Chapter 50- ငါ့ရင်ထဲ မင်းဝင်ဝင်လာတာ ဘာ့ကြောင့်လဲ?
ဒီညဟာ လပြည့်ညမို့ အခန်းထဲ မီးမှိတ်ထားလည်း ရှင်းရှင်းလင်းလင်း မြင်ရတယ်။ နှစ်ယောက်သား ကြပ်တည်းကြပ်တည့်နဲ့ ကုတင်သေးသေးလေးမှာ အိပ်နေကတြယ်။ GuHaiက ပတြင်းပေါက်ဘက်မှာ အိပ်တာမို့ ခေါင်းကိုစောင်းကြည့်လိုက်ရင် လမင်းကြီးကို သူ မြင်ရတယ်။
( နောက်၂ရက်ဆို ဆောင်းဦးလလည်ပွဲတော်တောင် ရောက်တော့မယ်) BaiLuoYin မကြားတကြား ပြောတယ်။
GuHai ကြည့်လိုက်တော့ သူ့မျက်နှာတစ်ခြမ်းကို မြင်ရတယ်။ လရောင်ကြောင့် BaiLouYinရဲ့မျက်နှာဟာ နုညံ့သိမ်မွေ့နေတယ်လို့ ထင်ရစေတယ်။ ခါတိုင်း အေးစက်မာကျောတဲ့ မျက်လုံးတွေဟာ တည်ငြိမ်နေပြီး မျက်တောင်လေးကို ဖြေးဖြေးချင်း ခတ်နေတာ။ တခါတခါ သူ့အကညြ့်တွေက အခန်းထောင့်ကို ရောက်ရောက်သွားတယ်။
( ဒီနေ့ မင်းကို အတန်းပိုင်ဆရာမ လာရှာတာ ဘာအတွက်လဲ?)
( မင်း ဆောင်းဦးလလည်ပွဲတော်နေ့မှာ ဘာလုပ်မလဲ?)
(.....)
နှစ်ယောက်သား မေးခွန်းကိုယ်စီ ပြိုင်တူမေးမိသွားကြတော့၊ လေထုက အနေရခက်စေတယ်။
GuHaiဟာ BaiLuoYinရဲ့အဖေကြို စောင့်နေရင်း သူ့ကိုုယ်တိုင်ကလည်း ဘယ်လိုပြန်ဖေရြမလဲလို့ စဉ်းစားနေတယ်။ အခုလိုမျိုး သူ့မျိုးရိုးအမှန်ကို ဖုံးကွယ်ထားတာ GuHai အပြစ်ရှိသလို ခံစားရတယ်။ သူ့အဖြစ်နဲ့ တထပ်တည်းတူနေတဲ့ စကားပုံတခုရှိတာက... မင်း တခါလိမ်လိုက်တာနဲ့ ဆက်လိမ်နေရတော့မှာပဲ တဲ့။ သူ စိုးရိမ်မိတာက တနေ့ကျရင် သူ့မှာ မဖုံးနိုုင်မဖိနိုင်ဘဲ BaiLuoYin သိသွားမှာကိုပါ။ အဲ့လိုနေ့ရောက်မှဆိုရင် အကျိုးဆက်ရလဒ်က ဒီထက်မက ပိုဆိုးသွားနိုင်တယ်။
ပြောလို့သာပြောရတယ်..GuHaiဟာလည်း တသက်လုံး ဖုံးကွယ်ထားဖို့ အစီအစဉ်မရှိပါဘူး။
သူက GuWeiTingကြီးဆီ ပြန်မသွားတောင်၊ သူပြန်လာအောင် နည်းအမျိုးမျိုးနဲ့ GuWeiTingကြီးက ပြန်ခေါ်ပါလိမ့်မယ်။ တောင့်မခံနိုုင်တဲ့အဆုံး GuHaiရဲ့သရုပ်မှန်ဟာလည်း ပေါ်သွားမှာပဲ။ အကယ်လို့ သူ အကြောတင်းတင်းနဲ့ ဆက်ငြင်းဆန်နေရင်လည်း သူ့သရုပ်မှန်ဟာ အနှေးနဲ့အမြန် ပေါ်မှာပဲဟာ။
ဒါ့ကြောင့် ဘယ်လမ်းကိုပဲ ရွေးရွေး၊ GuHaiတစ်ယောက်တော့ သေပြီဆရာပါပဲ။
သူ BaiLuoYinရဲ့ယုံကြည်မှုကိုု အရယူရမှာဖြစ်သလို BaiLuoYinနဲ့လည်း ခိုင်မာတဲ့ သူငယ်ချင်းသံယောဇဉ်ကို တည်ဆောက်ရဦးမှာမို့ BaiLuoYinကို နည်းနည်းချင်းဆီ အဖြစ်မှန်တွေ သူပြော ပြောသွားမှာပါ။
( ငါ့မိသားစုတွေက ဆောင်းဦးပွဲတော်ကို မလုပ်ကဘြူး။ မသကာ လမုန့်လေး ၂ကီလိုလောက် ဝယ်ရုံလောက်ပဲ)
BaiLuoYinဟာ လက်ကျန်လရောင်ရဲ့အကူနဲ့ GuHaiကို အကဲခတ်ကြည့်တယ်။ GuHaiဆီကနေ ထူးခြားတဲ့အငွေ့အသက်တမျိုးကို သူအာရုံခံမိတယ်။ GuHaiကြည့်ရတာ သာမာန်လူတန်းစားနဲ့ လုံးဝ မတူဘူး။
GuHaiဟာ ကိုယ်ကိုစောင်းအိပ်ပြီး လက်ကိုခေါင်းခုလို့ BaiLuoYinကို စိတ်ဝင်တစားကြည့်နေတယ်။
( မင်းကရော ဆောင်းဦးပွဲတော်မှာ မိသားစုတွေနဲ့ ဘာလုပ်မှာလဲ?)
