် ရှိနေတာလဲ?
ကော်လံအပေါက််ရော? ကော်လံအပေါက်က ဘယ်ပျောက်သွားတာလဲ?
GuHaiတစ်ယောက် ပျာယိပျာယာနဲ့ ကော်လံအနားကွပ်ကို လှန်ကြည့်လိုက်တော့၊ ဂျာကင်ရဲ့လည်ပင်ပေါက်နေရာမှာ အနက်ရောင် အပ်ချည်နဲ့ ဆွဲချုပ်ထားတာကို တွေ့ရတယ်။ ချုပ်ရိုးလေးက မိုးမရွာခင် နေရာပြောင်းကတြဲ့ ပုရွတ်ဆိတ်အနက်လေးတွေနဲ့ တူနေတယ်။ ကညြ့်ရတာ တကယ့်ကို စိတ်ရှုပ်ဖို့ကောင်းတယ်။
လည်ပင်းပေါက်က ပိတ်ထားမှတော့၊ ဘယ်လိုလုပ်ပြီး ခေါင်းဝင်လို့ရတော့မလဲ?
သူ့စားပွဲခုံအံဆွဲအန့ှံ မြန်မြန်လေးမွေနှောက်ကြည့်လိုက်တော့၊ သူ တခဏမျှ ဇဝေဇဝါဖြစ်သွားတယ်။
အနက်ရောင် အပ်ချည်ကြိုးရော အပ်ရော မရှိတော့ပါ။
BaiLuoYinနေရာကို သူမော့ကညြ့်တော့လည်း လူက မရှိ။ အဲ့ဒါနဲ့ အတန်းထဲက အနောက်ဖက်တံခါဆီကို သူလှည့်ကြည်လိုက်တော့ တွေ့ပါပြီ... ပြုံးတုံ့တုံ့နဲ့ ချောမောတဲ့ မျက်နှာလေးတခုု။ BaiLuoYinတစ်ယောက် အဲ့ဒီတံခါးနားရောက်နေတာ ဘယ်လောက်ကြာပြီမှန်း မသိနိုင်ပါဘူး။ ဒါပေမယ့် ထင်ကြေးကိုပြောပါဆို၊ သူ့မျက်နှာကြည့်ရတာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အစကနေ အဆုံးထိ စောင့်ကြည့်နေခဲ့ပုံပါပဲ။ သူ ပျော်ပျော်ကြီး ရပ်ကြည့်နေခဲ့တာလေ။
GuHaiရဲ့ ဆွဲငင်တဲ့အကြည့်တွေအောက်မှာပဲ၊ BaiLuoYinဟာ အတန်းထဲကို ခေလြှမ်းနှေးနှေးနဲ့ ဝင်လာတယ်။ အသံတော့မထွက်ဘဲ တကယ့်ကို တိတ်တိတ်ဆိတ်ဆိတ်ကလေး ဝင်လာပြီးမှ ရုတ်တရက်ကြီး.......။
( ဟားဟားဟားဟားဟာ......)
မနေနိုင်မထိုင်နိုင်ဘဲ BaiLuoYinတစ်ယောက် အသံအကျယ်ကြီးထွက်အောင် အော်ရယ်မိတယ်။
သူ့ရှေ့မှာထိုင်နေတဲ့ YouQi လန့်သွားတယ်။ BaiLuoYin အခုလို အူလိုက်အသည်းလိုက်ရယ်တာကို သူတခါမှ မကြားဖူးဘူး။ နောက်လှည့်ကြည့်တော့ မျက်ရည်ထွက်အောင်ရယ်နေတဲ့ BaiLuoYinကို တွေ့ရတယ်။ BaiLuoYinတစ်ယောက် အပျော်တွေကို ထိန်းမထားနိုင်တော့သလိုမျိုး ဖင့်ဆောင့်ပြီးရယ်နေတော့တယ်။
( မင်း အဆင်ပေရြဲ့လား)
ဒီမေးခွန်းအတွက် YouQi အဖြေပြန်မရပါဘူး။ တဖက်မှာတော့ BaiLuoYinဟာ ရယ်ပြီးရင်းသာ ဆက်ရယ်နေပါတယ်။
ကောင်းရော!
