Chapter 70- GuHai အသိတရားရပြီ

2K 221 8
                                    

Chapter 70- GuHai အသိတရားရပြီ

ဂျင်လုလု စားပွဲကို ရိုက်ပြီး ထထွက်သွားတော့ သူတို့နှစ်ယောက်ကြား တိတ်ဆိတ်သွားတယ်။
အတော့်ကိုကြာမှ BaiLuoYinက GuHaiကို မေးလာတယ်။ ( မင််း သူ့ကိုစိတ်ဆိုးသွားအောင် ဘာလို့ ထပ်လုပ်လိုက်တာလဲ?)
GuHai မျက်နှာဟာ မှုန်သုန်နေပြီး ( သူစိတ်ဆိုးသွားတာ ငါ့အပြစ်လား။ သူ့ရဲ့ရှက်စရာကောင်းတဲ့ အပြုအမူတွေကို မင်းမမြင်ဘူးလား? သူ့ကို ခေါက်ထားလိုက်စမ်းပါ။ သူထွက်သွားချင်ရင် သွားပါစေပေါ့!)
( မင်းတို့နှစ်ယောက်ကလည်းကွာ...) BaiLuoYin စိတ်မရှည်တော့။ ( မင်းတို့ကောင်တွေ ဘယ်လိုများ ရည်းစားဖြစ်လာကတြာလဲ ?)
GuHaiတစ်ယောက် အသက်တောင် မနည်းဝအောင်ရှူနေရတုန်း။ ဒီမေးခွန်းကိုတော့ သူ မဖေခြျင်ပါ။
BaiLuoYin သက်ပြင်းချပြီး၊ ခေါက်ဆွဲအကျန်တွေကို သူ့ပန်းကန်ထဲ ထည့်ကာ တည်ငြိမ်တဲ့အသံနဲ့ပြောတယ်။ ( အေးပါ။ အခုတော့ အေးအေးဆေးဆေးနဲ့ စိတ်ငြိမ်အောင်နေလိုက်ဦးပေါ့။ အမြဲတမ်းရန်တွေဖြစ် ပြဿနာတွေ တက်နေရတာ သိပ်စိတ်ရှုပ်ဖို့ကောင်းတယ်)
GuHaiက ကျန်နေသေးတဲ့ ငါးအသားလုံးကို BaiLuoYin ပန်းကန်ထဲထည့်ပေးပြီး စကားမပြောတော့ပဲ သူ့ဖာသာသူ ခေါက်ဆွဲဆက်စားနေတယ်။
်ဘ်ဘသူတို့ အိမ်ပြန်ရောက်တဲ့အချိန်၊ BaiLuoYinက ဗူးတစ်ဗူးကို GuHaiဆီ လှမ်းပစ်ပေးလိုက်တယ်။
( ဒါ ဘာလဲ?) GuHai ကြောင်နေတယ်။ ( ငါ့အတွက်လား?)
GuHai ဗူးဖောက်ကြည့်လိုက်တော့ အထဲမှာ အကောင်းစား ဟန်းဖုန်းတစ်လုံး။ GuHai ကြိုက်တဲ့ပုံစံမျိုးပဲ။ မေးစရာမလိုဘဲ ဒါဟာ BaiLuoYin ရွေးလာမှန်း သိသာတယ်။ GuHai ရင်ထဲ ထူးထူးဆန်းဆန်းကြီး ဟတ်ထိသွားတယ်။ သူ့ဘေးမှာ ယိမ်းနေတဲ့ BaiLuoYinရဲ့သဏ္ဍာန်ကို မြင်တော့၊ ခံစားချက်တွေကို ဘယ်လိုပြောရမှန်းမသိတာနဲ့ BaiLuoYinကို သူလှမ်းဖက်ထားလိုက်တယ်။
( Yinလေး၊ မင်းက ငါ့အပေါ် သိပ်ကောင်းတာပဲ)
( ငါ့အဖေသာ သွားဖက်ချေ!) BaiLuoYinက အနေရခက်တဲ့ပုံနဲ့ GuHaiကို တွန်းထုတ်လိုက်တယ်။ ( ပိုက်ဆံပေးတာ အဖေလေ။ ပြီးတော့ မင်းကို ဖုန်းဝယ်ပေးချင်တာလည်း သူပဲ။ ငါ သူ့ကို တားတဲ့ကြားတဲ့က အတင်းပဲ..)
