Chapter 102- မင်းက ဂေါက်ကြောင်လား?

2K 205 3
                                    

Chapter 102- မင်းက ဂေါက်ကြောင်လား?

GuHaiဟာ အိမ်တံခါးမကြီးကို ဖွင့်ပြီးတဲ့နောက်  တမင်တကာ အသံမြည်အောင် ဝုန်းခနဲဆောင့်ပိတ်သွားတယ်။

တံခါးပိတ်သံကို BaiLuoYin ကြားတော့ သူတွေးမိတာက * သူ တကယ်ကြီးအောက်ထပ်ဆင်းသွားတာလား? မဖြစ်နိုငတာ။ သူ ဒီလောက်တော့ မတုံးပါဘူး!* BaiLuoYin စိတ်ပူလို့ အခန်းတံခါးဆီ ခြေဖော့သွားပြီး မျက်နှာကို တံခါးနဲ့ကပ်ကာ အပြင်က အသံဗလံကို နားစွင့်ကညြ့်တယ်။ ၅မိနစ်လောက်အထိ ဘာဆို ဘာအသံမှ အပြင်ကမကြားရ။ BaiLuoYinဟာ မယုံသင်္ကာခြင်း အပြည့်နဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ ပတြင်းပေါက်နားသွားပြီးလည်း အောက်ထပ်ကို ခေါင်းငုံ့ကြည့်လိုက်တယ်။

သူ ဘာမှမမြင်ရဘူး။

လမ်းမကြီးပေါ်မှာ တရွေ့ရွေ့သွားနေကတြဲ့ ကားတွေနဲ့ လှုပ်လီလှုပ်လဲ့ဖြစ်နေတဲ့ ဦးခေါင်းတွေပဲ တွေ့ရတယ်။ အကယ်လို့ GuHai အပြင်ကနေ တွယ်တက်လာတယ်ဆို၊ သူ မြင်ရမှာပေါ့။ အခုက ဘယ်သူမှရှိမနေဘူး။

နောက်ထပ်၅မိနစ် စွန်းသွားခဲ့ပြီ။ GuHaiရဲ့ ဖုန်းမြည်သံကို အပြင်ဘက်က ကြားရတယ်။

ဒီအချက်ကြောင့် BaiLuoYin ပိုပြီး စိတ်တွေပူလာတယ်။ အခန်းအပြင်ဘက်မှာ ဘယ်သူမှမရှိဘူးပဲ။

သူ တကယ်ကြီး အောက်ဆင်းသွားတာများလား?

တံခါးနောက်ကနေ ငါ့ကိုချုံခိုတိုက်ဖို့တော့ သူစီစဉ်ထားတာများ ဖြစ််နေမလား?

သေချာအောင်လို့ BaiLuoYinဟာ အခန်းထဲမှာတင် ပြန်ထိုင်နေကာ ခဏလောက် စောင့်ကြည့်နေလိုက်တယ်။

ရုတ်တရက်ဆိုသလို လူနာတင်ကားက ဥသသြံကို ကြားလာရတယ်။ ဒီတော့ BaiLuoYin စိတ်ပူပြီလေ။ အသံနားထောင်ကြည့်တာတော့ အောက်ထပ်ကလာတဲ့အသံပဲ။

ဖွဲ့ဟဲ့.... သူ ပြုတ်ကျတာ မဖြစ်ပါစေနဲ့။

BaiLuoYin ထပ်မစောင့်နိုင်တော့ဘဲ တံခါးလက်ကိုင်ဘုကို ဆွဲဖွင့်ပြီး၊ အခန်းအပြင်ကို ခေါင်းပြူပြီး ဘေးဘီကိုကြည့်တယ်။ ဘယ်သူမှ ရှိမနေဘူး။ သူ ဖိနပ်လဲမလို့ လုပ်နေတုန်း၊ သူ့ဟန်းဖုန်းက ရုတ်တရက် ထမြည်လာတယ်။ ဒီတော့ သူ့ရင်တွေ ထိတ်သွားတယ်။ လွဲပါစေ ဖယ်ပါစေ... GuHaiက ကယ်ပါဦးလို့ အကူအညီတောင်းတာများလား? ဒါမှမဟုတ်... ဆေးရုံက ဆက်တဲ့ဖုန်းများလား?

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now