Chapter12- စာသင်ခန်းထဲ ဘယ်လိုများ အိပ်ပျော်သလဲ?

2.3K 295 3
                                    

အိမ်သာသုံးစက္ကူတွေ လက်ဆောင်ရပြီးကတည်းက YouQi တစ်ယောက် အဲ့ဒါတွေပဲ တောက်လျှောက်သုံးနေတော့တယ်။ သူ့ရဲ့နှာရည်ယိုရောဂါဟာ မပြင်းထန်ပေမယ့်လို့ ခဏခဏ နှပ်ချေးညှစ်နေတော့ စက္ကူတစ်လိပ်ဆို ၁ရက်ပဲ ခံတယ်။ သူ, နှပ်ချေးတစ်ခါညှစ်ပြီးတိုင်း နောက်လှည့်ပြီး သူ့ကျောဖက်မှာထိုင်တဲ့ ပုဂ္ဂိုလ်ကို ကျေးဇူးတင်ကြောင်း လှည့်လှည့်ပြုံးပတြတ်တယ်။ သူ့့ကြည့်ရတာ အပျိုဘော်ဝင်ခါစအရွယ်လေး ရည်းစားထားတာနဲ့ တူတယ်။ ကြည့်ရတာ တော်တော့်ကို မျက်စိနှောက်စရာကောင်းနေတယ်။
BaiLuoYin သည်းခံဖို့ ခက်နေပါပြီ။ ၅ပေ၁၀လက်မလောက် ရှည်တဲ့ အရပ်နဲ့ ဂျပန်မင်းသားနဲ့ ခပ်ဆင်ဆင် ရုပ်ရည်ကို ပိုင်ဆိုင်ထားတာတောင် YouQi တစ်ယောက် ဒီလောက် ရူးတူးပေါတောဆန်သတဲ့။
( ငါ မင်းကိုပြောပြီးပြီးနော်။ အဲ့ဒီ တစ်သျှူးတွေကိုပေးတာ ငါမဟုတ်ဘူးဆိုတာ။ ဒီတော့ ငါ့ကိုသိက္ခာမချနဲ့တော့)
သူပြောတာကို YouQi နားမဝင်ဘဲဲ၊ ရွှီးဆိုတဲ့အသံထွက်အောင်တောင် တမင်တကာ နှပ်ချေးညှစ်ပလြိုက်သေးတယ်။
နောက်ဆုံးတော့ ဟောဒီအထင်လွဲမှုကြီးအပေါ် BaiLuoYin လက်မြောက်အရံှုးပေးခဲ့လိုက်ပြီ။ အိ်မ်စာဘက်ပဲ အာရုံပြန်လှည့်ပြီး ခေါင်းမဖော်တမ်း စာတွေချည်း ကုန်းရေးနေတော့တယ်။ သိပ်မကြာခင်၊ သူ့မျက်လုံးတို့က အလိုလို မှေးစင်းကျလာတော့၊ ချက်ချင်းဆိုသလို စားပွဲပေါ်မှောက်ပြီးသာ အိမ်မက်ကမ်ဘာထဲ ခေဆြန့်လိုက်တော့တယ်။