GuHai ပတြင်းပေါက်ဆီ ပြေးသွားပြီး အပြင်မှာ မတ်တပ်ရပ်နေတဲ့ BaiHanQiကို အော်ပြောလို်က်တယ်။
( ဦးလေး။ ကျေးဇူးပါဗျ!)
( အရူးလေး။ ဦးလေးကို ဘာလို့ ကျေးဇူးတွေလာတင်နေရတာလဲ?)BaiHanQiက ဝတ်ထားတဲ့အင်္ကျ ီလက်နဲ့ နဖူးကချွေးကို သုတ်ရင်း ( YinZiသာ ဦးလေးကို ဖုန်းဆိုင်ခေါ်မသွားရင်၊ ဒီလိုဖုန်းမျိုးရှိမှန်းတောင် ဦးလေးသိမှာမဟုတ်ဘူး။ ဦးလေးဆိုရင်တော့ ဖုန်းခေါ်လို့ရရင်၊ အကြမ်းတမ်းခံရင် ကောင်းလှပြီပေါ့။ ဒါပေမယ့် YinZi ကပြောတာက အဲ့လောက်နဲ့ မရဘူးတဲ့။ ဖန်ရှင်စုံတဲ့ဖုန်းကို ဝယ်ပေးဖို့ ဇွတ်ပြောတာ)
နောက်ဆုံးတော့ GuHaiရဲ့စုံစမ်းမှုကြောင့် လျှို့ဝှက်ချက်တွေ ပေါ်ကုန်ပါပြီ။
( Yinလေးရဲ့ စကားတွေကို နားမထောင်နဲ့ ဦးလေးရ။ သူက ပေါက်ကရတွေ လျှောက်ပြောတာ)
BaiLuoYin စိတ်တွေခုန်ပြီး GuHaiရဲ့ဖင်ကို ဆောင့်ကန်လိုက်တယ်။ ( ခွေးကောင် ဒီအိမ်မှာလာပြီး လူစွာကျယ်လုပ်မနေနဲ့)
GuHaiက ပျော်ရွှင်မြူးထူးစွာ BaiLuoYinကို ကြည့်လျက် ( မင်းကျတော့ရော? မင်းကျ ဖုန်းလည်းမရှိ...)
( ငါ့အတွက် ဖုန်းက ဘာလိုမှာလဲ?) လို့ BaiLuoYin အမှုမထားသလိုပဲ ပြောတယ်။( ငါ့မှာ ဖုန်းဆက်စရာလူကလည်းမရှိ။ ဒီတော့ ပိုက်ဆံသက်သက် အကုန်ခံပြီး ဘာလို့ဝယ်နေမှာလဲ)
( မင်း ငါ့ဆီ ဖုန်းဆက်ပေါ့!) GuHaiက BaiLuoYinရှေ့ လျစ်ခနဲ ရောက်လာတယ်။
BaiLuoYin အံကြိတ်လျက် ( ခွေးကောင်၊ မင်းက ငါ့ဘေးမှာ ၂၄နာရီ/၇ရက်စလုံး ကပ်နေတာကို၊ မင်းဆီ ငါက ဘာဖုန်းဆက်စရာလိုတုန်း?)
GuHaiက ဟားဟားလို့ ၂ခေါက်လောက် ရွှင်မြူးစွာရယ်လိုက်တယ်။ ( ဒါတော့ဒါပေါ့။ ဒါပေမယ့် အခု ငါ့ဖုန်းဆက်ချင်တဲ့လူလည်း မရှိတော့ဘူးဆိုတော့၊ ငါ့မှာဖုန်းရှိနေလည်း အလကားပဲ)
( သေစမ်းပါကွာ!) BaiLuoYin ဟာ GuHaiကို ဂြိုလ်ကြည့်ပေးပြီး ( ငါက ဒီဖုန်းနဲ့ မင်းကိုအာရုံပြောင်းသွားအောင်လုပ်မလို့ကွ!)