BaiLuoYinက အသာလေး ရယ်လျက် ( လမုန့်ပဲ စားကမြှာလေ)
BaiLuoYin အပြုံးကိုကြည့်ပြီး ဒီကောင်လေး လမုန့်ကြိုက်လိမ့်မယ်လို့ GuHai ခန့်မှန်းမိတယ်။ ( ဘာအစာသွတ်ထားတဲ့ လမုန့့်ကို မင်းကြိုက်လဲ)
( ကြက်ဥ အလယ်ဆန်ပါတဲ့ လမုန့်)
( ကြက်ဥ အနှစ်ပါတဲ့လမုန့်ကို ကြိုက်ရတယ်လို့) GuHai ဝေခွဲမရဖြစ်သွားပြီး ( အဲ့ဒါက ချိုလည်းချိုသေး၊ ငန်လည်းငန်သေး၊ ပြီးတော့ စေးကပ်ကပ်နဲ့)
BaiLuoYinက GuHaiကို စိုက်ကြည့်လျက် မေးခွန်းပြန်ထုတ်တယ်။ ( မင်းကျတော့ရော? ဘယ်လိုလမုန့်မျိုးကြိုက်လဲ? ငါ့ကို ပြောကြည့်)
( ငါးအသား အစာသွတ်ထားတဲ့ဟာ)
( မင်းတို့မိသားစုတွေက ငါးအစာသွတ်လမုန့် စားတယ် ဟုတ်လား?) BaiLuoYin အသံထွက် မရယ်ဘဲ မနေနိုင်ဘူး။ ( သိုးလေး အစာသွတ်ရော မကြိုက်ဘူးလား?)
( ဟင့်အင်..အဲ့ဒါက ညှီတယ်)
BaiLuoYin မအောင့်နိုင်ဘဲ တဟားဟားနဲ့ အော်ရယ်မိတယ်။ လရောင်ကလည်း သူ့မျက်နှာပေါ် လင်းလို့ လက်လို့။ ဒီမြင်ကွင်းက လူကို ရစ်မူးစေပါတယ်။
( ဟေ့ BaiLuoYin)
( ပြော??) BaiLuoYin ခေါင်းကိုစောင်းပြီး GuHaiကို ကြည့်တယ်။
( တကယ်တမ်းက ငါက ဒီလိုမျိုး မဟုတ်ဘူး)
BaiLuoYinဟာ အမူအရာကင်းမဲ့တဲ့ မျက်နှာဘေးနဲ့ မေးတာက( ဒါဖြင့် မင်းက ဘယ်လိုမျိုးလဲ?)
( ငါက ရိုးရိုးသားသားနဲ့ အနေတည်တံ့တဲ့လူ)
ဒါဟာလည်း "မင်းနဲ့မတွေ့ခင်တုန်းကပါ"လို့ ထည့်ပြောဖို့ GuHai မေ့သွားတယ်။
( GuHaiရာ ဒီလိုအဓိပ္ပာယ်မရှိတဲ့စကားတွေ မပြောစမ်းပါနဲ့။ မင်းက မိန်းကလေးတစ်ယောက်ပါလို့ ပြောရင်တောင် ယုံလိုက်ဦးမယ်)
(....)