YouQi ဒီလောက် ဆူဆူညံညံနဲ့ နှာချေးညှစ်နေတာနေတာတောင်၊ အတန်းထဲက ဘယ်သူမှ ဘာမှမပြောကဘြူး။ ဒါဟာလည်း ကြောက်လို့ မပြောရဲတာမဟုတ်ဘဲ၊ အခန်းထဲက မိန်းကလေးကျောင်းသူဦးရေ တဝက်လောက်က YouQiကို ကျိတ်ကြိုက်နေကလြို့ပါ။ နောက်တဝက်ကျန်နေတဲ့ မိန်းကလေးတွေကတော့ ထုံထိုင်းတဲ့ ငတုံးတွေမို့။ အတန်းထဲမှာ မိုင်းဗုံးထပေါက်ရင်တောင် သူတို့နဲ့ မဆိုင်သလိုကြည့်နေမယ့် ဟာလေးတွေ။ ကျောင်းသားတွေကျ၊ ဂိမ်းဆော့တဲ့သူက ဂိမ်းပဲဆက်ဆော့နေသလို၊ အတင်းတုတ်နေတဲ့ကောင်တွေကလည်း အတင်းဆက်တုတ်နေကတြယ်။ ယေဘုယျပြောရရင်၊ ဒီလောက် အသေးအမွှားကိစ္စကို ဘယ်သူမှ အရေးမလုပ်ကဘြူး။
ဒါပေမယ့်လည်း ကိစ္စတိုင်းမှာ ချွင်းချက်ဆိုတာတော့ ရှိစမြဲပေါ့လေ။
ဘယ်ဖက်ကစရေရင် နောက်ဆုံးတန်းရဲ့ ဒုတိယမြောက်ခုံမှာ မယ်မယ်ရရအလုပ် ဘာမှလုပ်မနေတဲ့ တစ်စုံတစ်ယောက် ထိုင်နေတယ်။ အဲ့လူက အမြဲလိုလို ခပ်တည်တည်ပဲ နေလေ့ရှိတယ်။ အခြားသူတွေက အလုပ်တခုပြီးဖို့ ၂နာရီလောက်ကြာတယ်ဆို၊ သူကတော့ နာရီဝက်လောက်နဲ့ အပြီးသတ်တယ်။ YouQiကတော့ ကြုံရင်ကြုံသလို ဟိုဘက်လှည့် နှပ်ညှစ်လိုက်၊ ဒီဘက်လှည့် နှပ်ညှစ်လိုက်နဲ့ လုပ်နေတုန်းပဲ။ တကယ်ဆို ဒီလောက် စိတ်ရှု့ပ်စရာကောင်းတဲ့ နှပ်ချေးညှစ်သံ လာရာဘက်ကို GuHai လှမ်းကြည့်ရမှာလေ။ ဖြစ်ချင်တော့ လှမ်းကြည့်တဲ့အခါတိုင်း GuHai သတိထားကြည့်မိတဲ့သူက YouQi မဟုတ်ဘဲ BaiLuoYin ဖြစ်နေပါတယ်။
( သူ အိပ်နေပြန်ပြီလား?)
-------------------------------
ညတိုင်း BaiLuoYin ဘာတွေလုပ်နေလဲလို့ GuHai သိချင်မိတယ်။ * LuoYin က ဘာဖြစ်လို့ အမြဲတမ်း မောမောပန်းပန်းနဲ့ အတန်းထဲမှာ အိပ်နေရသလဲ မသိဘူး? *
BaiLuoYin တကယ်ပဲ အိပ်ပျော်နေတာလား၊ မဟုတ်ရင် အိပ်ချင်ယောင်ဆောင်နေသလားလို့လည်း GuHai စပ်စုချင်ပါတယ်။ * LuoYin တကယ်ပဲ အိပ်ပျော်နေတာဆိုရင် ရိုးကောလ်ခေါ်တိုင်း သူ,ပြန်ထူးနိုင်တာ ဘာကြောင့်လဲ? *
( နင် ဘယ်သူ့ကို ကြည့်နေတာလဲ?)