GuHaiက BaiLuoYinရဲ့နားရွက်နားလေး ကပ်သွားပြီး ပျစ်ချွဲချွဲအသံကြီးနဲ့ ကပ်ပြောတယ်။
( ဒါဖြင့် ဒီဖုန်းကို မင်း သဝန်တော့ မတိုပါဘူးနော်?)
BaiLuoYinက GuHaiကို အော်ဟစ်နှင်ထုတ်ပစ်လိုက်တယ်။
GuHai ခြံထဲ ဟိုလျှောက်ဒီလျှောက် လုပ်နေတုန်း၊ နံရံပေါ် လှေကားထောင်ပြီး တက်နေတဲ့ BaiHanQiကို မြင်တော့ ( ဦးလေး ဟိုးအပေါ်အမြင့်ကြီး ဘာလို့တက်မှာလဲ?)
( ပြီးခဲ့တဲ့၂ရက်က မိုးများတယ်လေ။ ခေါင်မိုးက မိုးနဲနဲယိုနေတာနဲ့ ဦးလေးလှန်းထားတဲ့ ထမင်းခြောက်တွေ ရေစိုကုန်တယ်။ အဲ့ဒါကြောင့် ဦးလေးအပေါ်တက်ပြီး ခေါင်မိုးထပ်ပိုးပြီး မိုးမလို့)
( ဦးလေး ဆင်းခဲ့။ ကျွန်တော် တက်မယ်)
( မင်းက လုပ်တတ်လို့လား?)
BanHanQiက ချွေးတွေသုတ်နေတယ်။ ဒီနေ့က အတော်ပူတယ်။ နေ့လည်နေဟာ လူကိုအားယုတ်စေတယ်။
( ကျွန်တော် လုပ်တတ်ပါတယ် ဦးလေးရ။ ဆင်းသာဆင်းခဲ့ပါ)
ပြောရင်းဆိုရင်း GuHaiက ပတြင်းပေါက်ဘောင်ပေါ်ကို ခြေထောက်ထောက်လျက် ရေသယောက်ကို တွယ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ တချက်ခုန်လိုက်တာ ခေါင်းမိုးပေါ်ကို လှစ်ခနဲ ရောက်သွားတယ်။ သူက လှေကားတောင် မလိုဘူးဟ! ဒါကိုမြင်တော့ BaiHanQiတစ်ယောက် မျက်လုံးကျွတ်မတတ် အံသသြွားတာ။ ဒီချာတိတ်လေး ဘယ်နှယ့်ဒီလောက် တော်ရသလဲ? အခုမှ မြေကြီးပေါ်မှာ သူနဲ့စကားပြောနေတုန်းရှိသေးတယ်...အပေါ်ပျံတက်သွားတာ ဒီလောက်တောင် မြန်ရသလား?
( ဦးလေး ကျွန်တော်လုပ်ပေးပါ့မယ်ဗျ)
တကယ်တော့ BaiHanQiလည်း ငယ်ငယ်တုန်းက GuHaiလိုပဲ သန်မာပါတယ်။ အိမ်ပေါ်ကို လွယ်လွယ်နဲ့ တက်နိုင်ဆင်းနို်င်တယ်။ အခုတော့ သူလည်း အိုမင်းပြီး၊ သူ့ခြေတွေလက်တွေဟာလည်း ငယ်တုန်းကလောက် မသွက်လက်တော့။ အမြင့်တက်ရမှာတောင် သူ နည်းနည်းလန့်လာပြီ။
( မင်း လုပ်တတ်တာ သေချာလို့လား?) BaiHanQiရဲ့မျက်နှာမှာ သံသယတွေ အပြည့်နဲ့။
( အင်း ဦးလေးပြောမှာပဲ၊ တကယ်တော့လေ ကျွန်တော်...)
