Chapter 133- ငြိမ်းချမ်းစွာ အိပ်လို့ပျော်တဲ့ည

4.3K 221 36
                                    

Chapter 133- ငြိမ်းချမ်းစွာ အိပ်လို့ပျော်တဲ့ည

သူတို့ အခန်းထဲက အမှိုက်တွေကို ရှင်းပြီးတော့ ကောက်ညှင်းလုံးနဲ့ ဟင်းချိုကို စားကြတယ်။ နောက် ရေမိုးချိုးလို့ပြီးမှ အိပ်ယာထဲ ဝင်လှဲကြတယ်။ အဲ့အချိန်မှာ သန်းခေါင်ယံတောင် ကျော်နေပြီ။

Gu Hai တစ်ယောက် စိတ်ထဲမှာ ကျလိကျလိဖြစ်နေတဲ့ စိတ်လှုပ်ရှားမှုကို ဆက်မထိန်းနိုင်တော့ဘဲ တိတ်ဆိတ်နေတဲ့အခန်းထဲမှာ သူ အသံပြုလာတယ်။

" နောက်တစ်နှစ် ကုန်သွားပြန်ပြီ။ အချိန်တွေကုန်တာ တကယ်မြန်တာပဲ ''

သူ့ဘေးမှာ အိပ်နေတဲ့ Bai Luoyinဟာ ခေါင်းအုံးပေါ် မေးတင်ထားလျက် သက်သောင့်သက်သာ အနားယူနေတယ်။ သူ့ရဲ့ စိမ်းပြာရောင်မျက်ဝန်းတွေက အူရွှင်နေတဲ့စိတ်ကြောင့် ခပ်မှေးမှေးဖြစ်နေပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ ငြိမ်းချမ်းမှုကို ခံစားနေတဲ့ပုံပဲ။

သူတို့ နှစ်ယောက်တည်းသာရှိတဲ့ အခန်းမို့ တစ်ယောက်ရဲ့မျက်နှာကို တစ်ယောက်က မြင်နေရပြီး တစ်ယောက်အသံကို တစ်ယောက်က ကြားနေရတယ်။ အပြင်မှာ ဖြစ်ပျက်နေသမျှက သူတို့နဲ့မဆိုင်သလို ဒီနေရာလေးက သူတို့နှစ်ဦးစလုံးကို လုံလုံခြုံခြုံနဲ့ အတူတူရှိနေစေတယ်။ ဒီနေရာ ... ဒီအချိန်လေးမှာပေါ့။

Gu Haiဟာ သူ့လက်ကို Bai Luoyin ရဲ့ လည်ပင်းပေါ်တင်ရင်း သူ့လက်ဖဝါးအောက်က အားမာန်အပြည့်နဲ့ တဒုတ်ဒုတ်ခုန်နေတဲ့ သွေးကြောလေးကို ခံစားနေတယ်။ ထိုအချိန်၊ အမည်မသိတဲ့ တည်ငြိမ်အေးချမ်းမှုတမျိုးက သူ့နှလုံးသားထဲကို စီးဆင်းသွားပြီး အားဖြည့်ပေးနေတယ်။

ရက်ပေါင်းများစွာ ဆေးဖြတ်ထားတဲ့ ဒဏ်ကို ကြံ့ကြံ့ခံနေရတဲ့ ဆေးသမားတစ်ယောက်က နောက်ဆုံးမှာ သူ့ သွေးကြောတွေထဲက စွဲလမ်းမှုကို ခံနိုင်ရည်ရှိသွားသလိုမျိုး စစ်မှန်တဲ့ ဝမ်းသာပီတိဖြစ်ခြင်းပါပဲ။ ဆေးရှိန်က ခန္ဓာကိုယ်တစ်ခုလုံးကို မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားပြီး အရိုးထဲစိမ့်အောင် အက်ကြောင်းတွေချန်ထားခဲ့သလိုပဲ။

Bai Luoyin သူ့မျက်လုံးတွေကို မှေးလိုက်ပြီး Gu Hai ကို အထက်အောက် ဖျတ်ခနဲကြည့်လိုက်တယ်။

Are you addicted?Book-1 (Myanmar Translation )Where stories live. Discover now