မေးခွန်းထုတ်လိုက်တဲ့အသံတစ်သံကြောင့် GuHaiရဲ့ အတွေးစတို့ ပြတ်သွားတယ်။
BaiLuoYinပေါ်ကနေ အကြည့်ခွာပြီး အသံကြားတဲ့ဖက်ကို GuHai ကြည့်လိုက်တော့ သူ့ရှေ့မှာထိုင်တဲ့ မိန်းကလေး အခန်းဖော်ဖြစ်နေတယ်။ အဲ့ဒီကောင်မလေးက အသံချိုချိုလေးနဲ့ ကျက်သရေရှိတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားပြီး ဘေဂျင်းလေသံမှာ ဟောင်ကောင်လေသံ နှောနေလေတော့ သူမရဲ့အသံကို ကြားရသူတိုင်း ကြက်သီးဖြန်းဖြန်းထသွားရလိမ့်မယ်။
( နင် သူ့ကို သိလား?) GuHaiက BaiLuoYinရှိရာကို လက်ညှိုးထိုးပတြယ်။
DanXiaoXuan က မျက်လုံးရွှဲကြီးများနဲ့ GuHaiကို ကညြ့်ပြီး ( သူ့ကို ဘယ်သူမသိဘဲ နေမလဲ? အရင်နှစ်ကလည်း သူနဲ့ငါက အခန်းတူတူပဲလေ။ ငါ သူ့ကိုအပြင်ထွက်လည်ဖို့ ခေါ်သေးတယ်... ကံဆိုးချင်တော့ ငါ့ကို နည်းနည်းလေးတောင် ငဲ့မကြည့်ဘူး။ နင့်ကို ပြောရဦးမယ်၊ သူ့အကျင့်စရိုက်က အများမတူဘူးနော်.. ထူးခြားတယ်။ အထွေအထူးပြောစရာကတော့ သူက ဉာဏ်ကောင်းတယ် ဆိုတာပဲ။ ကြာလာရင် သူ့အကြောင်းကို နင် ပိုသိလာမှာပါ)
သူမ ပြောလိုက်တဲ့စကားတွေက BaiLuoYinအပေါ် ဝင်စားနေတဲ့ GuHaiရဲ့စိတ်ကို ကောင်းကောင်းကြီး နှိုးဆွပေးလိုက်တယ်ဆိုတာကို DanXiaoXuan မသိရှာဘူး။
( သူက ခဏခဏ ဒီလိုပဲ အိပ်နေတတ်သလား?)
( အိပ်တာလား... အဟ! သူက နေ့တိုင်း ကျောင်းတက်ခေါင်းလောင်းတီးချိန်ကနေ ကျောင်းဆင်းခေါင်းလောင်းထိုးတဲ့အထိ အိပ်နေကျ။ ပြီးတော့ နင့်ကို လျှို့ဝှက်ချက်တခုပြောပြဦးမယ်။ ဘယ်သူ့မှတော့ သွားပြန်မပြောနဲ့နော်။ BaiLuoYin မှာ အမေမရှိဘူး )
ဒီစကားတွေကို သူမက GuHaiကို လေသံအေးအေးနဲ့ ခပ်တိုးတိုးလေး ပြောပြနေတာပါ။ ဒါတောင် ဒီစကားတွေကြောင့် GuHaiရင်ဘတ်ထဲ အလုံးကြီးစို့လာတယ်။ အမေ မရှိဘူးတဲ့.... မိခင်မေတ္တာကို သောက်သုံးခဲ့ရတဲ့ သူ့အဖို့တော့ ဒီအကြောင်းအရာဟာ တကယ့်ကို ဝမ်းနည်းကေကြွဲစရာကောင်းနေပါတယ်။ သူ့နားထဲမှာသာ ဒီသတင်းဟာ သနားစရာကောင်းနေတာ၊ အခြားသူတွေအတွက်ကတော့ ဖွလို့ကောင်းမယ့် အတင်းအဖျင်း သတင်းတခုသာ ဖြစ်ခဲ့ရပါတယ်။
( နင် အိုက်နေတာလား၊ ချွေးတွေလည်း ထွက်လို့)
DanXiaoXuanက ယပ်တောင်အသေးလေးတစ်ခု ယူပြီး၊ GuHaiကို အားရဝမ်းသာ ယပ်ခတ်ပေးနေတော့ အတန်းထဲက ကောင်လေးတွေရဲ့ချောင်းဟန့်သံတွေက တခန်းလုံး ညံကုန်တာပေါ့။
ဒါပေမယ့် အဲ့ဒီကောင်လေးတွေကို GuHaiတစ်ယောက် ဝေ့ကြည့်လိုက်ရုံနဲ့ အသံအားလုံးတိတ်သွားတယ်။