GuHai ပြောချင်တာက သူ စစ်တပ်ထဲမှာ ဒီလိုအလုပ်တွေ လုပ်ဖူးတယ်လို့။ ဒါပေမယ့် နောက်ဆက်တွဲမေးခွန်းတွေကို BanHanQi မေးလာမှာ သူကြောက်တယ်။ အဲ့ဒါကြောင့် သူစကားဆက်မပြောတော့ဘဲ BaiHanQi လက်ထဲက ပုံးကိုသာ သူယူလိုက်ပြီး၊ အုတ်ကျွတ်မိုးတွေပေါ် ဘိလပ်မြေလောင်းပြီး ကျွမ်းကျွမ်းကျင်ကျင် အချောသတ်လိုက်တယ်။ ပန်းရံအစစ်တွေလောက်တော့ လက်ရာမကောင်းပေမယ့်၊ အတော့်ကို ကောင်းမွန်တယ် ဆိုရမှာပဲ။
BaiLuoYin အိမ်ရှေ့ထွက်လာပြီး ခေါင်းမိုးပေါ်ကို အော်ပြောတယ်။
( အဖေ၊ ဆင်းလာခဲ့တော့။ သူ လုပ်ပစေ။ ဒီလိုခိုင်းမှာ သူ့နေစရိတ် စားစရိတ် ကျမှော)
( ဟုတ်တယ် ဦးလေးရဲ့။ သွားပါဗျာ နော်!)
BaiHanQi ပြုံးပြုံးနဲ့ ခေါင်းညိတ်ပြီး အမိုးအစောင်းပေါ်ကနေ အောက်က လှေကားကို ခြေထောက်နဲ့ သေချာအောင် စမ်းနေတယ်။
BaiHanQiရဲ့အိတ်ကပ်ထဲကနေ ထိုးထွက်နေတဲ့ ဖုန်းကို GuHai မြင်သွားတယ်။ ဖုန်းက အတော့်ကိုဟောင်းနေပြီ။ ဖုန်းက ဆေးရောင်တွေတောင် ကွာနေပြီ။ ဒီဖုန်းမျိုးက လမ်းဘေးမှာ ချရောင်းပြီး၊ ဒေါ်လာ၂၀၀တောင် တန်ကြေးမရှိတဲ့ဖုန်း။ နောက် သူ့ကိုဝယ်ပေးတဲ့ဖုန်းကို တွေးမိပြီး GuHai ရင်ထဲမကောင်းဘူး။
သူ့အိမ်က မိသားစုအကြောင်းကို BaiLuoYin မပြောဖူးခဲ့ပါ။ ဟိုတခါ အရက်မူးတုန်းကပဲ နဲနဲလေး ပြောဖူးတာ။ BanHanQiရဲ့ဝင်ငွေက တလမှ ၅၀၀၀တောင် မရ။ ပြီးတော့ သက်ကြီးရွယ်အိုတွေရော၊ သားငယ်လေးကိုရော ကျွေးမွေးစောင့်ရှောက်ရသေးတယ်။ ပြီးတော့ BaiLuoYinရဲ့အဘိုးအဘွားတွေရဲ့ ဆေးကုသ စရိတ်တွေအားလုံး ဖေကြီးBaiပဲ ပေးနေရတာ။ ဒါနဲ့တင် သူ့လခတဝက်လောက်က ပြောင်နေပြီ။ ထပ်ကုန်စရာရှိသေးတာက၊ တအိမ်လုံးက ဈေးဖိုးတွေနဲ့ သူ့ကို်ယ်ပိုင် ကုန်ကျစရိတ်။ ဒါကို BaiHanQiက ထုတ်မပြောပေမယ့်၊ ဒီအကောင်းစား ဟမ်းဖုန်းကို ဝယ်ပေးဖို့ ဖေကြီးBai အတော်လေး တွေဝေပြီး ဝန်လေးခဲ့မှာပဲဆိုတာတော့ GuHai ပြောနိုင်ပါတယ်။

End of Chapter 70

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now