GuHaiလေ အရင်စိတ်နဲ့သာဆို BaiLuoYinကို အခန်းထဲကဆွဲထုတ်ပြီး ဘုရားတသွားအောင် ရိုက်ပစ်လိုက်မှာ။ ဒါပေမယ့် ဒီနေ့ BaiLuoYinလေး အူလိုက်အသည်းလိုက် ရယ်မောနေတာကို မြင်တော့၊ သူ့ရင်ထဲ ရောထွေးတဲ့ခံစားချက်တွေ ဗြုန်းဆို ပေါ်လာတယ်။
*ဘယ်သူကို မပြစ်တင်ရတော့မှာလဲ?*
*အပ်ချည်နဲ့အပ်ကို ယူလာတာ ငါလေ။ ငါလည်း သူ့အင်္ကျ ီကို ပြဲခဲ့တာပဲ။ အခုတော့ သူက လက်တုံ့ပြန်နေပြီလေ။ ငါ ဘယ်လို ရန်တွေ့ရတော့မလဲ?*
အပ်ချည်ချုပ်ရိုးတွေကို မြန်မြန်လေး GuHai ဖြည်ရမယ်။
ဒီလိုဖြစ်မယ်မှန်းသိရင်၊ အခုလောက် ခိုင်ခန့်တဲ့အပ်ချည်ကြိုးကို သူ ယူလာမှာမဟုတ်။
GuHaiက တစ်စားပွဲဝင် တစ်စားပွဲထွက်နဲ့ ဘရိတ်ဓားလိုက်တောင်းနေတယ်။
အတန်းတက်ခေါင်းလောင်းတီးပါပြီ။ ဆရာမကို အားလုံးထနှုတ်ဆက်ကတြယ်။ ပြီးမှ ပြန်ထိုင်ကတြယ်။ GuHai ကတော့ ယူနီဖောင်းက အပ်ချည်ကိုဖြည်ရတာနဲ့တင် အလုပ်ရှုပ်နေတယ်။ အပ်ချုပ်ရာက ကျွမ်းကျင်အဆင့်ရှိတယ်GuHai , အချိန်တော်တော်ကြာအောင် လုပ်ခဲ့တာတောင်၊ နဲနဲလေးပဲ ဖြည်လို့ရသေးတယ်။
အခု ဓာတုဗေဒ စာသင်ချိန်ဖြစ်ပြီး၊ ဓာတုဆရာမက အသက်၅၀အရွယ်ပါ။ ဒီအမျိုးသမီးကြီးဟာ အမြော်အမြင်ကြီးတဲ့ သင်ကြားမှုပုံစံနဲ့ မျှတတဲ့တွေးခေါ်ပုံရှိတယ်။ သူမ သင်ခန်းစာစာအုပ်ကိုဖွင့်ပြီး အတန်းထဲကို ဝေ့ကြည့်နေတဲ့ သူမရဲ့မျက်လုံးတွေက GuHaiနားမှာ ရပ်တန့်သွားတယ်။
( နောက်တန်းမှာထိုင်တဲ့ ဟိုကျောင်းသား၊ အပေါ်ပိုင်း ဗလာကျင်းတာ ခုခေတ်စားနေတဲ့ဖက်ရှင်လား?)
မျက်လုံးပေါင်းများစွာက GuHaiရှိရာကို လှမ်းကြည့်ကတြယ်။ အဲ့ဒီမျက်လုံးတွေဟာ ( ကာယချိန်မှာ အမိုက်စားတင်ဆက်မှုမျိုး ဘယ်လောက်လုပ်ခဲ့ပစေပေါ့၊ နောက်တချိန်ရောက်တဲ့အထိ ကြွာဝါဖို့လိုလို့လား။ အရှက်မရှိတာလား ဘာလား? )လို့ပြောနေကမြှန်း အရမ်းသိသာတယ်။
(ကျွန်တော့်ဂျာကင်မှာ ပြဿနာရှိနေလို့ပါ ဆရာမ။ ကျွန်တော် အခုချက်ချင်း ပြန်ပြင်ပါ့မယ်)
ပြောပြီးတာနဲ့၊ GuHaiက ကြိုးစားပန်းစားနဲ့ ချုပ်ရိုးစဖြည်တယ်။ ဒါပေမယ့် ရှုပ်ထွေးတဲ့ ချုပ်ရိုးတွေကြောင့် ဖြည်ပြီးသား အပ်ချည်ကြိုးစတွေက ပွစိတက်နေတယ်။ ချုပ်ရိုးဖြည်ရတယ်ဆိုတာ တကယ့်ကို လက်ဝင်ပါတယ်။ ၁၀မိနစ်ကုန်သွားပေမယ့် GuHaiကတော့ ချုပ်ရိုးတစ်ဝက်တောင် ဖြည်လို့မရသေးဘူး။