တအောင့်လောက်ကြာတော့ အစောပိုင်းကပြောခဲ့တာကို သူ အစာခေပြစ်လိုက်တယ်။ BaiLuoYin မျက်နှာ ဟိုဖက်လှည့်သွားတာ သူတွေ့တော့၊ GuHai စဉ်းစားတာက၊ ဒီကောင်လေးကို ဒီလိုလွယ်လွယ်နဲ့ အိပ်ခိုင်းလို့ ဘယ်ဖြစ်မလဲ၊ နောက်ပြီး အရေးကြီးဆုံးမေးခွန်းကိုလည်း သူအဖေရြသေးဘဲနဲ့လေ။
( ဒီနေ့ မင်းကို အတန်းပိုင်ဆရာမ ခေါ်တွေ့တာ ဘာကိစ္စလဲလို့?)
BaiLuoYin ကိုယ်ကိုလှည့်ပြီး ပြောလိုက်တာက ( မင်း ဒီမှာ ညလာအိပ်တာ ဒီမေးခွန်းမေးဖို့လို့တော့ ငါ့လာမပြောနဲ့ )
( ဘယ်ဟုုတ်ပါ့မလဲ၊ မင်းစိတ်ထဲ ခံစားချက်တွေ မျိုသိပ်ထားမှာစိုးလို့ ငါက)
BaiLuoYin စိတ်ထဲ ထူးထူးဆန်းဆန်းကြီး ခံစားရတယ်။ GuHaiရဲ့ဂရုစိုက်မှုကို သူ သံသယဖြစ်မိပါတယ်။ ဘဝနဲ့ချီလောက်အောင် အငြိုးအတေးဆန်တဲ့ နောက်ပြောင်မှုတွေလည်း သူလုပ်ခဲ့ဖူးသားပဲ။ ဒါပေမယ့် ဒီလိုလူက အရင်ဘဝက သူ့အပေါ် အကြွေးတင်နေသလိုမျိုး ကြင်ကြင်နာနာ ဆက်ဆံလာတဲ့အခါကျ အဖြစ်အပျက်တွေက ရှေ့နောက်မညီသလို ခံစားရတယ်။
ဒီနေ့က သာဓကပါပဲ။ BaiLuoYin သူ့့ကိုယ်သူ ဖုံးနိုင်လှပြီထင်နေတာ၊ သူ့အဖေ BaiHanQiတောင် မရိပ်မိတာကို အခု GuHai က သူ့ရင်ထဲကို ထိုးဖောက်မြင်နိုင်ခဲ့တယ်။
တခါတခါ GuHaiဟာ ငကြောင်လို့ BaiLuoYin ထင်မိပေမယ့်၊ သူနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အခါ အဲ့ဒီငကြောင်ဟာ ဆန်းကြယ်စွာ ယုံကြည်စရာကောင်းနေပြန်ပါတယ်။ ဟိုးအရင်ည BaiLuoYin အရက်မူးနေတုန်း ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရတဲ့ ကိစ္စအကြောင်းပြောရင်၊ တိုက်ဆိုင်မှုတခုလို့ ထင်ရပေမယ့် သူ့ရင်ထဲကတော့ ဒါဟာ အမှန်တရားတခုမှန်း သိနေပါတယ်။
သူအရင်က GuHaiကို သံသယတွေ ဝင်ခဲ့မိပေမယ့်၊ အခုချိန်မှာတော့ ဒါတွေ အရေးမပါတော့ပါဘူး။ သူလိုချင်တဲ့အရာကတော့ ရင်းနှီးကျွမ်းဝင်ပြီး နားလည်မှုရှိတဲ့ မိတ်ဆွေတစ်ယောက်သာ။
( အရင်က မင်းကိုပြောဖူးပါတယ်။ ငါ့အမေ နောက်ယောက်ျားယူသွားပြီဆိုတာလေ)
GuHai ခေါင်းညိတ်ပရြင်း ( အင်း၊ မင်း အရင်က ပြောဖူးတယ်)
BaiLuoYin မေးခွန်းထုတ်လိုက်တယ်။ ( ငါ အမေ့ကို လိုက်လျောသင့်တယ်လို့ မင်းထင်လား)
ယုံမှားစရာ မရှိဘူး ငါတို့က ဘဝတူတွေပဲ!.....GuHai တိတ်တိတ်ကလေး တွေးမိတယ်။ ငါတို့နှစ်ယောက်စလုံး တူညီတဲ့ပြဿနာတွေရှိတာမို့ နှစ်ယောက်သား အချင်းချင်း ရိုင်းပင့်သင့်တယ်လို့လည်း သူတွေးထားသေးတယ်။
