Chapter 85- အစ်ကိုကြီးလို့ ခေါ်စမ်း!
( မိသားစု ထမင်းလက်ဆုံစားချင်နေတာ ကြာလှပြီ။ ဒါပေမယ့် အန်တီနဲ့ မင်းအဖေက ဒီကိစ္စကို အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်တော့ တစ်ယောက်နဲ့တစ်ယောက် အရင်ဆုံး ရင်းနှီးအောင် လုပ်ဖို့က ပိုအရေးကြီးတယ်လို့ တွက်မိတာနဲ့၊ အခုမှပဲ မိသားစု ထမင်းလက်ဆုံ စားရတော့တယ် )JiangYuanက GuWeiTingကို ကြည့်ရင်း ပြုံးနေတယ်။ ( ကျွန်မတို့ သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးစရာ မလိုတော့ဘူးလားဟင်?)
( မလိုတော့ဘူး။ နှစ်ယောက်စလုံးက အချင်းချင်း သိနေကြပြီးသား။ ထမင်းစားရင်း စကားစမြည် ပြောကတြာပေါ့)
GuHaiနဲ့ BaiLuoYinနဲ့က စားပွဲရဲ့တဖက်မှာ ထိုင်ပြီး JiangYuanနဲ့ GuWeiTingတို့က အခြားတဖက်မှာ ထိုင်တယ်။
အဲ့ဒိနောက် GuWeiTingက ချဉ်ဖက်ဟင်းကို BaiLuoYinရဲ့ပန်းကန်ထဲ ထည့်ပေးတယ်။
စက္ကန့်လေးတောင် မခြားဘဲ BaiLuoYinပန်းကန်ထဲက ချဉ်ဖက်ဟင်းကို GuHai နှိုက်ယူသွားတယ်။
GuWeiTingရဲ့လေသံက မာဆတ်ဆတ်နိုင်နေတယ်။ ( ဟင်းပန်းကန်ထဲမှာ ဒီလောက် ချဉ်ဖက်ဟင်းတွေ အများကြီးရှိသေးတာကို၊ မင်းက ဘာကိစ္စနဲ့ LuoYinရဲ့ပန်းကန်ထဲကဟာကို သွားယူရတာလဲ?)
( သူမှ အဲ့ဒါမကြိုက်တာ!) GuHaiကတော့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ ( ချဉ်ဖက်ဟင်း စားမိရင်၊ သူ ဝမ်းလျှောလိမ့်မယ်)
JiangYuanက အသံလေးထွက်အောင် အားရဝမ်းသာနဲ့ ရယ်မောရင်း ( ဒီကလေးတွေကို ကြည့်ပါဦး၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ့်ကို သင့်မြတ်တာပဲ။ အော် ဟုတ်သားပဲ၊ မေးမယ် မေးမယ်နဲ့ မမေးဖြစ်လို့။ ရှောင်ဟိုင်က ဘယ်လမှာ မွေးတာလဲ? နှစ်ယောက်စလုံးက တစ်နှစ်တည်းမွေးတာဆိုပေမယ့် မွေးလတော့ ဘယ်တူပါ့မလဲ နော်? ဘယ်သူက အစ်ကိုကြီးလဲ ဘယ်သူက ညီလေးလဲပေါ့)
ဒီလိုအကြောင်းအရာတွေကို ကြားတော့ နှစ်ယောက်သား ထမင်းတောင် မြိုမကျတော့သလိုပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့စွာနဲ့ သူ့ထက် ကိုယ်က လပိုင်းငယ်မှာကို စိုးရိမ်နေကတြယ်။
JianYuanက အရင်စပြောလာတယ်။ ( LuoYinက တရုတ်ခုနှစ်ရဲ့ မေလမှာ မွေးတာလေ။ ရှောင်ဟိုင်ကရော?)
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...