Chapter 132- လူပျိုပေါက်ကို ခြေချုပ်ထားလို့ မရ
လ တစ်ဝက်ကျိုးခါနီးဖြစ်သလို တစ်ချိန်က ငြိမ်းချမ်းခဲ့တဲ့ လမ်းတွေဟာ နောက်ဆုံးတော့ ဆူညံသံတွေ စိတ်လှုပ်ရှားမှုတွေနဲ့ စတင် ပျားပန်းခတ် သွားလာလှုပ်ရှားနေကြပြီ။ မနက်စောစော နေထွက်လာတာနဲ့ Bai Luoyin နဲ့ Yang Meng တို့ဟာ ရိုးရာ အသွင်အပြင်ဖြစ်တဲ့ သမုဒ္ဒရာ တန်ဆာဆင်ယင်မှုတွေ၊ တရုတ် မီးပုံးတွေနဲ့ အပြည့် အလှဆင်ထားတဲ့ ပင်မလမ်းရဲ့ ဝင်ပေါက်ကို အပြေးအလွှားသွားကြတယ်။ သူတို့ လျှောက်ပြီး လမ်းသလားနေရင်း အသက်ဝင်လှတဲ့ ရှုခင်းတွေက သူတို့ရဲ့ မျက်စိပဒဿကို ဖမ်းစားထားကြတယ်။ တရုတ်ရိုးရာ အော်ပရာတွေ၊ မျက်လှည့်ပြပွဲတွေနဲ့ ဆပ်ကပ်ပွဲတွေကနေ ဖျော်ဖြေမှုတွေတင်မကပဲ ခေတ်ဟောင်းပေကျင်း ပျံကျဈေးသည်တွေ၊ ကျယ်လောင်တဲ့ လော်စပီကာသံ၊ ကုန်ပစ္စည်းကြော်ငြာသံတွေကိုပါ သူတို့ ကြုံတွေ့ခံစားခဲ့ရတယ်။
ရဲရဲတောက်နေတဲ့ နေမင်းကြီးက မြင့်တက်လာပြီး တစ်လမ်းလုံးကို အတောက်ပဆုံး လွှမ်းခြုံလိုက်တဲ့အခါ သူတို့ရောင်းရင်း၂ယောက်လည်း လူအုပ်ကြီးထဲ ဝင်လိုက်ပြီး ခမ်းနားကြီးကျယ်စွာ တစ်လမ်းလုံးကို လှည့်လည်ပြသနေတဲ့ ခြင်္သေ့နဲ့ နဂါးအကပွဲကို ပျော်ပျော်ရွှင်ရွှင်ကြည့်ရင်း လက်ခုပ်ဩဘာပေးခဲ့ကြတယ်။
သူတို့ရှေ့မှာ ခင်းကျင်းထားတဲ့ အဆုံးမရှိ သားရည်ယိုစရာ စားကောင်းသောက်ဖွယ်အခင်းအကျင်းက သူတို့မျက်လုံးတွေကို ဖမ်းစားထားတယ်။ ဒီ ပြပွဲကတော့ သူတို့ရဲ့ ဆာလောင်နေတဲ့ မျက်လုံးတွေအတွက် စားသောက်ပွဲကြီးပါပဲ။ အဲ့တာကြောင့်ပဲ Bai Luoyin နဲ့ Yang Meng ဟာ သူတို့ရဲ့ အစာအိမ်ကိုဆက်ပြီး ဝေဒနာခံစားခွင့် မပေးနိုင်တော့ပါဘူး။ ဒါကြောင့် သူတို့ရဲ့ ဆာလောင်မှုကို ကုသဖို့အတွက် လမ်းတစ်လျှောက်အေးအေးလူလူလျှောက်ရင်း ဗိုက်မပြည့်မချင်း စိတ်ကျေနပ်တဲ့အထိ များနိုင်သမျှ များများ စမ်းစားကြည့်ပါတော့တယ်။
( ဟေး ဟိုနားက မီးပုံးတွေမှာ ပဟေဠိတွေရှိတယ်။ တကယ်လို့ မှန်အောင်ဖြေနိုင်ရင် ဆုကြေးရှိတယ်တဲ့ ) Yang Meng က စိတ်လှုပ်ရှားစွာနဲ့ ပြောတယ်။
YOU ARE READING
Are you addicted?Book-1 (Myanmar Translation )
Romanceထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖက်တွေဖြစ်ပေမယ့်၊ အဖြစ်မှန်ကို မသိပါဘဲ သူငယ်ချင်းတွေ ဖြစ်သွားရာက သံယောဇဉ် တွယ်မိကာမှ အမှန်တရားဟာ ပေါ်ပေါက်လာခဲ့တယ်။ သူ့တို့ကိုယ်သူတို့ မိသားစ...