( ငါ စိတ်ထဲ ဘဝင်မကျဆုံးကတော့ အဲ့ဒီဘိုးတော်ရဲ့လေသံပဲ။ သူ့သားကို ငါနဲ့နှိုင်းနေတာကွာ။ သူ့သားကို ချီးမွှမ်းခန်းဖွင့်နေတာ အတောမသတ်နိုင်ဘူး။ ပြီးတော့ ငါ့ကို အမြင်ကျဉ်းတယ်ပြောသေးတာ။ မင်း သိလား? အဲ့လိုလူတွေကို ငါ သိပ်ချဉ်တာပဲ။ ပြောလိုက်ရင် လေသံက အထက်စီးနဲ့.. တစ်လောကလုံးကို သူတင်ကျွေးထားလို့ သူ့အမိန့်တွေ သဇြာတွေ နာခံရမယ်ဆိုတဲ့ လေသံနဲ့ လာပြောနေတယ်)
သေစမ်းပါတော့့...GuHai အိပ်ယာခင်းကို လက်နဲ့တင်းတင်းဆုပ်လိုက်မိတယ်။ ဒီစကားလုံးက သူ့ရင်ရဲ့အလယ်ဗဟိုချက်ကို ထိမှန်သွားတာတော့ အမှန်ပဲ။
( ငါလည်း အဲ့လိုလူစားတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတာပဲကွ။ အဲ့ဒီဘိုးတော်ကို မင်း သောက်ရေးလုပ်မနေနဲ့)
BaiLuoYin အသံက ခြောက်ကပ်ကပ်နဲ့( အဲ့ဒီလူကြီး စကားပြောပုံကိုပဲ ငါက မကြိုက်တာပါ)
( မင်း အဲ့လောက် စိတ်ထဲခိုးလိုးခုလုဖြစ်နေရင်လည်း၊ အဲ့လူကြီးကို ဆဲကွာ။ သူ့သား ကားတိုက်ခံရပြီး မနက်ဖြန် ထော့ကျိုးဖြစ်နေပါစေလို့ ကျိန်ဆဲလိုက်)
နောက် ဝုန်းဆိုတဲ့ အသံကြီးကို ကြားလိုက်ရတယ်။ နံရံကနေ ပစ္စည်းတခု ပြုတ်ကျလာပြီး GuHaiရဲ့ခြေထောက်ပေါ် တည့်တည့်ကျသွားတာ။
( အမယ်လေးဗျ၊ ဘာဖြစ်တာတုန်း?)
BaiLuoYin မီးအိမ်ကို ခက်သွက်သွက် ဖွင့်လိုက်တယ်။
နှစ်ပေါင်း၃၀လောက်ရှိပြီ..နံရံမှာချိတ်ထားတဲ့ တိုင်ကပ််နာရီအဟောင်းကြီးဟာ ဒီနေ့မှ အကြောင်းအရင်းမရှိ ပြုတ်ကျလာတာဖြစ်တယ်။ ရုတ်တရက်ကြီး GuHaiရဲ့ ခြေထောက်ပေါ်ကို အညှာအတာကင်းမဲ့စွာ တည့်တည့်ကြီးကျလာတာ။ GuHaiရဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့် တော်သေးတယ် ဆိုရမယ်။ ၃၅ပေါင်လောက်လေးတဲ့ နာရီကြီး ခြေထောက်ပေါ်ကျရင်တော့ အခြားသူသာဆို ခြေထောက်အကျိုးပဲ။
GuHai မျက်မှောင်ကြုတ်လျက်( မင်း တမင်များလုပ်ထားတာလား? ငါ ဒီမှာအိပ်မယ့်ညမှ ဒါကြီးက ဘာလို့ ပြုတ်ကျလာရတာတုန်း?)
BaiLuoYin ပါးစပ်မပိတ်တန်း အူနာအောင်ရယ်နေတယ်။ ဗိုလ်ချုပ်ရော၊ ပထွေးရော၊ ဘာရော၊ ညာရော...သွားလေတော့ လဟယ်ပဲ။ ကံဆိုးသူ GuHaiလောက်တော့ သူ့ဒုက္ခက မပြောပလောက်ဘူးလို့ BaiLuoYin နှလုံးသွင်းမိတယ်။
ပြောကြည့်ကြည့်လေ၊ နှစ်၃၀လောက် သူဟာသူနေတဲ့ နာရီကြီးက မထင်မှတ်ဘဲ GuHaiအပေါ်မှ တည့်တည့်ကြီးကျလာတာ ဘာ့ကြောင့်များ ဖြစ်လိမ့်မလဲလို့?End of Chapter 50
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...