အတန်းဆင်းချိန်၊ GuHaiတစ်ယောက် BaiLuoYinရဲ့ စားပွဲရှိရာဆီ ကူးသွားပြီး၊ စားပွဲပေါ်က စာရေးကိရိယာတွေကို လေ့လာကြည့်တယ်။ မှင်ဖျက်ဆေး၁ချောင်း၊ ခဲတံ၁ချောင်းနဲ့ ဟိုက်လိုက်တာအဟောင်း၁ချောင်း။ စာရေးဘောပင်တွေပဲ အခြားဟာတွေထက် ပိုမိုသစ်လွင်တယ်။ ကုန်ခါနီးပြီဖြစ်တဲ့ မှင်ရည်တစ်ဘူးနဲ့ အမှတ်အသားတွေ မှိန်နေတဲ့ ပေတံတစ်ချောင်းတို့အပြင် ပုံတုံးတုံး ဘောပင်ထည့်တဲ့အိတ်။ စားပွဲခုံထဲမှာက ကျောပိုးအိတ်ထည့်ထားပြီး၊ အိတ်ကကြိုးတွေပြတ်လို့ အဖာတရာထေးထားတဲ့ ဖာထေးရာတွေလည်း ပြည့်နေသေးတယ်။
ရိုးရိုးသားသားပြောရင်၊ အညတရတစ်ယောက်ကို GuHaiမြင်ဖူးတာ အခုက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဒါပေမယ့် ချို့တဲ့နွမ်းပါးတဲ့ အတန်းဖော်တစ်ယောက်ကို ပပြါဆိုရင်တော့၊ အခုဟာက ပထမဆုံးပဲ။
ကျောင်းဆင်းချိန်ရောက်တော့၊ ကျောင်းပေါက်ဝနဲ့ သိပ်မဝေးတဲ့ သစ်ပင်ကြီးရဲ့အောက်မှာ စစ်ကားတစ်စီး ရပ်စောင့်နေတယ်။ အဲ့ဒီနေရာမှာ ကားမရပ်ရလို့ တားမြစ်ထားပေမယ့် စစ်ကားနံပါတ်ပြားကြောင့် ဒီဧရီယာနား အခွင့်ထူးခံဖြစ်လာတယ်။ သစ်ပင်ဘေးမပြောနဲ့ သစ်ပင်ပေါ် တက်ရပ်ထားရင်တောင် ဘယ်သူမှ ဘာမှပြောရဲမှာ မဟုတ်ဘူး။
( ဘယ်နှစ်ခါ ပြောရမှာလဲ၊ ကျွန်တော့်ကို လာကြိုစရာ မလိုဘူးလို့။ အိမ်ကို တက္ကစီနဲ့ ကျွန်တော် ပြန်တတ်တယ်)
GuHaiရဲ့သည်းခံနိုင်မှု အတိုင်းအတာက ဒီလူ့အပေါ်ဆို နည်းတတ်တယ်။
ယာဉ်မောင်းက ခေါင်းတညိတ်ညိတ်နဲ့ ပြုံးပြီး ( သခင်လေး တခုခုဖြစ်မှာ စိုးရိမ်လို့ပါ၊ မဟုတ်ဘူးလား? ဒီနားတဝိုက်က ကားရှုပ်တယ်။ ပြီးတော့ ဒရိုင်ဘာတွေကလည်း ဗရမ်းဗတာတွေ။ သူတို့ကြောင့် သခင်လေးတခုခုဖြစ်သွားရင် ဘယ်နှယ့်လုပ်မလဲ။ လာပါ သခင်လေးရယ် ကားထဲဝင်ပါ။ ဗိုလ်ချုပ်နဲ့စကားများထားတယ်ဆိုတိုင်း ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင်တော့ ဘယ်လုပ်လို့ကောင်းမလဲ?)
မျက်ဖြူလှန်မိမှာ စိုးလို့၊ ကျောင်းပေါက်ဝကို GuHai လှမ်းကြည့်လိုက်ချိန်မှာတော့ ရင်နှီးပြီးသား ပုံသဏ္ဍာန်တခုကို ရိပ်ခနဲ တွေ့လိုက်ရတယ်။ သူ အဲ့ဒီအရာကို ခပ်ကြာကြာလေး ငေးစိုက်ကြည့်နေမိတယ်။ ပြီးမှ၊ ခေလြှမ်းကျဲကြီးတွေနဲ့ တဖက်လမ်းကို အမြန်ကူးသွားလိုက်တယ်။ ယာဉ်မောင်းဖြစ်သူတောင် တုံ့ပြန်ချိန်မရလိုက်ခင်၊ GuHaiကတော့ တက္ကစီတစ်စီးငှားပြီး ထွက်သွားခဲ့လိုက်ပြီ။

End of Chapter 12

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now