( ဆရာမ တခါတည်း ပြောထားမယ်။ မင်း ဒီလောက်တောင် အကျၤ ီကိုယ်လုံးချွတ်ရတာ သိပ်အကြိုက်တွေ့နေရင် ဆရာမရဲ့အတန်းထဲက ထွက်သွားလိုက်ပါ။ အခြားသူတွေ မင်းကိုဘယ်လိုထင်မလဲတော့ မသိဘူး။ ဆရာမအတန်းထဲမှာတော့ ဒါမျိုးလက်မခံဘူး။ မင်းက ဒီလိုလုပ်တော့ စာသင်ရတာ ဖီးပျက်တယ်ကွယ်)
GuHaiတစ်ယောက် ချုပ်ရိုးကို ဒေါသတကြီး ဆွဲဖြည်နေရင်း၊ BaiLuoYinရဲ့ပုုခုံးတွေ သိမ့်ကနဲ သိမ့်ကနဲ တုန်နေတာ သူသိတိထားမိပါတယ်။
( မင်း ဘယ်နှယ့်ချက်တောင် ချုပ်ထားတာလဲ?)
( မင်း ဘားတန်းဆွဲတဲ့ အရေအတွက်အတိုင်း ချုပ်ထားတာလေ)
( ငါလခွီး! )
GuHai အခုချက်ချင်းကြီး သတ်သေချင်စိတ်ပေါက်မိတယ်။ သူ ဘာအတွက်များ ဒီလောက်အရေတွက်များအောင် ဘားဆွဲဲမိခဲ့ပါလိမ့်? သူ့တကိုယ်လုံး ချွေးတွေနစ်နေပြီ။ ပင်လည်း ပင်ပန်းလာပြီ။ ဒါတောင် သူ အလူးအလဲ ခံနေရဆဲ။
BaiLuoYinက ဗိုက်ကြောနာလို့ သူ့ဗိုက်သူပွတ်နေတယ်။ သူ ထပ်ရယ်ဖို့ အင်အားမကျန်တော့။ အိမ်ပြန်ဖို့အားတောင် ကျန်မယ်မထင်တော့ပါ။
ဘာပြောရမှန်းတောင်မသိ၊ GuHai နောက်ဆုံးတော့ အတန်းပြင်ဘက် ထွက်နေခဲ့ရတယ်။ အပြင်မှာမတ်တပ်ရပ်နေရင်း ချုပ်ရိုးတွေကို သူဆက်ဖြည်နေသေးတယ်။ ဒါပေမယ့် သူ ခက်ရာခက်ဆစ်နဲ့ ချုုပ်ရိုးအားလုံးကို ဖြည်နိုင်လိုက်တဲ့ အချိန်ရောက်တော့ အတန်းကဆင်းသွားပြီ။
ခေါင်းလောင်းသံ ကြားရတယ်။ အခန်းထဲကို GuHai ပြန်ဝင်သွားတော့ BaiLuoYinဟာ ပစ္စည်းတွေ သိမ်းဆည်းနေတာကို သူတွေ့တယ်။ GuHaiကို BaiLuoYin မြင်လိုက်တော့၊ မအောင့်အီးနိုင်ဘဲ ပြုံးမိပြန်တယ်။
GuHaiက မပြောမဆိုနဲ့ BaiLuoYinကို ဆောင့်ဆွဲလိုက်ပြီး ဂြိုလ်ကြည့်ကြည့်ရင်း မေးလိုက်တာက ( အခုတော့ ရယ်တတ်ပြီပေါ့လေ၊ ဟုတ်လား?)
( ငါ အမြဲတမ်း ရယ်မောနေတာပဲကို!)
GuHai ယူနီဖောင်းဂျာကင်ရဲ့ လည်ပင်းကော်လံက ဖွာလန်နေတဲ့ အနားကွပ်ကို တွေ့တော့၊ BaiLuoYin ခွီးခနဲ ထပ်ရယ်ပြန်ပါပြီ။
( အသက်ထွက်အောင်သာ ရယ်လိုက်၊ ကောင်စုတ်လေး! )

End of Chapter 18

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now